ပန်ဆယ်လိုနဲ့ အချင်းချင်း ရန်တိုက်ပေးနေသူ တွေကို ပညာသားပါပါ တုံ့ပြန်ပြော ဆိုလိုက်တဲ့ ထားထက်ထက်

ပန်ဆယ်လိုနဲ့ အချင်းချင်း ရန်တိုက်ပေးနေသူ တွေကို ပညာသားပါပါ တုံ့ပြန်ပြော ဆိုလိုက်တဲ့ ထားထက်ထက်

သရုပ်ဆောင်ထားထက်ထက်ကတော့ ရဲရင့်ပြတ်သားတဲ့ စိတ်ဓာတ်အပြည့်နဲ့ အာဏာရှင်ကို တွန်းလှန်နေတဲ့

အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ တော်လှန်ရေးနယ်မြေထဲ သွားရောက်ပြီး ပင်ပင်ပန်းပန်း နဲ့

စစ်သင်တန်းတတ်ရောက်နေသူ တစ်ယောက်ပဲဖြစ်ပါတယ်။

ထားထက်ထက် ကတော့ ယခုမှာ သွေးမကွဲကွဲအောင် လာရန်တိုက်ပေးနေသူ ကိုတော်လှန်ရေးစိတ်ဓာတ်အပြည့်နဲ့

တုံ့ပြန်ပြောဆိုလိုက်တာကြောင့်ပြည်သူတွေရဲ့ ချီးကျူးခြင်းကိုခံနေရပါတယ်။Accအတုနဲ့ မျိုးစုံပြောဆိုပြီး ပန်ဆယ်လိုနဲ့

လာရန်တိုက်ပေးနေသူကို ထားထက်ထက်က ပညာသားပါပါနဲ့ တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

သူမကတော့ ” အမပန်ဆယ်လို မှ မဟုတ်ပါဘူး ပြည်သူ တစ်ဦးချင်းစီတိုင်း ရှင်တို့ ဘက်ကလွတ်ပြီး ငြိမ်းချမ်းစေချင်တာ

ကျွန်မတို့အားလုံးစေတနာပါ ပန်ဆယ်လိုကျန်းမာလုံခြုံစွာဖြင့် ဆက်လက်တိုက်ပွဲဝင်ပေးပါ ” ဆိုပြီး စည်းလုံးမှု ပျက်ပြားအောင်

ရန်တိုက်ပေးနေသူကို ပြန်လည် ပြောဆိုလိုက်တာပဲဖြစ်ပါတယ်။

ထားထက်ထက်ရဲ့တော်လှန်ရေးစိတ်ဓာတ်အပြည့် နဲ့ပြောဆိုချက်လေးကို ပြည်သူ တွေက သဘောကျနေကြပြီး

ပြည်သူအချင်းချင်းအရင်ကထက် ပိုပြီးစည်းစည်းလုံးလုံးရှိကြဖို့ တိုက်တွန်းနေကြပါတယ်။

ပြည်သူတစ်ဦးက ” တော်လှန်ရေးစိတ်ဓာတ် ဆိုတာ ဒါမျိုးကိုပြောတာ တောထဲကနေ တော်လှန်တဲ့သူက တော်လှန်မယ်

မြို့ပေါ်ကနေ တော်လှန် တဲ့သူကလည်း တော်လှန် နိုင်ငံခြားကနေ လုပ်နိုင်တာကို လုပ်တဲ့ သူကလုပ်မယ်Fb ပေါ်ကနေ Keyboard

Fighters လုပ်တဲ့သူကလည်း လုပ်မယ်ဘက်ပေါင်းစုံကနေ တော်လှန်နေတဲ့သူအချင်းချင်း လိုက်ပြီးတော့ ငါကသာတယ် သူက နာတယ်

ပြောစရာကိုမလိုတာအေး ငါတို့ရဲ့ အဓိက ဘုံရန်သူက တစ်ယောက်ထဲ တစ်ဖွဲ့ထဲပဲမအလ နဲ့အပေါင်းအပါတစ်စု ဒါကို သိရင် ရပြီ

စည်းလုံးကြစမ်းပါ အားတီတို့ အားမေတို့ရာ “ဆိုပြီး ရေးသားထားခဲ့ပါတယ်။

အမှန်တရားလိုလားတဲ့ ပြည်သူတွေအချင်းချင်းသွေးမကွဲကြဖို့ ပြည်သူတွေက ရေးသားပြောဆိုနေကြပါတယ်။

Crd-Original Post