မြသိန်းတန်ဘုန်းကြီးကျောင်းကို စစ်တပ်ကဝင်စီးပြီး ဆန်အိတ် ၁၀၀ ကျော်ယူသွား

မြသိန်းတန်ဘုန်းကြီးကျောင်းကို စစ်တပ်ကဝင်စီးပြီး ဆန်အိတ် ၁၀၀ ကျော်ယူသွား

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့၊ မြသိန်းတန်ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က ဇွန်လ ၁၇ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီး ဆန်အိတ် ၁၀၀ ကျော် ယူသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြသိန်းတန်ဘုန်းကြီးကျောင်းကို မနေ့ညနေ ၃ နာရီလောက်မှာ အကြမ်းဖက်စစ်တပ်နဲ့ ရဲ အင်အား ၅၀ လောက်နဲ့ ဝင်ရောက်စီးနင်းရှာဖွေခဲ့ ဖြစ်ပါတယ်။ဟုမ္မလင်း ဒေခံတစ်ဦးက “ အကြမ်းဖက်စစ်တပ်က ဘုန်းကြီးကျောင်းထဲမှာ

လက်နက်တွေကိုင်ပြီး ဆရာတော်ကိုရှာဖွေခဲ့တယ်။ဆရာတော်က မနေ့ကတည်းက ကျောင်းမှာမနေတော့ဘဲ တစ်နေရာကိုရှောင်သွားတယ်။

ကျောင်းမှာရှိတဲ့ ဆန်အိတ် ၁၀၀ ကျော်ကို ယူသွားခဲ့တယ်” လို့ ပြောပါတယ်။

ဟုမ္မလင်းမြို့မှာ ဇွန်လ ၁၆ ရက်ကလည်း နောင်ပုကျစ်တောင်ပေါ် ဘုန်းကြီးကျောင်းကျောင်းထိုင်ဆရာတော်အရှင်တေဇနိယကိုအကြမ်းဖက်စစ်တပ်က အတင်းအဓမ္မလူဝတ်လဲ ဖမ်းဆီးခဲ့သလို မြို့ခံ နှစ်ယောက်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post