နားရွက်ကလေးပေါ်မှာ နှင်းဆီလေးတစ်ပွင့်တင်ပြီး အမေစုအတွက် ဆုတောင်းပေးကာ ပရိတ်သတ်တွေသိစေဖို့ မျှဝေလာတဲ့ G FATT

နားရွက်ကလေးပေါ်မှာ နှင်းဆီလေးတစ်ပွင့်တင်ပြီး အမေစုအတွက် ဆုတောင်းပေးကာ ပရိတ်သတ်တွေသိစေဖို့ မျှဝေလာတဲ့ G FATT

ပရိတ်သတ်ကြီးရေ အဆိုတော် G Fatt ကတော့ မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှု့ များတွင် ပြည်သူတွေ နဲ့ အတူလက်တွဲကာ ပါဝင်ခဲ့တဲ့ အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။ နေ့စဉ် လမ်းပေါ် ထွက်ပြီး ဆန္ဒ ထုတ်ဖော်ခဲ့ပြီး လူမှု့ ကွန်ယက်တွင် လည်း လက်ရှိ အခြေအနေ တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ထင်မြင် ယူဆချက် တွေကို ဝေမျှခဲ့တဲ့ အတွက် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲ ဆို အရေးယူ ခံထားရတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဘေးကင်း ရာ နေရာ သို့ ခေတ္တ ခဏ တိမ်းရှောင် နေရတာ ဖြစ်ပြီး ပရိသတ်တွေ နဲ့ အဆက်အသွယ် ပြတ်နေတာ အတော်လေးကြာနေပြီ ဖြစ်ပါတယ်။ သူ့ကို ချစ်ကြတဲ့ မိတ်ဆွေ အပေါင်းအသင်း များနဲ့ ပရိသတ်တွေ ကလည်း G Fatt ရဲ့ လုံခြုံရေး အတွက် စိတ်ပူနေ ကြတာ ဖြစ်ပါတယ်။ အားလုံး စိတ်မပူ ကြစေဖို့ မကြာသေးခင် နာရီပိုင်းက G Fatt ရဲ့ လူမှု့ကွန်ယက် တွင် ပုံလေး တစ်ပုံ တင်ပေး လာတာ ဖြစ်ပါတယ်။

ဒါကတော့ အမေစု ရဲ့ မွေးနေ့အတွက် နားမှာ နှင်းဆီပန်းလေး ပန်ဆင်ပြီး ဆုတောင်းပေးကာ လူမှု့ ကွန်ယက်တွင် ပြန်လည် ဝေမျှ လာတာ ဖြစ်ပါတယ်။ သူကလည်း ” ဗေ ဒါ ပျံ အံ ကို ခဲ ပန်း ပန်

လျှက် ပဲ “ဆိုပြီး ရေးသား ထားတာဖြစ်ပါတယ်။ အမေစုကို ချစ်ကြတဲ့ ပြည်သူများက လည်း နားမှာ ပန်းလေးတွေ ပန်ဆင်ပြီး ပန်းသပိတ်ကို ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်သူတွေ ကို အမြဲ

ချစ်တဲ့ အမေစု လည်း ဒီနှစ်မွေးနေ့ ကစပြီး နောင်နှစ် ပေါင်းများစွာ ကျန်းမာစွာနေထိုင်နိုင်ပါစေလို့

ဆုမွန်ကောင်းတောင်းပေးရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။ပရိတ်သတ်ကြီးလည်း ဆုတောင်းပေးကြအုံးနော်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-G Fatt facebook