လုံခြုံရေးတပ်ဖွဲ့လက်ချက် သေဆုံးရတဲ့ ကလေးသူငယ် ၆၀ မနည်းတော့ဟု ကမ္ဘာ့ကုလသမဂ္ဂ ပြောကြား

လုံခြုံရေးတပ်ဖွဲ့လက်ချက် သေဆုံးရတဲ့ ကလေးသူငယ် ၆၀ မနည်းတော့ဟု ကမ္ဘာ့ကုလသမဂ္ဂ ပြောကြား

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အင်အားသုံး နှိမ်နင်းမှုတွေအတွင်း

ကလေးသူငယ် ၆၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၅ လနီးပါး ရှိလာချိန်မှာ ကလေးတွေအပေါ် အင်အားသုံး နှိမ်နင်းမှုတွေ ဆက်လက် ပေါ်ပေါက်နေတဲ့အပေါ် စိုးရိမ်ကြောင်း

မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ကုလသမဂ္ဂ ပြောခွင့်ရက ပြောဆိုလိုက်တာပါ။

လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့ အကြမ်းဖက်မှုတွေကို ရှောင်ကြဉ်ပြီး၊ ကလေးတွေနဲ့ လူငယ်တွေ မထိခိုက်အောင် ဆောင်ရွက်ကြဖို့ ထပ်မံတောင်းဆိုပါတယ်။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ တနင်္လာနေ့အထိ စာရင်းတွေအရ ဖေဖော်ဝါရီလကစလို့ သေဆုံးသူ ကလေးငယ် ၆၀ ထက်မနည်း ရှိနေပြီး၊ အပြင်းအထန် ထိခိုက်ဒဏ်ရာရသူ အရေအတွက်ဟာလည်း မရေတွက်နိုင်ပါဘူး။”

လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းခဲ့တာ ၅ လနီးပါး ရှိလာနေပေမဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေ၊ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေနဲ့အတူ

နိုင်ငံရေး အကျပ်အတည်းတွေ ဆက်လက် ပေါ်ပေါက်နေတာကြောင့် နိုင်ငံတကာ အသိုင်းအဝန်းက မြန်မာစစ်အာဏာပိုင်တွေအပေါ် ဖိအားပေးနေကြတာပါ။

Crd-Original Post