ဖမ်းဆီးခံထားရတဲ့ လင်းညို့တာရာရဲ့ ဟောကိန်းတွေထဲက ထပ်ပြီးဖြစ်လာခဲ့တဲ့ ထိတ်လန့်ဖွယ်အချက်တစ်ချက်

ဖမ်းဆီးခံထားရတဲ့ လင်းညို့တာရာရဲ့ ဟောကိန်းတွေထဲက ထပ်ပြီးဖြစ်လာခဲ့တဲ့ ထိတ်လန့်ဖွယ်အချက်တစ်ချက်

အာဏာသိမ်းပြီးသိပ်မကြာခင် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရတဲ့ လောကီဗေဒင်နိမိတ်ဖတ် ပညာရှင် လင်းညို့တာရာဟာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ လာမယ့် ၂၀၂၁ တစ်နှစ်လုံးစာ အတွက် ဟောကိန်းတစ်ခုထုတ်ခဲ့ပါတယ်။

နှစ်စဉ် နှစ်တိုင်းလိုလို ဟောကိန်းတွေ ထုတ်ခဲ့ပြီး ဒီဟော ကိန်းတွေ ဟာလည်း မှန်ခဲ့တာများပါတယ်။ ဒီနှစ်အတွက် ဟောကိန်းဟာလည်း တိုက်ဆိုက်ခဲ့တဲ့အချက်တွေလည်း ရှိခဲ့ပါတယ်။

ဟောချက် ၁၇ ချက် ထဲမှာ နံပါတ် ၈အချက်ဖြစ်တဲ့ နာမည်ကြီး တန်ခိုးကြီး ဘုရားတစ်ဆူ ပြိုလဲခြင်း သို့ ထိုဘုရားဖြင့် ပတ်သက်သောပရဝဏ်ပျက်စီးခြင်းဖြစ် ပေါ်တတ်သည်ဆိုတဲ့ ဟောထားချက်ဟာ မှန်ကန်သွားခဲ့တာပါ။မနေ့က ဇွန်လ ၁၉ ရက်နေ့ညပိုင်းမှာရွှေတိဂုံဘုရားတောင်ဖက်မုခ်တံတိုင်းပြိုကျပျက်ဆီး ခဲ့ပါတယ်။ အာဏာသိမ်းမှုစတင်ဖြစ်ကတည်းက ပြည်သူတွေ အန္တရာယ်ကာကွယ်စေနိုင်ဖို့ ယတြာတွေပေးခဲ့ပြီးပြည်သူတွေဟာလည်း ယုံယုံ ကြည်ကြည်နဲ့ လိုက်လုပ်ခဲ့ကြပါတယ်။

ဒီနောက်မှာတော့ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးလက်ရှိမှာတော့ အင်းစိန်အကျဉ်းထောင်မှာအမှုရင်ဆိုင်နေခဲ့ရပါတယ်။ကျန်း မာရေးမကောင်းသူ ဖြစ်တာကြောင့် စတင်ဖမ်းဆီးခံရစဉ်က လင်းညို့ရဲ့တပည့်တွေနဲ့ သူငယ်ချင်းတွေဟာ စိတ်ပူနေကြပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေ တည်ငြိမ်နေခဲ့ပါပြီ။

ဟောကိန်း ၁၇ ချက်ဟာ တစ်ခုပြီးတစ်ခုမှန်ကန်လာခဲ့ပြီး ကျန်သေးတဲ့အချက်တွေလည်း ဘယ်တော့ဖြစ်လာမလဲဆိုတာကို ယုံကြည်သူတွေက ရင်တမမနဲ့စောင့်မျှော်နေခဲ့ပါတယ်။ဒီလိုအရည်အချင်းရှိတဲ့လောကီပညာရှင်တွေဖမ်းဆီး ထိန်းသိမ်းခံထားရတာတကယ်ကိုစိတ်မကောင်းစရာပါ အမြန်ဆုံး လွတ်မြောက်ဖို့ကိုလည်း အားလုံးက ဝိုင်းဝန်းဆု တောင်း ပေးနေခဲ့ပါတယ်။ဟောချက်တွေထဲက ကောင်း မွန်တဲ့အရာတွေအမြန်ဆုံးဖြစ်လာပါစေလို့လည်းဆုတောင်း ပါတယ်။

Crd-Original Post