KNU တပ်မဟာ ၁ နှင့် စစ်ကောင်စီတိုက်ပွဲ ၄ နေရာဖြစ်၊ စစ်ကောင်စီဘက်မှ ၈ ဦးသေ

KNU တပ်မဟာ ၁ နှင့် စစ်ကောင်စီတိုက်ပွဲ ၄ နေရာဖြစ်၊ စစ်ကောင်စီဘက်မှ ၈ ဦးသေ

ရန်ကုန်၊ ဇွန် ၂၁

ဘားအံမြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စုနှင့် သထုံခရိုင် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁) တို့ ယနေ့ နံနက် ၇ နာရီဝန်းကျင် ထိပ်တိုက်တွေ့ဆုံမှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးကြောင်း KNU သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

နှစ်ဖက်ထိပ်တိုက်တွေ့ဆုံမှုကြောင့် သထုံခရိုင် ၊ ဘားအံမြို့နယ်အတွင်း တိုက်ပွဲ ၄ နေရာဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုမှ (၈)ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရသည်။

KNU သထုံခရိုင်အတွင်း ဘားအံမြို့နယ်၊ကျိုက်ထိုမြို့နယ်၊သထုံမြို့နယ်၊ဘီးလင်းမြို့နယ် နှင့် မော်စကိုအထူးဒေသတို့ ရှိသည်။

Crd-Khit Thit Media