ပြည်ပမှာရောက်နေပေမယ့်လည်းပန်းသပိတ်ကိုဆင်နွှဲခဲ့တဲ့ ပိုးအိအိခန့်

ပြည်ပမှာရောက်နေပေမယ့်လည်းပန်းသပိတ်ကိုဆင်နွှဲခဲ့တဲ့ ပိုးအိအိခန့်

ဒီနေ့လေးဟာ ပြည်သူတွေအားလုံး လေးစားချစ်ခင်ရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ အမေစုကတော့ သူ့ရဲ့ဘဝအစိတ်အပိုင်းတစ်ဝက်လောက်ကို

နေအိမ်မှာဘဲအကျယ်ချုပ်နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ပြည်သူတွေအတွက် စွန့်လွှတ်အနစ်နာခံမှုတွေကြောင့် အားလုံးက သူမရဲ့နေထိုင်ပြောဆိုပုံလေးတွေကအစ ချစ်ခင်မြတ်နိုးနေကြတာ ဖြစ်ပါတယ်။

ဒီနေ့မွေးနေ့မှာလည်းခါတိုင်းနှစ်တွေလို ကျင်းပခွင့်မရပေမယ့်လည်း အမေစုကိုချစ်ကြတဲ့ ပြည်သူများမှ ပန်းသပိတ်ကို ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ အနုပညာရှင်များကလည်း ရောက်ရာနေရာကနေ သူတို့ချစ်ကြတဲ့

အမေစုရဲ့ မွေးနေ့အတွက်ဆုတောင်းစကားလေးတွေ လူမှုကွန်ယက်ထက်မှာ ရေးသားထားကြတာ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း သရုပ်ဆောင် ပိုးအိအိခန့်ရဲ့Facebook အကောင့်တွင်

ပုံလေးတွေ တင်ထားတာဖြစ်ပါတယ်။

ဒါကတော့ ပြည်ပမှာရောက်နေပေမယ့်လည်း အမေစုရဲ့မွေးနေ့လေးကို မမေ့မလျော့ဆုတောင်းပေးနေတဲ့ ပိုးအိအိခန့်တို့ သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးဖြစ်ပါတယ်။ သူမကလည်း ”ပန်းသပိတ် ပါဝင်ဆင်နွှဲသော သားအမိ၊

Happy Birthday အမေစု ” ဆိုပြီးလည်း ဆုတောင်းစာလေး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမတို့သားအမိနှစ်ယောက်ရဲ့ ပုံလေးကို ကြည့်ပြီး ချစ်မဝဖြစ်နေကြတာဖြစ်ပါတယ်။

မကြည့်ရသေးသူများအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post