မြန်မာတွေအတွက် အားတက်စေမယ့် အချက်

မြန်မာတွေအတွက် အားတက်စေမယ့် အချက်

U.S Army က အငြိမ်းစားပုဂ္ဂိုလ်တစ်ဦးရဲ့ ပြော ကြားချက်တွေထဲက အားတက်စေမယ့် အချက်တွေကို အားလုံးနဲ့ မျှဝေပေးချင်ပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအပေါ်သူ့ရဲ့အမြင် သူက American perspective က ကြည့်ပြီး နိုင်ငံတစ်ခုရဲ့အာဏာကို

တည်မြဲစေနိုင်တဲ့ DIME လို့အတိုခေါ်တဲ့ instruments (၄)ခုကနေ assess လုပ်သွားပါတယ်။ပထမတစ်ခုက D ဆိုတဲ့ Diplomatic ပါ။

နိုင်ငံတကာ ဆက်ဆံရေး၊ နဲ့ အသိအမှတ်ပြုခံရမှုတို့ ပါဝင်ပါတယ်။ ဒီအချက်မှာ ပြည်သူတွေနိုင်နေပါတယ်။ အကြမ်းဖက်အုပ်စုကို ခုချိန်ထိ ဘယ်နိုင်ငံကမှ အသိအမှတ်မပြုသေးပါဘူး။

နောက်တစ်ခုက I ဆိုတဲ့ Informational ပါ။ သတင်းအချက်အလက်နဲ့ နိုင်ငံတကာ မီဒီယာများရဲ့ ကြေညာချက်တို့ ပါဝင်ပါတယ်။

ဒီနေရာမှာ မီဒီယာအာဘော်တွေက ပြည်သူတွေဘက်မှာရှိနေလို့ ပြည်သူတွေနိုင်ပါတယ်။ သူတို့ရဲ့ media channel တွေ

အကုန်အပိတ်ခံထားရပါတယ်။ ပြီးတော့ သူတို့ပြောတာတွေလည်း ဘယ်သူမှ အယုံအကြည်မရှိပါဘူး။နောက်တစ်ခုက M ဆိုတဲ့ Military စစ်တပ်အင်

အားပါ။ ဒီနေရာမှာ တော့ လက်နက်အင်အားအရအကြမ်းဖက်စစ်အုပ်စုက အသာရ နေပါတယ်။နောက်ဆုံးတစ်ခု E ဆိုတာ

Economic စီးပွားရေးအထောက်အပံ့ပါ။ ဒီနေရာမှာတော့ သူက သရေပဲလို့သုံးသပ်ပါတယ်။ စစ်အုပ်စုမှာ ပိတ်ဆို့ခံထားရတဲ့ စီးပွားရေးအကြပ်အတည်းတွေ များနေတဲ့ အချိန်မှာ

ပြည်သူဖက်မှာ ကူညီပေးချင်တဲ့ နိုင်ငံတကာ အသိုင်းအဝန်းများစွာရှိနေပါတယ်။ဒါဆိုရင် လက်ရှိအခြေအနေတော်တော်ကောင်းပါတယ်။

တိုင်းပြည်အာဏာ ပြည်သူ့လက်ထဲပြန်ရောက်ဖို့လိုအပ်တဲ့ ၄ချက်မှာ ၂ချက်နိုင်၊ ၁ချက်သရေ ‌အခြေအနေပါ။

ဒါဆို ရှုံးနေတဲ့ တစ်ချက်အကြောင်းပြောပါမယ်။ စစ်တပ်အင်အား လက်နက်အင်အား မမျှတာကို နိုင်အောင် ဘယ်လိုတိုက်မလဲ?

Self-defense မိမိကိုယ်ကို ခုခံကာကွယ်ပါ။ဒီနေရာမှာ မိမိကိုယ်ကို ခုခံကာကွယ်ဖို့နည်းလမ်းများစွာသုံးလို့ရပါတယ်။ ဒါပေမယ့်

ကိုယ်ကစပြီး ပြစ်မှုမကျူးလွန်ဖို့ကိုတော့ သူက သတိပေးပါတယ်။ ပြည်သူ့ဖက်က လက်နက်နဲ့ ပြစ်မှုကျူးလွန်ရင် နိုင်ငံတကာအမြင်မှာ offence ဖြစ်နိုင်တဲ့အတွက် သတိထားရပါမယ်။

အကောင်းဆုံး နည်းလမ်းကတော့ disengagement ပါ။ အကြမ်းဖက်အုပ်စုနဲ့ ထိပ်တိုက်မတွေ့ပါနဲ့။ သူတို့ ဒီဖက်လာရင် ကိုယ်တွေနောက်တစ်နေရာမှာ ဆူပူ၊ သူတို့ဒီဖက်ကဝင်ရင် ကိုယ်တွေက ပြောက်ကျားအကွက်ရွှေ့ပါ။

သူတို့ကmovement တွေကိုမုန်းတဲ့အတွက် ချောင်ပိတ်ချ ချင်တဲ့သူတွေ ဖြစ်ပါတယ်။ ချောင်ပိတ်မခံပါနဲ့။ ရှောင်ပါ။ရှေ့တန်းထွက်မှ တိုက်။
အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post