မတရားမီးရှို့ဖျက်ဆီးခံရမှုကြောင့် ပြာကျသွားခဲ့ရတဲ့ ယင်းမာပင် – ကနီနယ်စပ်က အပြစ်မဲ့ပြည်သူတို့ရဲ့ နေအိမ်များ

မတရားမီးရှို့ဖျက်ဆီးခံရမှုကြောင့် ပြာကျသွားခဲ့ရတဲ့ ယင်းမာပင် – ကနီနယ်စပ်က အပြစ်မဲ့ပြည်သူတို့ရဲ့ နေအိမ်များ

ဇွန်လ (၂၂) ရက်နေ့မှာ စစ်ကောင်စီတပ်တွေဟာ ယင်းမာပင်-ကနီနယ်စပ် ဘန့်ဘွေးထန်းဇင်တောပြင်ဒေသမှ အပြစ်မဲ့ပြည်သူများရဲ့ နေအိမ် (၈) လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်

ဒီလိုမီးရှို့ဖျက်ဆီးခံရတာကြောင့် နေအိမ်တွေဟာ ပြာပုံအတိဖြစ်ခဲ့ပြီး ပြည်သူတွေလည်း အိုးအိမ်မဲ့ခဲ့ရပါတယ် အိမ်ဆိုတာ မိသားစုတွေရဲ့

ခိုလှုံရာလေးမို့ အခုလိုဆုံးရှုံးလိုက်ရတဲ့အတွက်တော့ ရင်ထဲမချိနိုင်အောင်ဖြစ်နေခဲ့မှာပါ

အခုလိုမိုးတွင်းကာလမှာဆို အမိုးအကာကောင်းတဲ့အိမ်တစ်လုံးက လိုအပ်တာမို့ ဆုံးရှုံးသွားသူတွေ အတွက်တော့စိတ်မကောင်းစရာပါပဲ။

နေအိမ်အပြင် အိမ်မွေးတိရိစ္ဆာန်လေးတွေပါ မီးထဲမှာကျွမ်းလောင်ပြီး မချိမဆန့်သေဆုံးခဲ့ရပါတယ်

ဒီမှတ်တမ်းပုံရိပ်တွေကို ဒေသခံတွေဟာ ရင်နာနာနဲ့ရိုက်ကူးပြီး လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါတယ်။ တစ်သက်လုံးစုဆောင်းလာခဲ့တဲ့

ပိုင်ဆိုင်မှုလေးတွေ မီးလောင်ကျွမ်းနေတာကို ဘာမှမလုပ်နိုင်ဘဲ ထိုင်ကြည့်နေရတဲ့ခံစားချက်ဟာ ရူးမသွားရုံတမယ်ပါပဲ

ပြည်သူတွေရဲ့နာကျည်းမှုဟာ အားအင်တွေအဖြစ်ပြောင်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေ ကို အဆုံးထိတော်လှန်ကြတော့မှာပါ

ပြည်သူတွေဟာ အိုးအိမ်ဆုံးရှုံးခဲ့ရသူတွေအတွက် စိတ်မကောင်း ဖြစ်ရကြောင်း မှတ်ချက်တွေ အများအပြားပေးခဲ့ကြပါတယ်

အေးချမ်းတဲ့ နိုင်ငံတော်ဖြစ်ဖို့ဆိုတာ ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကင်းရှင်းမှပဲ အဆင်ပြေနိုင်မှာပါ နိုင်ငံတော်ကြီးအေးချမ်းသာယာမယ့်

နေ့ရက်တွေကိုအမြန်ဆုံးရောက်ပြီး ပြည်သူတစ်ရပ်လုံး လိုချင်တဲ့ စစ်မှန်သောဒီမိုကရေစီကိုရနိုင်ဖို့ အားလုံးကကြိုးစားနေကြပါတယ်

Crd-Original Post