သွေးမအေးတဲ့မုံရွာပြည်သူတွေရဲ့ မြို့လယ်ခေါင်မှာပြုလုပ်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပုံရိပ်များ

သွေးမအေးတဲ့မုံရွာပြည်သူတွေရဲ့ မြို့လယ်ခေါင်မှာပြုလုပ်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပုံရိပ်များ

ဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် အရေးတော်ပုံကြီးအောင်မြင်ရေးအတွက် မြို့လုံးကျွတ်နီးပါးတက်ကြွခဲ့ကြတဲ့မြို့တွေထဲမှာဆိုရင် မုံရွာမြို့ကလည်းချန်ထားလို့မရတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

ဖမ်းဆီးခံရမှုတွေ၊ ဖြိုခွင်းခံရမှုတွေကြောင့် ဆန္ဒပြပွဲတွေအရှိန်အဟုန်လျော့နည်းသွားပေမယ့်လည်း ပြည်သူတွေကတော့ ရရာနည်းလမ်းနဲ့ ဆန့်ကျင်ဆန္ဒပြနေကြဆဲဖြစ်ပြီး ပြောက်ကျားသပိတ်တွေပြုလုပ်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်နေကြတာဖြစ်ပါတယ်။

မုံရွာဒေသအတွင်းမှာ အာဏာရှင်စနစ်‌ကိုတော်လှန်ရင်း အသက်ဆုံးရှုံးသွားရတဲ့သူရဲကောင်းတွေလည်းရှိသလို မုံရွာလူထုခေါင်းဆောင် ကိုဝေမိုးနိုင်အပါအ၀င်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေလည်းများစွာရှိနေတာပါ။

အခုလိုမုံရွာမြို့ကိုစစ်‌ကောင်စီတပ်တွေက ဖိနှိပ်ထားတဲ့ကြားကနေ မုံရွာပြည်သူလူထုကတော့ ရရာနည်းလမ်းနဲ့နေပူမရှောင် မိုးရွာမရှောင် ယနေ့ထက်ထိဆန္ဒထုတ်ဖော်နေကြဆဲဖြစ်ပါတယ်…..။

ဒီကနေ့ ဇွန်လ၂၄ရက်နေ့မှာဆိုရင်လည်း မုံရွာပြည်သူလူထုက မြို့လယ်မီးပွိုင့်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ အချိန်တိုလေးအတွင်းမှာ ဆိုင်ကယ်တွေကိုယ်စီနဲ့ ချက်ချင်းစုရုံးရောက်ရှိလာကြပြီး လက်သုံးချောင်းထောင်ကာဆန္ဒပြခဲ့ကြပါတယ်။

ဖိနှိပ်မှုတွေကြားကနေ မြို့လယ်ခေါင်မှာဆန္ဒထုတ်ဖော်ရင်း သမဂ္ဂအလံလွှင့်နိုင်ခဲ့တဲ့ မုံရွာပြည်သူတွေရဲ့သတ္တိကတော့လေးစားစရာပါ။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Burma Revolution’s Facebook page

(ZAWGYI)

ေသြးမေအးတဲ့မုံ႐ြာျပည္သူေတြရဲ႕ ၿမိဳ႕လယ္ေခါင္မွာျပဳလုပ္ခဲ့ၾကတဲ့ စစ္အာဏာရွင္ဆန႔္က်င္ေရးသပိတ္ပုံရိပ္မ်ား

ေဖေဖာ္ဝါရီလအစပိုင္းတည္းကတိုင္ အေရးေတာ္ပုံႀကီးေအာင္ျမင္ေရးအတြက္ ၿမိဳ႕လုံးကြၽတ္နီးပါးတက္ႂကြခဲ့ၾကတဲ့ၿမိဳ႕ေတြထဲမွာဆိုရင္ မုံ႐ြာၿမိဳ႕ကလည္းခ်န္ထားလို႔မရတဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါတယ္။

ဖမ္းဆီးခံရမႈေတြ၊ ၿဖိဳခြင္းခံရမႈေတြေၾကာင့္ ဆႏၵျပပြဲေတြအရွိန္အဟုန္ေလ်ာ့နည္းသြားေပမယ့္လည္း ျပည္သူေတြကေတာ့ ရရာနည္းလမ္းနဲ႔ ဆန္႔က်င္ဆႏၵျပေနၾကဆဲျဖစ္ၿပီး ေျပာက္က်ားသပိတ္ေတြျပဳလုပ္ကာ စစ္အာဏာရွင္ကိုဆန႔္က်င္ေတာ္လွန္ေနၾကတာျဖစ္ပါတယ္။
မုံ႐ြာေဒသအတြင္းမွာ အာဏာရွင္စနစ္‌ကိုေတာ္လွန္ရင္း အသက္ဆုံးရႈံးသြားရတဲ့သူရဲေကာင္းေတြလည္းရွိသလို မုံ႐ြာလူထုေခါင္းေဆာင္ ကိုေဝမိုးႏိုင္အပါအ၀င္ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့သူေတြလည္းမ်ားစြာရွိေနတာပါ။

အခုလိုမုံ႐ြာၿမိဳ႕ကိုစစ္‌ေကာင္စီတပ္ေတြက ဖိႏွိပ္ထားတဲ့ၾကားကေန မုံ႐ြာျပည္သူလူထုကေတာ့ ရရာနည္းလမ္းနဲ႔ေနပူမေရွာင္ မိုး႐ြာမေရွာင္ ယေန႔ထက္ထိဆႏၵထုတ္ေဖာ္ေနၾကဆဲျဖစ္ပါတယ္…..။
ဒီကေန႔ ဇြန္လ၂၄ရက္ေန႔မွာဆိုရင္လည္း မုံ႐ြာျပည္သူလူထုက ၿမိဳ႕လယ္မီးပြိဳင့္မွာ ဆႏၵထုတ္ေဖာ္ခဲ့ၾကတာျဖစ္ပါတယ္။ အခ်ိန္တိုေလးအတြင္းမွာ ဆိုင္ကယ္ေတြကိုယ္စီနဲ႔ ခ်က္ခ်င္းစု႐ုံးေရာက္ရွိလာၾကၿပီး လက္သုံးေခ်ာင္းေထာင္ကာဆႏၵျပခဲ့ၾကပါတယ္။

ဖိႏွိပ္မႈေတြၾကားကေန ၿမိဳ႕လယ္ေခါင္မွာဆႏၵထုတ္ေဖာ္ရင္း သမဂၢအလံလႊင့္ႏိုင္ခဲ့တဲ့ မုံ႐ြာျပည္သူေတြရဲ႕သတၱိကေတာ့ေလးစားစရာပါ။ ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Photo credit-​ Burma Revolution’s Facebook page