မြို့နယ်အချို့မှာ လျှပ်စစ်မီတာခ ကျသင့်ငွေ ၅လစာအထိ ကောက်ခံတာတွေရှိနေ

မြို့နယ်အချို့မှာ လျှပ်စစ်မီတာခ ကျသင့်ငွေ ၅လစာအထိ ကောက်ခံတာတွေရှိနေ

နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းက ရပ်ကွက်အချို့မှာ လျှပ်စစ်မီတာကျသင့်ငွေတွေကို ၅ လစာ အထိ ကောက်ခံတာတွေရှိနေတယ်လို့ ဒေသခံအချို့က ဘီဘီစီကိုပြောပါတယ်။ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာရယူပြီးနောက်ပိုင်း

မကောက်ခံနိုင်ခဲ့တဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီ ၊မတ် ၊ဧပြီနဲ့ မေ လ ၅လစာ ကျသင့်ဘေလ်စာရွက်တွေကို တပေါင်းတည်း ဝေငှသွားတာလို့သိရပါတယ်။

ကျွန်တော်တို့ ရပ်ကွက်မှာတော့ ၅လစာ ၅ ရွက် တခါတည်းဝေသွားတယ်။ ခွဲဆောင်ဖို့ပြောတယ်။ ရှေ့ ၃လက ကင်းလွတ်ကြေးပါပါမေပယ့် ဧပြီ မေ ၂လစာမှာတော့ ကင်းလွတ်ခွင့်မပါတော့ဘူး။ ကျသင့်ငွေ ကလည်း ပုံမှန်ထက် ပိုများတယ်။

ရပ်ကွက်ထဲမှာက မဆောင်တဲ့သူလည်းများတယ်။ တချို့ကတော့ ပုံမှန်ထက် ပိုကျလို့ မီတာရုံးသွားပြောမယ်လု့ိပြောသူတွေလည်းရှိတယ်။ မဆောင်ရင် မီးဖြတ်မယ်လို့ မပြောသွားပေမယ့် စာရွက်မှာတော့ ရေးထားတယ်။’’လို့ မီတာစာရွက် ၅လစာ ပေးဆောင်ဖို့ စာရွက်ရထားသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

စစ်ကောင်စီက အာဏာရယူပြီးနောက်ပိုင်း ၂၀၂၀ ရွေးကောက်ပွဲရလာဒ်အရ အနိုင်ရကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကတော့ အိမ်သုံးမီတာခတွေကို ပေးဆောင်စရာမလိုဘဲ ကင်းလွတ်ခွင့်ပြုကြောင်း ကြေညာထားပါတယ်။

ပြည်သူတွေထဲ လျှပ်စစ်မီတာခ အပါအဝင် အခွန်အရပ်ရပ်ကို လူထု CDM အနေနဲ့ မပေးဆောင်သူတွေ လည်းအများအပြားရှိနေပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့လက စစ်ကောင်စီလက်အောက် လျှပ်စစ်ဝန်ကြီးဌာနက လျှပ်စစ်မီတာခတွေမပေး ဆောင်ပါက လျှပ်စစ်မီးဖြတ်တောက်ခံရမယ်လို့ ကြေညာပြီးနောက်ပိုင်း လျှပ်စစ်မီတာပေးဆောင်သူ တွေလည်း ရှိခဲ့ပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post