သံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုယ်တိုင်ပါဝင်ခဲ့တဲ့ နယူးယောက်မြို့က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲနဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေ စျေးရောင်းပွဲတော်
သံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုယ်တိုင်ပါဝင်ခဲ့တဲ့ နယူးယောက်မြို့က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲနဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေ စျေးရောင်းပွဲတော်
ဇွန်လ(၁၉) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၆ နှစ်ပြည့်မွေးနေ့ပွဲကို တစ်နိုင်ငံလုံးက ချစ်တဲ့ပြည်သူများက
ကျင်းပပြုလုပ်ခဲ့ကြတာ တွေ့ရပါတယ်။ဒါ့အပြင် ပြည်သူများက မွေးနေ့ပွဲကို ကျင်းပပြုလုပ်ခဲ့တဲ့အပြင် ပန်းသပိတ်ကိုလည်း ပြုလုပ်ခဲ့ပါတယ်။
တချို့ နေရာဒေသက ကျေးရွာတွေမှာဆိုရင် စားသောက်စရာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အတွက် အလှူလေးတွေ လုပ်ပေးခဲ့ကြတယ်လို့ ကြားသိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၆ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာလည်း ကျင်းပပေးခဲ့တယ်လို့
သိရပါတယ်။ဒီမွေးနေ့ပွဲနဲ့အတူ နွေဦးတော်လှန်ရေး ရန်ပုံငွေဈေးရောင်းပွဲတော်ကိုပါ ပြုလုပ်ခဲ့ပြီး ဆိုင်ခန်းပေါင်း (၄၀) နီးပါဝင်ကာ အမှတ်ပစ္စည်းများနှင့်
အစားသောက်များကို ရောင်းချခဲ့တယ်လို့ သိရပါတယ်။
ဒီပွဲကိုတော့ နယူးယောက်မြို့မှာ နေထိုင်ကြတဲ့ မြန်မာပြည်သူအများအပြား လာရောက်ပါဝင်ခဲ့ကြပြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၆ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်နဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေ စျေးရောင်းပွဲတော်ကို မြန်မာပြည်သူတွေနဲ့အတူ
အပြည်အဝရပ်တည်ပေးခဲ့တဲ့ ကုလအထူးကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင် အောင်မြင်ကျော်ကြားသူတချို့လည်း
တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်နဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေ စျေးရောင်းပွဲတော်ရဲ့မြင်ကွင်းကိုတော့
ပရိသတ်တွေလည်း ကြည်နူးစေမယ်လို့ ထင်မိပါတယ်။
အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Crd-Original Post
(ZAWGYI)
သံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုယ်တိုင်ပါဝင်ခဲ့တဲ့ နယူးယောက်မြို့က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲနဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဈေးရောင်းပွဲတော်
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၆ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်နဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို မြန်မာပြည်သူတွေနဲ့အတူ
နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်နဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဈေးရောင်းပွဲတော်ရဲ့မြင်ကွင်းကိုတော့
Crd-Original Post