ဂင်းနစ်ရော ငြိမ်းချမ်းရေးနိုဘယ်အဆင့်ရောမှတ်တမ်းဝင်သွားတဲ့ မြန်မာ့နွေဦးတော်လှန်ရေးကရွှေရေပုရပိုက်မှတ်တမ်း.

ဂင်းနစ်ရော ငြိမ်းချမ်းရေးနိုဘယ်အဆင့်ရောမှတ်တမ်းဝင်သွားတဲ့ မြန်မာ့နွေဦးတော်လှန်ရေးကရွှေရေပုရပိုက်မှတ်တမ်း

ငပုက ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်သွားသလို…မြန်မာ့နွေဦးတော်လှန်ရေးဟာလည်း ဂင်းနစ်ရော ငြိမ်းချမ်းရေးနိုဘယ်အဆင့်ရောမှတ်တမ်းဝင်သွားပါပြီ။

ငပုမှတ်တမ်းက ခွေးရေပုရပိုက် မှတ်တမ်း မြန်မာ့နွေဦးတော်လှန်ရေးကရွှေရေပုရပိုက်မှတ်တမ်းဒီလိုကွာတာ။ငပု က ကမ္ဘာမှာ တခါမှမရှိခဲ့ဖူးတဲ့ ၅ လ သက်တမ်းထိ ဘယ်သူမှ တရားဝင် အသိအမှတ် အပြုမခံရတဲ့ အာဏာသိမ်းတဲ့ အာဏာရူး မှတ်တမ်း

နွေဦးတော်လှန်ရေးက ၂၂၂၂၂ နေ့မှာ တနေ့တည်း သန်း၃၀ကျော် လမ်းပေါ်တက် ဆန္ဒထွက်ပြတာ အပါအဝင်

မိမိ သွေးအမျိုးအစားနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ လှူဒါန်းပါတယ်ဆိုပြီး လက်မှာ ပတ် လက်နက်မဲ့ ဆန္ဒထွက်ပြ ရဲကြတဲ့ ကမ္ဘာ့ပထမဆုံး ရဲရဲတောက် ကြိုတင် စီမံ အသေခံ ဆန္ဒပြတဲ့ Gen Z လေးတို့ရဲ့မှတ်တမ်း

ယနေ့ထိလည်း လက်နက်မဲ့ ဆန္ဒပြကြဆဲ နောက်ထပ်က ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့တွေရဲ့လက်သံပြောင်မှု တူမီး မှသည် အဆင့်ဆင့် တိုးပြီး ဖွဲ့လာနိုင်တဲ့ တော်လှန်ရေး ရင့်မာလာမှု မှတ်တမ်း

နောက် တခုက EAOS တွေမှာ ဘယ်သူက တရုတ်ကျွန်နဲ့ ငပုကျွန် လုပ်ချင်တယ်ဘယ်သူက ဘိန်းကုန်ကူး စီးပွားရေးလုပ်ဖို့လောက်

ဘယ်သူက ဖယ်ဒရယ် အစစ်အမှန်လိုချင်တယ် စသည် ကွဲကွဲပြားပြား လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလာစေတဲ့ မှတ်တမ်းတကယ်တော့

ဒီတော်လှန်ရေးကြီးဟာဆန်တပြည် ထဲမှာ အဖျင်း ၊ဖွဲ၊ခဲ၊ ဇကွဲ၊စပါးလုံး တခုချင်းစီကို ပြာထုတ် လိုက်တဲ့

ဇကောတချပ် နဲ့ ဆန်ပြာ ခြင်းရဲ့ ဖြစ်စဉ်တွေအားလုံးပြီးရင် ဒီမိုကရေစီ ထမင်းအိုး ဆန်ကောင်းဆန်သန့်တွေနဲ့ တည်မယ်။

Crd-Original Post