မန္တလေးမှာနေထိုင်သည့် ပြည်သူများ တတ်နိုင်တဲ့နေရာကနေပါဝင်ပေးကြဖိုထားထက်ထက်တောင်းဆို

မန္တလေးမှာနေထိုင်သည့် ပြည်သူများ တတ်နိုင်တဲ့နေရာကနေပါဝင်ပေးကြဖိုထားထက်ထက်တောင်းဆို

“သင်လဲ PDF ပါပဲ ။ ဒီတိုက်ပွဲမှာ သင်ကိုယ်တိုင်

ပါဝင်နိုင်ပါတယ်။မန္တလေးနေထိုင်သူ ပြည်သူများအားလုံးက တတ်နိုင်တဲ့နေရာကနေ လုပ်နိုင်တဲ့အရာကိုလုပ်ပြီးပူးပေါင်းပါဝင်ပေးကြပါ။

👉 ရန်သူကို အမြဲ စောင့်ကြည့်နေပေးကြပါ။

👉 ကျည်ကွယ်၊မျက်ကွယ်မှာ ရှိနေပေးကြပါ။

👉 ရေ နဲ့ စားနပ်ရိက္ခာ စုဆောင်းထားကြပါ။

👉 အလျဉ်းသင့်ချိန် လှုပ်ရှားလို့ရနိုင်တလှုပ်ရှားပေးကြပါ။

မန္တလေးရဲ့ အရေးကြီးသတင်းတွေ မဖုံးမိသွားစေဖို့ ဒီနေ့ က စ လို့ အခြားအရေးမကြီးသော ပိုစ့်တွေ ရှောင်ပြီးတင်ပေးကြပါ။

ပြည်သူက စစ်ကူပေးပါ။စစ်ကာလမ်းကြောင်း ဘယ်ကိုသွားနေတယ် ၊ အင်အားဘယ်လောက်ရှိတယ် စတာတွေကို နေရာ အချိန် နေ့ရက်နဲ့သေချာစီစစ်ပြီး

မှန်ကန်တဲ့ သတင်းကို အမြန် တင်ပေးပါ။PDF များအတွက် ဆုတ်ခွါတဲ့ အခါ၊ အလစ်အငိုက် တိုက်တဲ့အခါ လမ်းကြောင်းသာအောင် စောင့်ကြည့်ပေးပါ။

ဆေးအကူအညီပေးနိုင်ဖို့ အသင့်ပြင်ထားပေးပါ။သတင်းအမှားမတင်မိ မရှဲမိအောင် အထူး ဂရုစိုက်ပေးပါ။

မန္တလေးပြည်သူများ အနိုင်ရ ဘေးကင်းပါစေ။”

ထားထက်ထက်

June 22 2021

Crd-Htar Htet Htet