ဒီမိုကရေစီ ပြန်လည်ရရှိဖို့ ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေကို စာလေးတွေရေးပြီး အားပေးလာခဲ့တဲ့ တောင်ကိုရီးယား ကျောင်းသူ၊ကျောင်းသားများ

ဒီမိုကရေစီ ပြန်လည်ရရှိဖို့ ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေကို စာလေးတွေရေးပြီး အားပေးလာခဲ့တဲ့ တောင်ကိုရီးယား ကျောင်းသူ၊ကျောင်းသားများ

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးကိစ္စတွေကို ရေမြေရပ်ခြားပြည်ပနိုင်ငံတွေကပါ အားပေးကူညီပေးကြပြီး မြန်မာပြည်သူတွေနဲ့အတူ အပြည့်အဝ ရပ်တည်ပေးကြတာကို တွေ့ရပါတယ်…

ဒီလို ရပ်တည်ပေးခဲ့ကြတဲ့ နိုင်ငံတွေထဲမှာတော့ တောင်ကိုရီးယားနိုင်ငံကလည်း အပါအဝင်ပဲ ဖြစ်ပါတယ်…

တောင်ကိုရီးယားနိုင်ငံဟာ မြန်မာပြည်သူတွေ ဒီမိုကရေစီပြန်လည်ရရှိဖို့အတွက် အားပေးထောက်ခံပေးကြသလို အလှူငွေများကူညီထောက်ပံ့ပေးတာ တွေ့ရပါတယ်…

ယခုမှာလည်း တောင်ကိုရီးယား ကျောင်းသူ၊ ကျောင်းသားတွေက မြန်မာပြည်သူတွေအတွက် အားပေးနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြလာတာတွေ့ရပါတယ်…

ဒီကျောင်းသူ၊ ကျောင်းသားလေးတွေကတော့ ဂယောင်ဂီဒို ဟွာဆောင်မြို့မှာရှိတဲ့ Bong-dam High School မှာ ပညာသင်ကြားနေကြတဲ့ အထက်တန်းကျောင်းသားတွေပဲ ဖြစ်ပါတယ်…

ဒီပုံလေးတွေထဲမှာတော့ စာသင်ချိန်လေးမှာ ကျောင်းသူ၊ ကျောင်းသားလေးတွေဟာ မြန်မာပြည်သူတွေ ခံစားနေရတဲ့ အခြေအနေကို…

အားပေးဖို့အတွက် သူတို့ရဲ့ ခံစားချက်လေးတွေကို နံရံမှာကပ်ထားတဲ့ စာရွက်လေးတွေပေါ်မှာ ရေးသားထားသလို ဆိုင်းဘုတ်လေးတွေကိုင်ဆောင်ပြီး အားပေးထားကြတာ တွေ့ရပါတယ်…

ကဲ ပရိသတ်ကြီးလည်း မြန်မာ့ဒီမိုကရေစီကို အတူတူပါဝင်ပြီး အားပေးကြတဲ့ Bong-dam High School ကျောင်းသားလေးတွေကို ကျေးဇူးတင်စကားလေးတွေ ပြောပေးခဲ့ပါဦး…

Crd-Original Post