ဒေါ်အောင်ဆန်းစုကြည်ထံ အသုံးစရိတ် ပေးခွင့်မရ

ဒေါ်အောင်ဆန်းစုကြည်ထံ အသုံးစရိတ် ပေးခွင့်မရ

စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုရှေ့နေအဖွဲ့က နေ့စဥ်အသုံးစရိတ်အတွက်

ငွေကြေးကူညီရာမှာ ရဲကလက်မခံတဲ့အတွက် အခက်အခဲဖြ စ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းကဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခု

လေးလကျော်အတွင်းမှာနေ့စဉ်စားဝတ်နေရေးနဲ့ အသုံးစရိတ် ခက်ခဲ နေတဲ့အတွက် ကူညီပေးဖို့ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ ရုံးချိန်းမှာ

သူ့ရဲ့ ရှေ့နေအဖွဲ့ကို ပြောကြားခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတူနေထိုင်သူတွေရဲ့ နေ့စဉ်အသုံးစရိတ်အတွက် နေပြည်တော်မှာရှိတဲ့

ရှေ့နေအဖွဲ့က လွန်ခဲ့တဲ့သီတင်းပတ်က ရဲ တ ပ်ဖွဲ့ကတဆင့် ကျပ်ငွေ သိန်း ၅၀ ပေးခဲ့ပေမယ့် လ က်မခံခဲ့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ

ဦးခင်မောင်ဇော် က ပြောပါတယ်။ဆန်၊ ဆီ၊ ဆားတော့ ပို့ထားတယ်လေ၊ အဲဒါတွေက တော့ ပြန်မပေးဘူးဗျ၊ သို့သော် ဒေါ်အောင်ဆန်း စုကြည်

ကပြောတာ တချို့ပစ္စည်းတွေ၊တချို့အစားသောက်တွေက နည်းနည်းလေး မှိုတက်တာတွေ ဘာတွေရှိတယ်လို့ ပြောတယ်ဒုတိယနေ့က ပို့တော့လေ။

တွေ့တဲ့အခါတိုင်းတော့ အဆင်ပြေသလို ပို့ကြရမှာပေါ့နော်၊ ဒါပေမဲ့ ခုနကပြောသလို ငွေကြေးကတော့ မရသေးဘူး။

ဘယ်လိုပြောရမလဲ အရံ ဆောင်ထားဖို့ပို့တဲ့ ငွေ သိ န်းငါးဆယ်ကတော့ ရဲကလက်ခံထားပြီး ဟိုတစ်နေ့ က ပြန်ပေးလိုက်တယ်ဗျ၊

ဒုတိယရုံးချိန်းနေ့က ခဏသိမ်းထားပါဦး အထက်ကို တင်ပြပြီးတော့ ခွင့်ပြုမှပေးပါလို့ ပြောတယ်။

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post