လွတ်မြောက်နယ်မြေမှာ မကွယ်လွန်ခင် ဂီတာလေးတီးပြီး အားရပါးရသီဆိုဟစ်ကြွေးနေတဲ့ ရေမွန်ရဲ့ ဗွီဒီယို

လွတ်မြောက်နယ်မြေမှာ မကွယ်လွန်ခင် ဂီတာလေးတီးပြီး အားရပါးရသီဆိုဟစ်ကြွေးနေတဲ့ ရေမွန်ရဲ့ ဗွီဒီယို

ချစ်လှစွာသောပရိတ်သတ်ကြီးရေ ဒီနေ့မနက်တွင် ပရိသတ်တွေ ချစ်ကြတဲ့ Idiots အဖွဲ့မှ အဆိုတော် ရေမွန်ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ စကစဘက်မှ ၅၀၅ (က) နဲ့အမှုဖွင့်ထားတာကြောင့် ဝရမ်းပြေးအဖြစ် နဲ့လွတ်မြောက်နယ်မြေတွင် ရှောင်ပြေးနေရင်းကွယ်လွန်သွားတာပဲဖြစ်ပါတယ်

သူဟာ အစာအိမ်သွေးကြောပေါက်သွားတာကြောင့် ကွယ်လွန်သွားတာဖြစ်တယ်လို့ သူငယ်ချင်း ဖြစ်သူ နိုဗန်ထူးကတင်ထားပါတယ် ဒီသတင်းဟာ သူ့ကိုချစ်ကြ တဲ့ ပရိသတ်တွေအတွက် အရမ်းကို ဝမ်းနည်းပူဆွေးစရာပါပဲ။ အားလုံးနဲ့ အဆင်ပြေအောင် နေတတ်ထိုင်တတ်ပြီး သူချစ်တဲ့ ပရိသတ်တွေအပေါ်လည်း တာဝန်ကျေပွန်လွန်းတဲ့ ရေမွန်ကိုဆုံးရှုံးလိုက်ရတာ အရမ်းကိုနာကျင်စရာကောင်းလွန်းပါတယ်

သူနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကိုလည်းဆိုရှယ်မီဒီယာထွက်တွင် မြင်နေရပြီး လွတ်မြောက်နယ်မြေရောက်နေစဉ်အတွင်းသီဆိုခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကိုလည်း ပရိသတ်တစ်ယောက်မှတင်ထားပါတယ်။ အကြွေစောပေမယ့်လည်း သူဖန်တီးထားတဲ့သီချင်းတွေကတော့တစ်သက်လုံးရှင်သန်နေမှာပါ။

https://www.youtube.com/watch?v=77Bb5H8L7pY

Crd-Original Post