ကောင်မလေးကိုလိုက်ကယ်ရင်း သူပါရေနစ်ပြီး ဆုံးပါးသွားရတဲ့ တောင်ကြီးမြို့က လူငယ်လေးရဲ့အကြောင်းကို ဝမ်းနည်းစွာဖွင့်ဟလာတဲ့ မိသားစုဝင်တစ်ဦး

ကောင်မလေးကိုလိုက်ကယ်ရင်း သူပါရေနစ်ပြီး ဆုံးပါးသွားရတဲ့ တောင်ကြီးမြို့က လူငယ်လေးရဲ့အကြောင်းကို ဝမ်းနည်းစွာဖွင့်ဟလာတဲ့ မိသားစုဝင်တစ်ဦး

ပြီးခဲ့တဲ့ ဇွန်လ (၂၂) ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ရုရှားရေကန်မှာ လူငယ် (၃) ဦး ရေနစ်သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်

ဖြစ်စဥ်ကတော့ ကောင်မလေးရေနစ်သွားတာကို ချစ်သူကောင်လေးနဲ့ သူ့ရဲ့သူငယ်ချင်းကပါ လိုက်ကယ်ရင်း အတူတူ ဆုံးပါးသွားခဲ့ရတာပဲ ဖြစ်ပါတယ် သူတို့သုံးယောက်ရဲ့ရုပ်အလောင်းတွေကိုတော့ ဇွန်လ (၂၃) ရက်နေ့မနက်ပိုင်းမှာ

ရှာဖွေတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ရဲ့မိသားစုဝင်တွေခမျာ အရမ်းကိုစိတ်ထိခိုက်နေရတာ ဖြစ်ပါတယ်အခုလည်း ကွယ်လွန်သူသုံးယောက်ထဲက ခွန်ဟန်စိန် ခေါ် သွေးသွေးလို့ခေါ်တဲ့ လူငယ်လေးရဲ့အကြောင်းကို

မိသားစုဝင်တစ်ယောက်က ဝမ်းနည်းစွာနဲ့ ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်

ခွန်ဟန်စိန်ကတော့ သူ့ရဲ့ကောင်မလေးကို လိုက်ကယ်ရင်းနဲ့ ရေနစ်ပြီး သေဆုံးသွားရတဲ့ ကောင်လေးပဲ ဖြစ်ပါတယ်

အသက် (၂၂)နှစ်အရွယ်သာရှိသေးတဲ့ ခွန်ဟန်စိန် ခေါ် သွေးသွေးက အဆိုတော်၊သရုပ်ဆောင်တစ်ဦး ဖြစ်ချင်ခဲ့သူ ဖြစ်ပါတယ်

ဒါကြောင့် သူ့ရဲ့အဒေါ်ဖြစ်သူက နောက်ဘဝဆိုတာများရှိခဲ့ရင် သွေးလိုချင်တဲ့ သာယာတဲ့ မိသားစုဘဝလေးမှာ ပြန်ပြီးမွေးဖွားပါစေ ဆိုပြီး ဆုတောင်းပေးထားတာ ဖြစ်ပါတယ်

ရေနွေးနဲ့အမြဲချိုးတတ်တဲ့ တူလေးက ရေအေးထဲမှာ တစ်ညလုံးမွန်းကျပ်စွာနေခဲ့ရတာကိုတွေးရင်း အဒေါ်ဖြစ်သူက စိတ်မကောင်းဖြစ်နေတာလည်း ဖြစ်ပါတယ်

ဒါ့အပြင် ကွယ်လွန်သွားတဲ့လူငယ်လေးတွေနဲ့ ပတ်သက်ပြီး အပြစ်တင်ဝေဖန်တဲ့ Commentတွေ မရေးသားကြဖို့ မိသားစုဝင်တွေက တောင်းဆိုထားတာလည်း ဖြစ်ပါတယ်

Crd-Original Post

(ZAWGYI)











Crd-Original Post