မြန်မာအရေးဆုံးဖြတ်ချက် UNတွင် အိမ်နီးချင်း၅နိုင်ငံ ကြားနေသဖြင့် NUG ကအိမ်နီးချင်းနိုင်ငံနှင့်ဆက်ဆံရေး ခိုင်မာတဲ့မူဝါဒများ စနစ်တကျပြန်ထားရှိမည်

မြန်မာအရေးဆုံးဖြတ်ချက် UNတွင် အိမ်နီးချင်း၅နိုင်ငံ ကြားနေသဖြင့် NUG ကအိမ်နီးချင်းနိုင်ငံနှင့်ဆက်ဆံရေး ခိုင်မာတဲ့မူဝါဒများ စနစ်တကျပြန်ထားရှိမည်

ဇွန် ၂၂

ပြီးခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာစစ်တပ်ကို လက်နက်စီးဝင်မှုရပ်တန့်ရေးအဆိုကို မဲခွဲဆုံးဖြတ်ရာ အိမ်နီးချင်း၅နိုင်ငံကြားနေခဲ့တဲ့အတွက် အိမ်နီးချင်းနိုင်ငံနှင့်ဆက်ဆံရေး မူဝါဒစနစ်တကျပြန်ထားရှိမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အစည်းအဝေးက သိရပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတက “ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံအခြေ အနေနှင့် ပတ်သက်တဲ့ resolution ကို မဲခွဲဆုံးဖြတ်ရာ resolution ပါ အကြောင်းအရာတွေက အလုံးစုံကျေနပ်စရာမဟုတ်ပေမယ့် ကန့်ကွက်မဲ ၁ မဲသာရှိပြီး အမြဲကန့်ကွက်နေကျနိုင်ငံများဖြစ်တဲ့တရုတ် နှင့် ရုရှား နိုင်ငံများသည်ပင်

ကြားနေအဖြစ် ရပ်တည်လာတာကိုတွေ့ရတယ် တိုးတက်မှုရှိလာတယ်လို့ပြောလို့ရတယ် ဒါပေမယ့် အိမ်နီးချင်း ၅ နိုင်ငံလုံး ကြားနေအဖြစ်သာရပ်တည်ခဲ့သည်ကို တွေ့ရတယ် နိုင်ငံတကာရေးရာနဲ့ ပတ်သတ်ရင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးမှာNUG အစိုးရအနေနဲ့က ခိုင်မာသောမူဝါဒများစနစ်တကျ ထားရှိရန်လိုအပ်တယ်” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးမှာ မြန်မာအရေးအဆုံးဖြတ်ချက်အပေါ် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း ၊ ဘရူးနိုင်း ၊ ကမ္ဘောဒီးယား ၊ လာအို နဲ့ တီမော နိုင်ငံတို့က ကြားနေခဲ့တာဖြစ်ပါတယ်။