ဒေါက်တာ တေဇာဆန်း ပြောပြတဲ့ ပန်းသပိတ်ရဲ့ အဓိပ္ပာယ်

ဒေါက်တာ တေဇာဆန်း ပြောပြတဲ့ ပန်းသပိတ်ရဲ့ အဓိပ္ပာယ်
#၁၉ဇွန်_ပန်းသပိတ်

#တော်လှန်ပန်းတွေ_အကုန်ပွင့်လန်းကြသည့်၁၉ဇွန်

#ဗေဒါပျံအံကိုခဲ_ပန်းပန်လျက်ပဲ

အဓမ္မဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများအားလုံးကိုလေးစား၊ ဦးညွတ်၊ဂုဏ်ပြုပါ၏။လက်ရှိအဓမ္မဖမ်းဆီးခံထားရတဲ့အသက်(၇၆)နှစ်ပြည့်မွေးနေ့ရှင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ

ဖမ်းဆီးခံခေါင်းဆောင်များ၊ရဟန်းရှင်လူကျောင်းသားပြည်သူများ ပေါင်းထောင်နဲ့ချီတဲ့နိုင်ငံရေးအကျဉ်းသားများကိုဂုဏ်ပြုလေးစား၊ အသိအမှတ်ပြု၊အောက်မေ့သောအားဖြင့်ကျွန်တော်တို့ပြည်သူလူထုအားလုံးကယနေ့မှာပန်းသပိတ်လှုပ်ရှားမှုဆင်နွှဲနေကြပါတယ်။

ဒီပန်းသပိတ်ရဲ့အဓိပ္ပာယ်ကကျနော်တို့လူထုကဒီစစ်အာဏာရူးတွေရဲ့ ရက်စက်ယုတ်မာအကြမ်းဖက်မှုတွေကြောင့်ကြောက်ရွံ့၊သွေးပျက်၊ ချောက်ခြားပြီးတော်လှန်ရေးကိုနောက်ဆုတ်သွားမှာမဟုတ်ဘူး၊ဇွဲလျော့သွားမှာမဟုတ်ဘူး၊သွေးအေးသွားမှာမဟုတ်ဘူး။

ကျနော်တို့ဟာအာဏာရူးတွေကိုဆက်လက်ပြီးတော့အစွန်းကုန် ရင်ဆိုင်တိုက်ပွဲဝင်သွားကြမှာဖြစ်တယ်၊ကြောက်သွားမှာမဟုတ်ဘူး၊ ကျနော်တို့ပြည်သူတွေဟာဘယ်လောက်ပဲဒုက္ခဆင်းရဲမျိုးစုံကိုခံနေရပါစေ၊

အာဏာရူးကိုမောင်းထုတ်ဖို့အတွက်ဆိုကြံ့ကြံ့ခံလျက်ပဲ၊ပန်းပန်လျက်ပဲဆိုတာကိုဖော်ညွှန်းခြင်းပဲဖြစ်ပါတယ်။နောက်ထပ်အဓိပ္ပာယ်တစ်ခုကတော့ဇွန်၁၉မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကမ္ဘာကကော၊ကျနော်တို့မြန်မာပြည်သူတွေကပါပန်းနဲ့တွဲပြီးရှုမြင်တတ်ကြတယ်မို့လား။

အာဏာရူးတွေလက်နက်အားကိုးဓားရေးတွေဘယ်လောက်ပဲပြပြကျနော်တို့တော်လှန်ခြင်းရဲ့ပန်းတွေဖွေးဖွေးလှုပ်အောင်ဆက်လက်ပွင့်လန်းနေမှာဖြစ်ကြောင်းကျနော်တို့လူထုကယနေ့သက်သေပြနေကြပါပြီ။

#ကြောက်ခေတ်ကို_မှောက်ပစ်

#Freedom_from_Fear

#June19FlowerStrike

#ကမ္ဘာမကြေဘူး

#မလျော့ဘူး

#သွေးမအေးဘူး

#ေနာက္မဆုတ္ဘူး

#တိုက်ပွဲရှိရင်_အောင်ပွဲရှိတယ်

#စစ်အာဏာရှင်စနစ်_မုချကျရှုံးရမည်

#အရေးတော်ပုံ_အောင်ရမည်

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post