“အရှုံးကို သိသွားတဲ့ စစ်ကောင်စီဟာ လက်နက်ချမလား ၊ ပြေးမလား ”

“အရှုံးကို သိသွားတဲ့ စစ်ကောင်စီဟာ လက်နက်ချမလား ၊ ပြေးမလား ”

ဒီနေ့မှာ ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံကို နယူးယောက်မြို့မှာ ကျင်းပတယ် ။ အစ္စရေး ၊ တောင်အာဖရိကနဲ့ မြန်မာအရေးတွေကို အဓိကဆွေးနွေးတာပါ ။

မြန်မာအရေးကိုတော့ ” အာဏာသိမ်းစစ်ကောင်စီကို ရှုတ်ချပြီး ၊မြန်မာပြည်သူတွေကို လူသားချင်းစာနာစွာ ကူညီဖို့ ၊ လက်နက်တင်ပို့မှု့ ရပ်ဆိုင်းဖို့ နဲ့

ဒီမိုကရေစီလမ်းကြောင်းကို ချက်ချင်း ပြန်သွားဖို့ ” အဆိုကို တင်သွင်း မဲခွဲပါတယ် ။ အစည်းအဝေးမှာ မြန်မာအရေးကို အချိန်အကြာဆုံး ဆွေးနွေးတယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြတယ် ။

မြန်မာ စစ်ကောင်စီကို လက်နက်တင်ပို့ ရောင်းဝယ်မှု့ကို ကမ္ဘာကြီးက ဆန့်ကျင်ဖို့ကို ဥရောပသမဂ္ဂ သံတမန်တစ်ဦးဖြစ်တဲ့ Olof Skoogက ” ရာဇဝတ်မှု့တွေ

ကျူးလွန်နေတဲ့ စစ်ကောင်စီကို အပြင်းထန်ဆုံး သင်ခန်းစာပေးဖို့ ကမ္ဘာကြီးက ဝိုင်းဝန်းကူညီကြပါ ” လို့ တောင်းဆိုလိုက်တယ် ။

ဒီအဆိုကို မဲပေးဖို့အတွက် ၁၉ ၃ နိုင်ငံရှိပါတယ် ။ ဘယ်လာရုစ် နိုင်ငံက ကန့်ကွက်ခဲ့ပြီး အာဆီယံအတွင်းက ထိုင်း ၊ လာအို ၊ ကမ္ဘောဒီးယား အပါအဝင် ၃၆ နိုင်ငံက ကြားနေခဲ့ပါတယ် ။

မဲပေးမှု့မှာ ဥရောပသမဂ္ဂ ၊ အနောက်နိုင်ငံအများစုနဲ့ အာဆီယံအတွင်းက အင်ဒို ၊ မလေး ၊ ဗီယက်နမ် နိုင်ငံတွေက ထောက်ခံခဲ့ပါတယ် ။

အဆုံးသတ်မှာ ထောက်ခံမဲ ၁၁၉ မဲ နဲ့ အနိုင်ရခဲ့ပါတယ် ။ ဒီအစည်းအဝေးရဲ့ဆုံးဖြတ်ချက်တော့
” စစ်ကောင်စီဟာ ဒီမိုကရေစီလမ်းကြောင်းကို ချက်ချင်းပြန်သွားရပါမယ် ။

အပြစ်မဲ့ပြည်သူတွေအပေါ် လက်နက်အားကိုးနဲ့ ရာဇဝတ်မှု့ ကျူးလွန်နေတာတွေ ချက်ချင်းရပ်ရပါမယ် ။သမ္မတဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံရေးသမားတွေနဲ့ ဖမ်းဆီး ထိန်းသိမ်းထားသူအားလုံးကို ချက်ချင်းလွှတ်ရပါမယ် ” ။

ဒီကိစ္စရပ်တွေ ချက်ချင်းအကောင်အထည် ဖော်နိုင်ဖို့အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးက ပါဝင်ဆင်နွှဲကြဖို့လည်း ပြင်းပြင်းထန်ထန် လှုံ့ဆော်ထားပါတယ် ။ ၁၁၉ နိုင်ငံက ကိုယ်စားလှယ်အသီးသီးကလည်း အားတက်သရော ပါဝင်မယ်လို့ ကတိပြုခဲ့ကြတယ် ။

ရိုက်တာသတင်းဌာနကတော့ ကုလသမဂ္ဂဟာ ရှားရှားပါးပါး အံသြဖွယ်လုပ်ရပ်တစ်ခုကို ဒီနေ့လုပ်နိုင်ခဲ့တယ်လို့ အမွှန်းတင်ထားတာပါ ။ မြန်မာပြည်သူတွေကတော့ ကုလနဲ့ နိုင်ငံတကာ အကူအညီတွေအပေါ်မှာ လက်လျှော့ချင်နေပေမယ့်

ကမ္ဘာကြီးကတော့ မြန်မာပြည်သူတွေကို မျက်နှာလွှဲမနေခဲ့ပါဘူး ။ NUG ရဲ့ ကြိူးစား ခေါင်းဆောင်မှု့နဲ့အတူ ပြည်သူတွေရဲ့ တော်လှန်လိုစိတ်က ဘယ်အရာနဲ့မှ တားမရတော့ပါဘူး ။

ဒီရက်ပိုင်း နိုင်ငံတကာသတင်းတွေမှာ ကင်းမရွာ လူမျိူးတုန်း သတ်ဖြတ်မှု့ ၊ ကယားပြည်နယ် ဒီမောဆိုးနဲ့ ချင်းပြည်နယ် သတင်းတွေ ပလူပျံနေခဲ့ပါတယ် ။

နိုင်ငံတကာသတင်းတွေနဲ့ နိုင်ငံအသီးသီးက ကုလသမဂ္ဂကို ဖိအားပေးခဲ့ကြတယ် ။ခိုင်လုံတဲ့ ရာဇဝတ်မှု့ဆိုတာ ဘယ်လိုမှ ကာကွယ်လို့မရတော့ပါဘူး ။

ဒီကိစ္စအတွက် ကုလသမဂ္ဂလည်း ထုတ်ပြန်ချက်တွေနဲ့တင် မလုံလောက်တော့ဘူးဆိုတာ သိလာပုံရပါတယ် ။ ဒါ့ကြောင့်လည်း မြန်မာစစ်ကောင်စီကို အမြန်ဆုံးနှိမ်နင်းဖို့ကို နိုင်ငံအားလုံးက ကူညီကြဖို့ လှုံ့ဆော်လိုက်တာပါ ။

ပြင်သစ် လွှတ်တော်ကိုယ်စားလှယ်တွေက NUG ကို အသိအမှတ်ပြုဖို့ တောင်းဆိုထားတယ် ။ တောင်ကိုရီးယားနိုင်ငံက မြန်မာပြဿနာ ဖြေရှင်းရာမှာ အသုံးပြုဖို့ ကိုလသမဂ္ဂဆီကို ဒေါ်လာ ၉ သိန်း ကူညီလိုက်တယ် ။

ဂျပန်အစိုးရက စစ်ကောင်စီနဲ့မပတ်သက်ဖို့ သဘောတူလိုက်တယ် ။ လေယာဉ်ပေါ်တက်လုနီးနီး မြန်မာဘောလုံးသမားကို ဂျပန် လူဝင်မှု့ကြီးကြပ်ရေးဌာနက နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ လေဆိပ်အထိ လိုက်ခေါ်ပြီး စစ်ကောင်စီကို ဆန့်ကျင်ပြလိုက်တယ် ။

မလေးရှားဘုရင်က စစ်ကောင်စီ အာဏာသိမ်းထားစဉ်မှာ မြန်မာကို အာဆီယံအဖွဲ့ကနေ ခဏထုတ်ပယ်ထားဖို့ ကြေငြာလိုက်တယ် ။ အမေရိကန်က မြန်မာပြဿနာအတွက် အထူးကိုယ်စားလှယ် ခန့်လိုက်တယ် ။

စာရေးသူရဲ့ သုံးသပ်ချက်ကတော့ မလေးရှားဘုရင်ဟာ ၊ အာဆီယံအဖွဲ့ကို အလွဲသုံးစားလုပ်ပြီး ကတိမတည်တဲ့ စစ်ကောင်စီကို မပတ်သက်ချင်တော့ဘူးလို့ ယူဆပါတယ် ။ ကုလက အာဆီယံကို ထိုးပေးပြီး ညှိနှိုင်းခိုင်းပေမယ့် ၊

ကတိမတည်တဲ့ စစ်ကောင်စီကို ကုလနဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေဆီ ပြန်ပို့လိုက်တာပါ ။ မြန်မာကို အာဆီယံကနေ ထုတ်ပယ်ဖို့ မလေးရှားဘုရင်ရဲ့ အဆိုတင်သွင်းမှု့ကို အလှည့်ကျ ဥက္ကဋ္ဌဘရူနိုင်းနဲ့ အဖွဲ့ဝင်နိုင်ငံတွေက မဲခွဲ ဆုံးဖြတ်မှာပါ ။

ဆိုရရင် ၊ နွေဦးတော်လှန်ရေးဟာ အောင်ပြီ လို့ကို ပြောလို့ရပါပြီ ။ ကမ္ဘာကြီးက စစ်ကောင်စီကို အသက်ဆက်ခွင့် မပေးတော့ပါဘူး ။ သို့ပေမယ့် တော်လှန်ရေးကာလဟာ အချိန်ရှည်နေဦးမလား ၊ မြန်မြန်အဆုံးသတ်မလား ဆိုတာတော့ ပြောလို့မရသေးပါဘူး ။

မြန်မာပြည်သူတွေဘက်မှာ ကမ္ဘာကြီးကပါ ကူညီနေပြီဆိုတော့ NUG ရဲ့ နိုင်ငံရေး ၊ စစ်ရေး လှုပ်ရှားမှု့တွေကို ပြည်သူတွေက ကူညီကြရပါလိမ့်မယ် ။ NUG ရဲ့ ဗျူဟာတွေဟာ တစ်ခုပြီးတစ်ခု ၊

တစ်ရက်ပြီးတစ်ရက် ထက်သထက် ထက်လာတာ ၊ တက်သထက် တက်နေတာတွေကို သုံးသပ်ကြည့်ရရင် ပွဲပြီးပါတော့မယ် ။

နားမလည် ပါးမလည် စစ်ကောင်စီ လက်နက်ကိုင်တွေကတော့ မြို့တွေပေါ်မှာ ခံတပ်တွေဆောက်နေတာ တွေ့ကြမှာပါ ။ ဒါဟာ ခေတ်ကို မေ့လျော့နေခဲ့တဲ့ လုပ်ရပ်ဆိုတာ သူတို့မသိသေးပါဘူး ။

PDF တွေကလည်း သင်တန်းဆင်းပြီးလို့ D-Day အတွက် အဆင်သင့်ပါ ။ ၂၀ ရာစုစစ်ပွဲမဟုတ်ပါဘူး ။ ၂၁ ရာစု စစ်ပွဲပါ ။

ကုလသမဂ္ဂအဖွဲ့ကြီးကိုယ်တိုင် စစ်ကောင်စီကို နှိမ်နင်းရာမှာ နိုင်ငံအသီးသီးက ဝိုင်းဝန်းကူညီဖို့ အမိန့်ထုတ်ထားပြီဆိုတော့ PDF ရဲ့ D-Day မှာ

ဘယ်ကရောက်လာမှန်းမသိတဲ့ လက်နက်ဆန်းတွေကို စစ်ကောင်စီရဲ့ သင်္ကြန်မဏ္ဍပ်နဲ့ သဲအိပ်ခံတပ်တွေက ၂ ရက်လောက်တောင် တောင့်ခံနိုင်ဖွယ် မရှိပါဘူး ။

လက်နက်ကုမ္မဏီကြီးတွေရဲ့ လက်နက်ကြော်ငြာပွဲတစ်ပွဲမှာ စစ်ကောင်စီဟာ ပြေးရုံကလွဲပြီး အခြားမရှိတော့ပါဘူး ။

Crd-Original Post