အလှူရှင်တွေ လှူဒါန်းတဲ့ အင်္ကျီတွေကို အလုအယက်ယူရင်း ပျော်လွန်းလို့ ပီတိဖြာနေကြတဲ့ ဒေသခံတွေနဲ့ ကလေးငယ်တွေရဲ့ ဗီဒီယိုဖိုင်

အလှူရှင်တွေ လှူဒါန်းတဲ့ အင်္ကျီတွေကို အလုအယက်ယူရင်း ပျော်လွန်းလို့ ပီတိဖြာနေကြတဲ့ ဒေသခံတွေနဲ့ ကလေးငယ်တွေရဲ့ ဗီဒီယိုဖိုင်

အခုဆိုရင် စေတနာ အလှူရှင်တွေ စုပေါင်းပြီး စစ်ဘေးရှောင် ပြည်သူတွေနဲ့ ဝေးလံခေါင်သီတဲ့ အရပ်ဒေသတွေကို လိုအပ်တဲ့ အစားအစာ ၊ ဆေးဝါးနဲ့ အဝတ်အထည်များကို ဝိုင်းဝန်းကောက်ခံပြီး ခက်ခက်ခဲခဲသွားရောက် လှူဒါန်းပေးနေကြတာ တွေ့ရပါတယ် ။

မြန်မာ လူမျိုးတွေကလည်း တစ်ပါးသူ ကို လှူဒါန်းဖို့ဆို မရှိရှိတာနဲ့ သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းကြတဲ့ သူတွေကြီးပါပဲ ။ဒီလိုမျိုး လိုအပ်တာတွေ လှူဒါန်းလိုက်လို့ အလှူလက်ခံရရှိသူတွေ ခဏတာပဲ ဖြစ်ဖြစ် အဆင်ပြေသွားတာကို ကြည့်ပြီး

ကြည်နူးပီတိဖြစ်ရတဲ့ ခံစားချက်ကလည်း ဘာနဲ့မှ နှိုင်းယှဉ်မရပါဘူး ။အခုလည်း အတော်လေး ဝေးလံခေါင်သီတဲ့ ဒေသလေးတစ်ခုကို အလှူရှင်တွေလှူဒါန်းပေးတဲ့ အဝတ်အထည်တွေ ၊ စားစရာတွေနဲ့ မိုးကာ အင်္ကျီများ သွားရောက် လှူဒါန်းပေးခဲ့တဲ့ ပို့စ်လေးတစ်ခု

လူမှုကွန်ယက်စာမျက်နှာထက်မှာ တက်လာခဲ့ပါတယ် ။

လှူဒါန်းပေးလိုက်တဲ့ အဝတ်အထည်တွေကို အလုအယက် ယူပြီး ပျော်ရွှင်နေကြတဲ့ ဒေသခံတွေရဲ့ ပုံရိပ်လေးတွေက ကြည့်မိသူတိုင်းကို အပျော်တွေ ကူးစက်စေမှာအမှန်ပါပဲ ။

ဒီလိုကြည်နူးစရာကောင်းတဲ့ အဖြစ်လေးကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ ပြည်သူတစ်ဦးကလည်း ” မိတ်ဆွေတွေလှူတဲ့အဝတ်အထည်တွေထဲမှာနွေဦးတော်လှန်ရေးတီရှပ်တွေပါလာတယ် ။

တိုင်းရင်းသားလူငယ်လေးတွေဟာအလုအယက်နဲ့ ယူကြတယ် သူတို့ဖက်ဒရယ်အာမီမှာတာဝန်ထမ်းဆောင်ချင်တယ်တဲ့ အိမ်ပေါ်မှာ ဗိုလ်ချုပ်နဲ့အမေစုပုံလေးချိတ်ထားတာတွေ့လို့ ဒေါ်အောင်ဆန်းစုကြည်အမာခံ အဖိုးကြီးက သူမေတ္တာပို့တယ်ဆိူတာ ပြောပေးပါတဲ့ ။

ရေဒီယိုသတင်းသူအမြဲနားထောင်တဲ့အကြောင်းပြောပြတယ် ဒီလောက်ဝေးလံခေါင်သီတဲ့ရွာလေးမှာဒေါ်အောင်ဆန်းစုကြည်ပုံတွေ့ရတာအတော်ထူးဆန်းအံ့ဩမိတယ် ကြည်နူးမိတယ် အလှူရှင်တွေ လှူတဲ့အဝတ်တွေကို မိုးကာပေါ်ဖြန့် ကြိုက်ရာယူကြ ရွေးခိုင်းတော့ စျေးရောင်းတာထင်ပြီးမကပ်ရဲဘူး ။

နောက်မှအလကားပေးတာပါဆိုတော့အလုအယက်ယူကြတယ် ကလေးတွေကရေခဲမုန့်တခါမှမစားဖူးကြဘူးတဲ့ ရေခဲပုံးတွေနဲ့သယ်လာတဲ့ရေခဲမုန့်တွေကျွေးလိုက်ရတာစိတ်ချမ်းသာလိုက်တာ အလှူရှင်တွေလှူတဲ့ဖိနပ်လေးတွေမိုးကာတွေကနေအနှီးတွေထိ ကိုယ်ဝန်ဆောင်အားဆေးတွေ

ကလေးအားဆေးတွေဝေပေး လူကြီးတွေကိုအားဆေးဒဏ်ကြေလိမ်းဆေးရှူဆေးတွေပေါ့ ။

ကိုယ့်ဒုက္ခတောထဲကူးနေရတာအသက်ကယ်ဝတ်စုံပါသေးတယ် လက်ပစ်ကူးနေတဲ့လူတွေကို အားနာမိပါတယ် ပြည်သူမှာပြည်သူတွေပဲရှိတယ် မလား အတူတကွရှင်သန်ဖို့ အတူကြိုးစားရမှာပဲ နိုင်သလောက် ထမ်းတဲ့ဝန်တွေမှာ ပိုအားစိုက်ကြ ပိုကူညီကြ ပိုမျှဝေကြတာပေါ့ ” ခုလိုရေးသားဖော်ပြထားပါသေးတယ် ။

ပရိသတ်ကြီး အတွက် အင်္ကျီလေးတွေရလို့ ပျော်ရွှင်နေကြတဲ့ ဒေသခံတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော် ။

Crd-Original Post