ကုလလူ့အခွင့်အရေးညီလာခံအတွင်း မြန်မာအရေးဆွေးနွေးမှုအချိန်ဆိုင်းငံထားဖို့ တရုတ်တောင်းဆို

ကုလလူ့အခွင့်အရေးညီလာခံအတွင်း မြန်မာအရေးဆွေးနွေးမှုအချိန်ဆိုင်းငံထားဖို့ တရုတ်တောင်းဆို

သီတင်း၃ ပတ်ကျော်ကြာကျင်းပနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHRC ရဲ့ညီလာခံအစမှာပဲ မြန်မာနိုင်ငံ ကိုယ်စားပြုမှုနဲ့ပတ်သက်လို့ ဆွေးနွေးငြင်းခုံနေကြတဲ့အတွက် ကုလမဟာမင်းကြီး Michelle Bachelet အဖွင့်မိန့်ခွန်းပြောဖိုးနှောင့်နှေးခဲ့ရပါတယ်။

မစ္စ Bachelet က တရုတ်၊ မက္ကဆီကို၊ ရုရှား၊ သိရီလင်္ကာ နဲ့ အီသီယိုးပီးယား Tigray ဒေသလိုနေရာမျိုးက လူ့အခွင့်အရေးအပေါ်စိုးရိမ်ကြောင်းပြောထားပါတယ်။ မြန်မာ၊ ယူကရိန်း၊ နီကာရာဂွါနဲ့ အီရန်အရေးကိစ္စတွေကိုလည်း ညီလာခံနှောင်းပိုင်းမှာ ဆွေးနွေးနိုင်မယ်လို့ မေ ျှာ်လင့်ကြောင်းလည်း မဟာမင်းကြီး Bachelet ကပြောထားပါတယ်။

အနောက်နိုင်ငံတွေကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် မရှိပေမယ့်လည်း စစ်တပ်ကအာဏာသိမ်းအုပ်ချုပ်နေတဲ့ မြန်မာ့လူ့အခွင့်အရေးအခြေအနေကို မူလအစီအစဉ်အတိုင်း နှစ်ကြိမ်ဆွေးနွေးဖို့ လိုလားနေပါတယ်။ တရုတ်၊ ဖိလစ်ပိုင်နဲ့ ဗစ်နီဇွဲလားနိုင်ငံတို့ကတော့ မြန်မာ့အရေးဆွေးနွေးဖို့ စိတ်အားထက်သန်ပုံမရပါဘူး။ မြန်မာကိုယ်စားလှယ်မပါ၀င်ပဲ ဆွေးနွေးဖို့မသင့်ဘူးလို့ သူတို့ကယူဆပါတယ်။

စက်တင်ဘာမှာကျင်းပမယ့် နောက်တကြိမ်ညီလာခံအထိ မြန်မာ့အရေးဆွေးနွေးမှုကို အချိန်ဆိုင်းထားဖို့ တရုတ်သံတမန် Chen Xu ကတိုက်တွန်းခဲ့ပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဂျနီဗာမြို့က ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်သူ ရာထူးက အနားယူခဲ့ပြီး၊ မြန်မာကိုယ်စားလှယ်နေရာ လစ်လပ်နေတာဖြစ်ပါတယ်။ အာဏာသိမ်းမြန်မာစစ်ကောင်စီဖက်ကရော ၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲအနိုင်ရပါတီက ဦးဆောင်ဖွဲ့စည်းတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကပါ ကုလသမဂ္ဂအဖွဲ့အစည်းအသီးသီးမှာ ကိုယ်စားပြု အပြိုင်တင်သွင်းနေကြတာကြောင့် ကုလသမဂ္ဂအေဂျင်စီတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုမှုကိစ္စ အငြင်းပွားစရာတွေဖြစ်နေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် FAO ညီလာခံကျင်းပရာမှာ မြန်မာအစိုးရကိုယ်စားပြုနေရာတွေကို ချပ်လှပ်ထားခဲ့ကြပါတယ်။ မြန်မာကိုယ်စားပြုခွင့်နဲ့ပတ်သက်လို့ နိုင်ငံတွေရဲ့ကိုယ်စားလှယ်ခန့်ထားရေးနဲ့သက်ဆိုင်တဲ့ကုလသမဂ္ဂအထွေထွေညီလာခံ Credentials Committee က ဆွေးနွေးဆုံးဖြတ်ဖို့ လွှဲထားကြပါတယ်။

အခုလက်ရှိ UNHRC ရဲ့ ညီလာခံကို အစီအစဉ်အတိုင်းကျင်းပဖို့ ကိုယ်စားလှယ်တွေသဘောတူခဲ့ကြပေမယ့် လူ့အခွင့်အရေးကောင်စီ အလှည့်ကျဥက္ကဌဖြစ်တဲ့ Nazhat Shameem က ညီလာခံကို အစီအစဉ်အတိုင်းကျင်းပမလား အပြောင်းအလဲလုပ်မလားဆိုတာ ဆက်ပြီးသုံးသပ်သွားမယ်လို့ပြောပါတယ်။

နိုင်ငံ ကိုယ်စားပြုမှုနဲ့ပတ်သက်လို့ ဆွေးနွေးငြင်းခုံနေကြတဲ့အတွက် ကုလမဟာမင်းကြီး Michelle Bachelet အဖွင့်မိန့်ခွန်းပြောဖိုးနှောင့်နှေးခဲ့ရပါတယ်။

Crd-Original Post