ကျောက်ကပ်ဆေးနေရတဲ့ ဝေဒနာရှင်အတွက် သူတတ်နိုင်သလောက် ဆေးဖိုးလှူဒါန်းပေးလိုက်တဲ့ လပြည့်

ကျောက်ကပ်ဆေးနေရတဲ့ ဝေဒနာရှင်အတွက် သူတတ်နိုင်သလောက် ဆေးဖိုးလှူဒါန်းပေးလိုက်တဲ့ လပြည့်

ပရိသတ်ကြီးရေ လပြည့်ကတော့ MRTV-4ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ မင်းသားချောလေးပဲဖြစ်ပါတယ်။

လပြည့်ကတော့ လတ်တလောမှာ ကျောက်ကပ်ဆေးနေရတဲ့ ဝေဒနာရှင်တစ်ယောက်အတွက် ကျောက်ကပ်ဆေးဖို့ လိုအပ်နေတဲ့ ဆေးဖိုးတွေကို သူတတ်နိုင်သလောက် လှူဒါန်းတဲ့

အလှူလေးတစ်ခုပြုလုပ်ခဲ့ပါတယ်။

လပြည်က အခုလို လှူဒါန်းဖြစ်တာကလည်း သူ့ရဲ့ကျေးဇူးရှင်မွေးမိခင်ကြီးကိုယ်တိုင်က ကျောက်ကပ်ရောဂါဝေဒနာကို ခံစားခဲ့ရပြီး

ကျောက်ကပ်ဆေးကာဆေးကုသမှုခံယူနေစဉ်မှာပဲဆုံးပါးကွယ်လွန်သွားခဲ့တာကြောင့် ကိုယ်ချင်းစာတဲ့ စိတ်ကြောင့်လှူဒါန်းခဲ့တာပါတဲ့။သူ့ရဲ့ အမေမကွယ်လွန်ခင်

ရောဂါခံစားနေခဲ့ရစဉ်ကကြုံတွေခဲ့ရတဲ့အခက်အခဲတွေကို ကိုယ်တိုင်ကြုံတွေခဲ့ရတာမို့လည်း အခုလိုကာလကိုယ်တိုင်တောင် ကျပ်တည်းနေချိန်မှာ သူတတ်နိုင်သလောက်

လှူဒါန်းပေးခဲ့တာလို့လည်း ဖော်ပြထားပါသေးတယ်။

လပြည့်ရဲ့ မိခင်ကြီးကတော့ သားဖြစ်သူလပြည့်ရဲ့ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ လှူဒါန်းတဲ့ ဒီအလှူလေးကို ကောင်ရာဘုံဘဝကနေပြီးတော့ သာဓုခေါ်ဆိုနေ

ပီတိဖြစ်နေမှာတော့ အသေအချာပါပဲ။ ပရိသတ်ကြီးတွေလည်း လပြည့်ရဲ့ မွန်မြတ်လှတဲ့ စိတ်လေးနဲ့ ပြုလုပ်တဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Crd-Original Post