ကွယ်လွန်သွားတာ(၁)လပြည့်သွားပြီးဖြစ်တဲ့ မိခင်ကြီးကို ရည်စူးပြီးကောင်းမှုကုသိုလ်တွေပြုလုပ်ပေးပြီးအမျှဝေခဲ့တဲ့ နဝရတ်

ကွယ်လွန်သွားတာ(၁)လပြည့်သွားပြီးဖြစ်တဲ့ မိခင်ကြီးကို ရည်စူးပြီးကောင်းမှုကုသိုလ်တွေပြုလုပ်ပေးပြီးအမျှဝေခဲ့တဲ့ နဝရတ်

ပရိသတ်ကြီးရေ နဝရတ်ကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ နာမည်ကြီး မင်းသမီးတစ်ယောက်အနေနဲ့အောင်မြင်မှု

တွေများစွာရရှိခဲ့ပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရှိတော့ပေမဲ့လည်း ချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့

ရှိနေစဲပါ။

ပြီးခဲ့တဲ့ မေလ (၂၁)ရက်နေ့ကတော့ နဝရတ်ရဲ့ မိခင်ကြီးက ကွယ်လွန်းသွားခဲ့တဲ့စိတ် မကောင်းစရာသတင်းလေးကို ပရိသတ်တွေလည်း

ကြားလိုက်မယ်ထင်ပါတယ်နော်။နဝရတ်ကတော့ မိခင်ကြီးကို မကွယ်လွန်ခင်ကလည်း အနီးကပ်ပြုစုစောင့်ရှောက်ခဲ့တဲ့အပြင်

ကွယ်လွန်သွားချိန်မှာရော ဒီနေ့တစ်လပြည့်တဲ့ နေ့လေးအထိပါ

မိခင်ကြီးအတွက် ရည်ရွယ်ပြီး ကောင်းမှုကုသိုလ်တွေကို ပြုလုပ်ပေးခဲ့တဲ့ မိခင်ကြီးအပေါ်မှာတာဝ န်ကျေလွန်းလှတဲ့ သမီးလိမ္မာလေးပါ။

ဒီနေ့မိခင်ကြီးရဲ့ ကွယ်လွန်ခြင်း(၁)လပြည့်တဲ့ နေ့လေးမှာလည်း ကောင်းမှုတွေပြုလုပ်ပြီး မိခင်ကြီးအတွက် ရည်ရွယ်ပြီး

ပြုလုပ်ခဲ့သမျှကောင်းမှုတွေကို ကောင်းမွန်ရာဘုံဘဝကနေ သာဓုခေါ်ဆိုဖို့ အမျှပေးဝေထားပါသေး တယ်။

မိခင်ဖြစ်သူကိုလည်း လွမ်းဆွတ်တမ်တနေပြီး မိခင်ကြီးအတွက်ကုသိုလ်ကောင်းမှုတွေကို မပြတ်တမ်းပြုလုပ်နေတဲ့ နဝရတ်ရဲ့

မိခင်အပေါ်သိတတ်လိမ္မာမှုကိုတော့ ပရိသတ်တွေက ချီးမကျူးဘဲမနေနိုင်လော က်အောင်ကို ချီးကျူးနေခဲ့ကြပါတယ်။

ပရိသတ်ကြီးရေ သမီးဖြစ်သူ နဝရတ်ရဲ့ သိတတ်လိမ္မာမှုကြောင့် နဝရတ်ရဲ့မိခင်ကြီးကလည်း ကောင်းမွန်ရာကနေ ဝမ်းသာ

ပီတိဖြစ်နေမှာပါ။

Credit ; CeleZone

Source – Nawaratt KO KO