မကွယ်လွန်ခင်ရက်ပိုင်းအလိုက သူခံစားနေရတဲ့ရောဂါဝေဒနာတွေကိုနောက်ဆုံးအနေနဲ့ပရိတ်သတ်တွေကိုရင်ဖွင့်ပြောပြသွားခဲ့တဲ့ သရုပ်ဆောင်ကိုအောင်မိုး

မကွယ်လွန်ခင်ရက်ပိုင်းအလိုက သူခံစားနေရတဲ့ရောဂါဝေဒနာတွေကိုနောက်ဆုံးအနေနဲ့ပရိတ်သတ်တွေကိုရင်ဖွင့်ပြောပြသွားခဲ့တဲ့ သရုပ်ဆောင်ကိုအောင်မိုး

ပရိတ်သတ်ကြီးရေ…အနုပညာလောကမှာဇာတ်ကားပေါင်းများစွာရိုက်ကူးရင်း နေရာတစ်နေရာရရှိထားတဲ့ ရုပ်ရှင်သရုပ်ဆောင်ကိုအောင်မိုးဟာဆိုရင်

သရုပ်ဆောင်ပိုင်းမှာကျွမ်းကျင်ပိုင်နိုင်စွာတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်..။ ကိုအောင်မိုးကတော့ မနေ့ကပဲ ဘဝတစ်ပါးပြောင်းသွားပြီဖြစ်ကြောင်း

သိရပါတယ်။

ဦးအောင်မိုးက ဇွန်လ (၁၈)ရက်နေ့၊ (၁၅း၃၅) မိနစ်အချိန်တွင် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ် ။ အသက် (၅၀)အရွယ်ရှိပြီဖြစ်တဲ့

ဆီးချိုရောဂါ၊နှလုံးရောဂါတွေနဲ့ သေဆုံးသွားရတာဖြစ်ကြောင်း သရုပ်ဆောင်ဦးဝင်းမြိုင်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ထားတာ တွေ့ရပါတယ်။

ဇွန်လ (၁၀) ရက်နေ့တုန်းကလည်း သရုပ်ဆောင်ဦးအောင်မိုးက သူနေမကောင်းဖြစ်နေတဲ့အကြောင်းကို ပရိသတ်တွေဆီ အသိပေးခဲ့တာ ဖြစ်ပါတယ်။

ဦးအောင်မိုးက သူခံစားနေရတဲ့ ဝေဒနာတွေကို ပြောပြရင်း မနက်ကျရင် ဆေးရုံတက်ရတော့မှာဖြစ်ကြောင်း ပြောထားတာ ဖြစ်ပါတယ် ။

ဒီစာကတော့ ဦးအောင်မိုးအနေနဲ့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ နောက်ဆုံးမျှဝေသွားခဲ့တဲ့ စာလေးပဲ ဖြစ်ပါတယ် ။

ဒီစာလေးကိုဖတ်ရင်း သူ့ရဲ့ပရိသတ်တွေကလည်း အခုဆိုရင် အရမ်းစိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။ စာထဲမှာတော့ ဦးအောင်မိုးက

“ငါ့အဖြစ်ကဆိုးပါတယ် ချောင်းတွေအရမ်းဆိုးတာ ရင်ဘတ်တွေ ကျောတွေအောင့်ပြီး အိပ်မရလှဲမရနဲ့ ဒီညကို ဘလိုဖြတ်သန်းရမှာလဲ ” ဆိုပြီး

ပြောခဲ့တာ ဖြစ်ပါတယ် ။

ကွယ်လွန်သူ ဦးအောင်မိုးတစ်ယောက် ကောင်းရာမွန်ရာဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလိုဆုတောင်းပေးလိုက်ပါတယ်နော်။

Source & Photo Credit-Win Myaing’s FB Acc & Aung Moe’s FB Acc

Credit ; MMLoad

(ZAWGYI)












ပြောခဲ့တာ ဖြစ်ပါတယ် ။




Credit ; MMLoad