အဆိုတော် ရေမွန် ကွယ်လွန်ခြင်း အကြောင်းအပြည့်အစုံကို ပြောပါလာတဲ့ အဆိုတော် နိုဗန်ထူး…

အဆိုတော် ရေမွန် ကွယ်လွန်ခြင်း အကြောင်းအပြည့်အစုံကို ပြောပါလာတဲ့ အဆိုတော် နိုဗန်ထူး…

ပရိတ်သတ်ကြီး ရေ အဆိုတော် ရေမွန် ရုတ်တရက် သေဆုံးတာ နဲ့ ပတ် သက်ပြီး ကောလာ ဟလတွေ ထွက်နေသလို မဟုတ်ပဲ ငှက်ဖျားရောဂါ နဲ့ သာ ကွယ်လွန်တာ ဖြစ်တယ်လို့ သူ နဲ့ အတူနေ ဂီတညီအကို နိုဗန်ထူးက ပြောပါတယ်။

သူက တရှောင်ရှောင် ဖြစ်နေ တာတော့ နည်းနည်း ကြာနေပြီ။ ဒီနေ့ မနက် မှ ရုတ်တရက် ဖြစ်သွားတာ။ မနက်က တော်တော် နဲ့ မနိုးတော့ ပထမ အိပ်နေတယ် ထင်သေးတယ်။ သိတဲ့ အချိန်မှာ အသက်ကယ်ဖို့ ကြိုးစားကြပေမယ့် အချိန်မမှီ တော့ဘူး ။

အနားမှာ ရဲဘော် ရဲဘက် ဘော် ဒါတွေလည်း ရှိတယ်။ အပြင်မှာ ပြောနေကြတဲ့ ကောလ ဟာလတွေလို လုံးဝ မဟုတ်ပါဘူးလို့ နိုဗန်ထူး ကပြောပါတယ် ။

ရေမွန် နဲ့ အတူ နိုဗန်ထူးတို့ လူငယ်တွေ ဟာ စ်အုပ်စု ရဲ့ တရားမဝင် အာဏာသိမ်းမှုကို လက်မခံကြပဲ ၊ မြို့ ပြဆန္ဒပြပွဲတွေ ကနေတဆင့် လွတ်မြောက်နယ်မြေကို အတူတူ ရောက်လာ ကြတာ ဖြစ်ပါတယ်။

ရေမွန်ရဲ့ ဈာပန အစီအစဉ်ကို ဘယ်လို ကျင်းပမယ် ဆိုတာကို တော့ မိသားစုဝင် တွေ နဲ့ တိုင်ပင်ပြီး ဆုံးဖြတ် သွားမယ်လို့ ဆိုပါတယ်။

Crd-Original Post