တောထဲမှာပဲ စာသင်ရင်း ဘဝတွေကို ခက်ခဲစွာ ဖြတ်သန်းနေရတဲ့ ကလေးငယ်တွေနဲ့ ကယားပြည်နယ် စစ်ဘေးရှောင်တွေရဲ့ ရင်နင့်စရာဖြစ်ရပ်များ

တောထဲမှာပဲ စာသင်ရင်း ဘဝတွေကို ခက်ခဲစွာ ဖြတ်သန်းနေရတဲ့ ကလေးငယ်တွေနဲ့ ကယားပြည်နယ် စစ်ဘေးရှောင်တွေရဲ့ ရင်နင့်စရာဖြစ်ရပ်များ

အခုလက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား နယ်မြို့လေးတွေမှာ စစ်ဘေးဒဏ်ကို အတော်လေး

ခံစားနေကြရတာဖြစ်ပါတယ်။

ပြင်းထန်လာတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရပြီး တောတောင်တွေထဲက

စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရတာပါ ။ စစ်ဘေးရှောင် ပြည်သူအရေအတွက်တွေလည်း များလာကာ တစ်နေ့တခြား

ထောင်နဲ့သောင်းနဲ့ချီပြီး လွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ် ။

ဒီလိုစစ်ဘေးရှောင် ပြည်သူတွေထဲမှာ ကလေးငယ်လေးတွေ သက်ကြီးရွယ်အိုတွေ အများဆုံးတွေ့ရပြီး အသက်ဘေးက လွတ်မြောက်ရန်

ထွက်ပြေးတိမ်းရှောင်ကြရပေမယ့် အခက်အခဲတွေနဲ့လည်း အများဆုံးရင်ဆိုင်နေကြရပါတယ် ။ပြည်မက ပြည်သူတွေကလည်း ကိုယ်ချင်းစာနာကြလို့

လိုအပ်တာများ ပံ့ပိုးပေးကြပေမယ့် စစ်ဘေးရှောင်ပြည်သူတွေဆီ အဆင်ပြေပြေ ရောက်ရှိသွားတာတွေလည်းရှိသလို

လမ်းခရီးမှာ အာဏာရှင် လူတစ်စုရဲ့ ဖျက်ဆီးမှုတွေကြောင့် ပျက်စီးသွားရတဲ့ ဆေးဝါးတွေ ရိက္ခာတွေလည်း များစွာ ရှိနေခဲ့ပါတယ်

။ကယားပြည်နယ်မှာဆိုရင် အာဏာရှင်လူတစ်စုဖက်ကလည်း အင်အားတိုးချဲ့ကာ စစ်ဘေးရှောင်တွေရှိရာ နေရာတွေအထိ ပစ်ခတ်မှုတွေ

ပြုလုပ်နေတာကြောင့် ပုန်းခိုစရာ နေရာတွေလည်း နည်းပါလာခဲ့ပါတယ် ။

အခုလည်း ဒေသခံတွေ ကလေးငယ်လေးတွေခမျာ စစ်ဘေးရှောင်ရင်း တောထဲမှာပဲ စာသင်နေကြရတဲ့မြင်ကွင်းတွေ အသက်ကြီးနေချိန် နားနားနေနေ

နေထိုင်ရမယ့်အချိန်မှာ ပြေးလွှားရင်း အဆင်မပြေမှုတွေကို ရင်ဆိုင်နေရတဲ့ အဖိုးအဖွားတွေရဲ့ အဖြစ်တွေကို ပုံရိပ်တွေထဲမှာ

အထင်းသားတွေ့မြင်ရမှာပါ ။

ဒါ့အပြင် ကယားပြည်နယ်အတွင်းမှာပဲ ဒုက္ခသည်အရေအတွက် (၁၀၈၀၀၀)ကျော်ရှိသွားပြီလို့လည်းသိရပါတယ် ။

ပရိသတ်ကြီး အတွက် ကယားပြည်နယ်က စစ်ဘေးရှောင်တွေရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post

(ZAWGYI)

ေတာထဲမွာပဲ စာသင္ရင္း ဘဝေတြကို ခက္ခဲစြာ ျဖတ္သန္းေနရတဲ့ ကေလးငယ္ေတြနဲ႔ ကယားျပည္နယ္ စစ္ေဘးေရွာင္ေတြရဲ႕ ရင္နင့္စရာျဖစ္ရပ္မ်ား

အခုလက္ရွိျဖစ္ေပၚေနတဲ့ တိုက္ပြဲေတြေၾကာင့္ ျမန္မာႏိုင္ငံအတြင္းက တိုင္းရင္းသား နယ္ၿမိဳ႕ေလးေတြမွာ စစ္ေဘးဒဏ္ကို အေတာ္ေလး

ခံစားေနၾကရတာျဖစ္ပါတယ္။

ျပင္းထန္လာတဲ့ တိုက္ပြဲအေျခအေနေတြေၾကာင့္ ေနရပ္စြန႔္ခြာကာ ထြက္ေျပးတိမ္းေရွာင္ေနရၿပီး ေတာေတာင္ေတြထဲက

စစ္ေဘးေရွာင္စခန္းေတြမွာ ခိုလႈံေနၾကရတာပါ ။ စစ္ေဘးေရွာင္ ျပည္သူအေရအတြက္ေတြလည္း မ်ားလာကာ တစ္ေန႔တျခား

ေထာင္နဲ႔ေသာင္းနဲ႔ခ်ီၿပီး လြတ္ရာသို႔ ထြက္ေျပး တိမ္းေရွာင္ေနၾကရပါတယ္ ။


ဒီလိုစစ္ေဘးေရွာင္ ျပည္သူေတြထဲမွာ ကေလးငယ္ေလးေတြ သက္ႀကီး႐ြယ္အိုေတြ အမ်ားဆုံးေတြ႕ရၿပီး အသက္ေဘးက လြတ္ေျမာက္ရန္

ထြက္ေျပးတိမ္းေရွာင္ၾကရေပမယ့္ အခက္အခဲေတြနဲ႔လည္း အမ်ားဆုံးရင္ဆိုင္ေနၾကရပါတယ္ ။ျပည္မက ျပည္သူေတြကလည္း ကိုယ္ခ်င္းစာနာၾကလို႔

လိုအပ္တာမ်ား ပံ့ပိုးေပးၾကေပမယ့္ စစ္ေဘးေရွာင္ျပည္သူေတြဆီ အဆင္ေျပေျပ ေရာက္ရွိသြားတာေတြလည္းရွိသလို

လမ္းခရီးမွာ အာဏာရွင္ လူတစ္စုရဲ႕ ဖ်က္ဆီးမႈေတြေၾကာင့္ ပ်က္စီးသြားရတဲ့ ေဆးဝါးေတြ ရိကၡာေတြလည္း မ်ားစြာ ရွိေနခဲ့ပါတယ္

။ကယားျပည္နယ္မွာဆိုရင္ အာဏာရွင္လူတစ္စုဖက္ကလည္း အင္အားတိုးခ်ဲ႕ကာ စစ္ေဘးေရွာင္ေတြရွိရာ ေနရာေတြအထိ ပစ္ခတ္မႈေတြ

ျပဳလုပ္ေနတာေၾကာင့္ ပုန္းခိုစရာ ေနရာေတြလည္း နည္းပါလာခဲ့ပါတယ္ ။

အခုလည္း ေဒသခံေတြ ကေလးငယ္ေလးေတြခမ်ာ စစ္ေဘးေရွာင္ရင္း ေတာထဲမွာပဲ စာသင္ေနၾကရတဲ့ျမင္ကြင္းေတြ အသက္ႀကီးေနခ်ိန္ နားနားေနေန

ေနထိုင္ရမယ့္အခ်ိန္မွာ ေျပးလႊားရင္း အဆင္မေျပမႈေတြကို ရင္ဆိုင္ေနရတဲ့ အဖိုးအဖြားေတြရဲ႕ အျဖစ္ေတြကို ပုံရိပ္ေတြထဲမွာ

အထင္းသားေတြ႕ျမင္ရမွာပါ ။

ဒါ့အျပင္ ကယားျပည္နယ္အတြင္းမွာပဲ ဒုကၡသည္အေရအတြက္ (၁၀၈၀၀၀)ေက်ာ္ရွိသြားၿပီလို႔လည္းသိရပါတယ္ ။

ပရိသတ္ႀကီး အတြက္ ကယားျပည္နယ္က စစ္ေဘးေရွာင္ေတြရဲ႕ ပုံရိပ္ေတြကို ေဝမွ်ေပးလိုက္ပါတယ္ ။

အခုလိုအခ်ိန္ေပးၿပီး ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာ ေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Crd-Original Post