လောကကြီးကနေအစောကြီးထွက်ခွါသွားတဲ့ သူငယ်ချင်းဖြစ်သူရေမွန်အတွက် ရင်နာနာနဲ့ရေးသားလာခဲ့တဲ့ မေရဲ့စာလေး

လောကကြီးကနေအစောကြီးထွက်ခွါသွားတဲ့ သူငယ်ချင်းဖြစ်သူရေမွန်အတွက် ရင်နာနာနဲ့ရေးသားလာခဲ့တဲ့ မေရဲ့စာလေး

ဇွန်လ (၂၃) ရက်နေ့မှာတော့ Idiots အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဆိုတော် ရေမွန်ကွယ်လွန်သွားပြီဖြစ်ကြောင်း “Idiots” အဖွဲ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေကို အသိပေးပြောကြား လိုက်တာ ဖြစ်ပါတယ် ။

အဆိုတော်ရေမွန်ကတော့ရုတ်တရက် ကွယ်လွန်သွားတာဖြစ်ကြောင်း သိရတာလည်း ဖြစ်ပါတယ် ။ ရေမွန့်လို အရည်အချင်းရှိတဲ့ အဆိုတော်ကောင် းတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အပေါ် အနုပညာရှင် အသိုင်းအဝိုင်းတစ်ခုလုံး စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။

အဆိုတော်ရေမွန်ရဲ့သတင်းကိုကြားပြီး အနုပညာရှင်တွေ ဝမ်းနည်းကြောင်းစကားတွေကို သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် ဖော်ပြနေကြတာ ဖြစ်ပါ တယ် ။အဆိုတော်မေကလည်း သူမသိပ်ချစ်ရတဲ့ သူငယ်ချင်းရေမွန် ကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး

အရမ်းကိုဝမ်းနည်းနေတာ ဖြစ်ပါတယ် ။

မေကတော့ သူမရဲ့သူငယ်ချင်းလောကကြီးကနေအစောကြီးထွက်သွားတာကြောင့် ဝမ်းးနည်းကြေကွဲစွာနဲ့ရေမွန်အတွက်အခုလိုစာလေးရေးသားလာတာပဲဖြဟ်ပါတယ်နော်။

မေက” ငါတောင်အဆိုတော်ဖြစ်လို့ မအောင်မြင်သေးဘူး နင်ကထွက်သွားပြီလား.. ဘဝက ဘာတွေအတွက်ကြိုးစားခဲ့ရတာလဲ တကယ်မသိတော့ပါဘူးသူငယ်ချင်းရယ်… ကျေးဇူးတင်ပါတယ်.. လောကကြီးအတွက် အဓိပ္ပါယ်သိပ်ရှိတဲ့ သံစဉ်တွေထားခဲ့ပေးလို့..

နင့်သီချင်းတွေနားထောင်တိုင်း တခြားသူသတိမရတော့ဘူး နင့်ကိုပဲသတိရ ရတော့မယ်..

Rest In Power သူငယ်ချင်းရေ.. ဒီ့ထက်ပိုကောင်းတဲ့နေရာမှာ နင်လုပ်ချင်တဲ့အနုပညာတွေ စိတ်ဖြောင့်ဖြောင့်နဲ့ထပ်လုပ်ရပါစေဟာ..”

ဆိုင်္ပြီးအချစ်ဆုံးသူငယ်ချင်းရေမွန် ကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး ဝမ်းနည်းစကားဆိုထားတဲ့ အဆိုတော်မေရဲ့စာလေးတွေကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ပါ တယ်။

Crd-Original Post

(ZAWGYI)











Crd-Original Post