ဒေါက်တာအောင်မိုးညိုအပါအဝင် မကွေးတိုင်းအစိုးရအဖွဲ့ဝင်တချို့ကို အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီအမှုဖွင့်

ဒေါက်တာအောင်မိုးညိုအပါအဝင် မကွေးတိုင်းအစိုးရအဖွဲ့ဝင်တချို့ကို အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီအမှုဖွင့်

ရန်ကုန်လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကိုလည်း အဂတိနဲ့အမှုဖွင့်ထား

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညိုနဲ့ မကွေးတိုင်းအစိုးရအဖွဲ့ဝင်တချို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့အရေးယူထားတယ်လို့ စစ်ကောင်စီကထိန်းချုပ်ထားတဲ့ ဇွန် ၂၄ရက်ထုတ် သတင်းစာတွေက ဖော်ပြထားပါတယ်။

မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးတာကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်ထားတယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းအစိုးရလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကိုလည်းအလားတူ ပုဒ်မနဲ့အရေးယူထားတယ်လို့ ပါရှိပါတယ်။

Crd-Original Post

(ZAWGYI)






Crd-Original Post