ဝမ်းရေးအတွက် ပန်းရံလုပ်ကိုင်နေရင်းနဲ့တောင် အမေစုရဲ့မွေးနေ့ကို မမေ့မလျော့ဘဲ ခေါင်းပေါ်မှာ ပန်းပန်ထားကြတဲ့ လူငယ်လေးတွေ

ဝမ်းရေးအတွက် ပန်းရံလုပ်ကိုင်နေရင်းနဲ့တောင် အမေစုရဲ့မွေးနေ့ကို မမေ့မလျော့ဘဲ ခေါင်းပေါ်မှာ ပန်းပန်ထားကြတဲ့ လူငယ်လေးတွေ

ဇွန်လ (၁၉)ရက်နေ့ကတော့တစ်နိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေကပန်းတွေနဲ့အမေစုရဲ့ မွေးနေ့ကိုကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။

ယောက်ျား၊မိန်းမမရွေးအကုန်လုံးရဲ့ ခေါင်းပေါ်မှာပန်းမျိုးစုံပန်ဆင်ပြီးအမေစုကိုဘယ်လောက်လေးစားကြောင်းသက်သေပြခဲ့ကြတာဖြစ်ပါတယ်။မြို့ပေါ်မှာရှိတဲ့ပြည်သူတွေသာမကတောထဲရောက်နေကြတဲ့

သူရဲကောင်းတွေကလည်း ပန်းသပိတ်မှာတစ်တပ်တစ်အား ပါဝင်ဆင်နွှဲနေကြတာကိုတွေ့မြင်ရပါတယ်။

ယောက်ျားလေးတွေကပန်းမပန်ကြပေမယ့်လည်းဒီနေ့မှာတော့ ယောက်ျားထုကြီးကအမေစုကိုချစ်တဲ့စိတ်နဲ့အခုလိုမျိုးပန်ဆင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီနေ့တစ်နိုင်ငံလုံးမှာပန်းတွေဝေဆာခဲ့တာကြောင့်အမေစုရဲ့(၇၆)နှစ်ပြည့်မွေးနေ့လေးဟာပိုပြီးထူးခြားသွားခဲ့တာဖြစ်ပါတယ်။

အခုဆိုရင်လည်းဝမ်းရေးအတွက်ပန်းရံလုပ်ကိုင်နေရတဲ့လူငယ်လေးတွေကအမေစုရဲ့ မွေးနေ့ကိုမမေ့မလျော့ဘဲအမှတ်တရအနေနဲ့ ခေါင်းပေါ်မှာပန်းလေးတွေပန်ဆင်ခဲ့ကြတာဖြစ်ပါတယ်။

လူတန်စားမရွေးကအခုလိုပန်းသပိတ်မှာ တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့ကြလို့အရမ်းအားတက်စရာကောင်းလှပါတယ်။

ပန်းရံလုပ်နေတဲ့လူငယ်လေးတွေကတောင်အမေစုရဲ့ အမှတ်တရနေ့လေးကိုသူတို့တတ်နိုင်တဲ့အားလေးနဲ့ပုံဖော်ပေးခဲ့ကြတာဖြစ်ပါတယ်။ဒီနေ့မှာတော့လူမျိုးဘာသာမရွေး၊အရွယ်စုံမရွေးက

အမေစုကိုအရမ်းလေးစားကြတာကိုကွက်ကွက်ကွင်းကွင်းတွေ့မြင်ရတာဖြစ်ပါတယ်။

ဒါ့ကြောင့်ယောက်ျားလေးတွေဖြစ်ပေမယ့်မရှက်ဘဲပန်းပန်ခဲ့ကြတဲ့ပန်းရံလူငယ်လေးတွေရဲ့ ပုံရိပ်တချို့ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post

(ZAWGYI)













Crd-Original Post