မိုက်လေးကိုင်ပြီး ရယ်စရာဘဲပြောချင်ဗေမဲ့ သေ နတ်ကိုင်ရတဲ့ တိုင်းကျော် ဟားငါးကောင်တို့ ပြောပြလာတဲ့စကားများ….

မိုက်လေးကိုင်ပြီး ရယ်စရာဘဲပြောချင်ဗေမဲ့ သေ နတ်ကိုင်ရတဲ့ တိုင်းကျော် ဟားငါးကောင်တို့ ပြောပြလာတဲ့စကားများ….

တချိန်က ဟာသတွေပြောတဲ့ လူရွှင်တော်တွေဆိုပေမယ့် အခုချိန်မှာ တဖွဲ့လုံးအနေနဲ့ ရယ်စရာပျက်လုံးတွေပြောမထွက်နိုင်တော့တဲ့ နောက်ကွယ်က အကြောင်းရင်းကို ပြောပြလာတဲ့ တိုင်းကျော်..လူရွှင်တော်တိုင်းကျော်တို့ ဟားငါးကောင်အဖွဲ့ကတော့ လွတ်မြောက်နယ်မြေမှာ

စစ်ရေးလေ့ကျင့်ရေးသင်တန်း သွားတက်နေကြတာ ဖြစ်ပါတယ်။

ပြည်သူတွေကို ကာကွယ်ဖို့အတွက် အရာအားလုံးကို စွန့်လွှတ်ပြီး တောထဲကိုထွက်လာခဲ့တဲ့ သူတို့အဖွဲ့ကို ပြည်သူတွေကလည်း လေးစားချီးကျူးနေကြတာ ဖြစ်ပါတယ် ။ သူတို့ကတော့ အမှန်တရားရဲ့ဘက်တော်သားတွေအဖြစ် ရပ်တည်ပြီး ပြည်သူတွေနဲ့အတူ ရှိနေတာ ဖြစ်ပါတယ် ။

တောထဲတောင်ထဲမှာ ပင်ပန်းဆင်းရဲစွာ နေထိုင်နေရပေမယ့်လည်း သူတို့အဖွဲ့က လုံးဝစိတ်ဓာတ်မကျဘဲ အမြဲတမ်း တက်ကြွနေကြတာ ဖြစ်ပါတယ် ။

ဒါ့အပြင် သူတို့က ပြည်သူတွေ အားတက်စေဖို့အတွက်ပါ အမြဲတမ်း တိုက်တွန်းနှိုးဆော်ပေးနေကြတာလည်း ဖြစ်ပါတယ် ။

အခုလည်း တိုင်းကျော်က အရင်ကဆိုရင် စင်ပေါ်မှာ လူရွှင်တော်ဝတ်စုံနဲ့ ဟာသပြောရတဲ့ဘဝကို ဘာနဲ့မှမလဲနိုင်ခဲ့တဲ့အကြောင်း ပြောပြထားတာ ဖြစ်ပါတယ် ။

ဒါပေမဲ့ အခုချိန်မှာတော့ ပြည်သူတွေထဲက တစ်ချို့မိသားစုတွေ ငိုနေရတာမြင်ပြီး သူတို့ရယ်စရာတွေ မပြောနိုင်တော့ကြောင်း ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် တိုင်းကျော်က သူတို့အဖွဲ့ကို ဂရုစိုက်ပါ၊အားတင်းထားပါလို့ မပြောဘဲ


ပြည်သူတွေသာ ဂရုစိုက်ပြီးနေကြဖို့ ပြောထားတာ ဖြစ်ပါတယ် ။ တစ်ချိန်တုန်းက ပျော်တော်ဆက်တွေဖြစ်ခဲ့ပေမယ့် အခုတော့ အသည်းမာစပြုနေတဲ့ ပြည်သူ့ရဲဘော်တွေဖြစ်နေပြီဆိုတဲ့ ဟားငါးကောင်အဖွဲ့ရဲ့ပုံရိပ်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Taingkyaw’s FB Acc

(ZAWGYI)

မိုက္ေလးကိုင္ၿပီး ရယ္စရာဘဲေျပာခ်င္ေဗမဲ့ ေသ နတ္ကိုင္ရတဲ့ တိုင္းေက်ာ္ ဟားငါးေကာင္တို႔ ေျပာျပလာတဲ့စကားမ်ား….

တခ်ိန္က ဟာသေတြေျပာတဲ့ လူ႐ႊင္ေတာ္ေတြဆိုေပမယ့္ အခုခ်ိန္မွာ တဖြဲ႕လုံးအေနနဲ႔ ရယ္စရာပ်က္လုံးေတြေျပာမထြက္ႏိုင္ေတာ့တဲ့ ေနာက္ကြယ္က အေၾကာင္းရင္းကို ေျပာျပလာတဲ့ တိုင္းေက်ာ္..လူ႐ႊင္ေတာ္တိုင္းေက်ာ္တို႔ ဟားငါးေကာင္အဖြဲ႕ကေတာ့ လြတ္ေျမာက္နယ္ေျမမွာ

စစ္ေရးေလ့က်င့္ေရးသင္တန္း သြားတက္ေနၾကတာ ျဖစ္ပါတယ္။

ျပည္သူေတြကို ကာကြယ္ဖို႔အတြက္ အရာအားလုံးကို စြန႔္လႊတ္ၿပီး ေတာထဲကိုထြက္လာခဲ့တဲ့ သူတို႔အဖြဲ႕ကို ျပည္သူေတြကလည္း ေလးစားခ်ီးက်ဴးေနၾကတာ ျဖစ္ပါတယ္ ။ သူတို႔ကေတာ့ အမွန္တရားရဲ႕ဘက္ေတာ္သားေတြအျဖစ္ ရပ္တည္ၿပီး ျပည္သူေတြနဲ႔အတူ ရွိေနတာ ျဖစ္ပါတယ္ ။

ေတာထဲေတာင္ထဲမွာ ပင္ပန္းဆင္းရဲစြာ ေနထိုင္ေနရေပမယ့္လည္း သူတို႔အဖြဲ႕က လုံးဝစိတ္ဓာတ္မက်ဘဲ အၿမဲတမ္း တက္ႂကြေနၾကတာ ျဖစ္ပါတယ္ ။

ဒါ့အျပင္ သူတို႔က ျပည္သူေတြ အားတက္ေစဖို႔အတြက္ပါ အၿမဲတမ္း တိုက္တြန္းႏႈိးေဆာ္ေပးေနၾကတာလည္း ျဖစ္ပါတယ္ ။

အခုလည္း တိုင္းေက်ာ္က အရင္ကဆိုရင္ စင္ေပၚမွာ လူ႐ႊင္ေတာ္ဝတ္စုံနဲ႔ ဟာသေျပာရတဲ့ဘဝကို ဘာနဲ႔မွမလဲႏိုင္ခဲ့တဲ့အေၾကာင္း ေျပာျပထားတာ ျဖစ္ပါတယ္ ။

ဒါေပမဲ့ အခုခ်ိန္မွာေတာ့ ျပည္သူေတြထဲက တစ္ခ်ိဳ႕မိသားစုေတြ ငိုေနရတာျမင္ၿပီး သူတို႔ရယ္စရာေတြ မေျပာႏိုင္ေတာ့ေၾကာင္း ဖြင့္ဟလာခဲ့တာ ျဖစ္ပါတယ္ ။ ဒါ့အျပင္ တိုင္းေက်ာ္က သူတို႔အဖြဲ႕ကို ဂ႐ုစိုက္ပါ၊အားတင္းထားပါလို႔ မေျပာဘဲ


ျပည္သူေတြသာ ဂ႐ုစိုက္ၿပီးေနၾကဖို႔ ေျပာထားတာ ျဖစ္ပါတယ္ ။ တစ္ခ်ိန္တုန္းက ေပ်ာ္ေတာ္ဆက္ေတြျဖစ္ခဲ့ေပမယ့္ အခုေတာ့ အသည္းမာစျပဳေနတဲ့ ျပည္သူ႔ရဲေဘာ္ေတြျဖစ္ေနၿပီဆိုတဲ့ ဟားငါးေကာင္အဖြဲ႕ရဲ႕ပုံရိပ္ေတြကိုလည္း ေဖာ္ျပေပးလိုက္ပါတယ္။

Source & Photo Credit-Taingkyaw’s FB Acc