တပ်မတော် အင်အားမရှိလျှင် သူ့ကျွန်ဘဝရောက်မည်ဆိုတဲ့ ဦးသိန်းညွန့် ရဲ့ စကားအတွက် ပညာတတ်တစ်ဦး ထိထိမိမိပြန်ရှင်းချက်

တပ်မတော် အင်အားမရှိလျှင် သူ့ကျွန်ဘဝရောက်မည်ဆိုတဲ့ ဦးသိန်းညွန့် ရဲ့ စကားအတွက် ပညာတတ်တစ်ဦး ထိထိမိမိပြန်ရှင်းချက် တပ်မတော်အင်အားမရှိလျှင် သူ့ကျွန်ဘဝရောက်မည်ဆိုတဲ့ ဦးသိန်းညွန့်ကို ထိထိမိမိ ပြန်ပြောလိုက်တဲ့

ပညာတတ်တစ်ဦး မြန်မာတပ်မတော်အင်အားမရှိလို့ သူ့ကျွန်ဖြစ်တယ်လို့ ဦးသိန်းညွန့်က ပြောတယ်။ အဲဒါတကယ်လား သမိုင်းသိပြီး သာမန်စဉ်းစားဉာဏ်ရှိသူတိုင်း မဟုတ်ဘူးဆိုတာ သိကြတယ်။ မြန်မာဘုရင့်တပ်မတော်ဟာ အရှေ့တောင်အာရှမှာ အင်အားအကြီးဆုံးပါ။

ဘုရင့်နောင်လက်ထက်က စပြီး အလောင်းဘုရားမင်းဆက်တွေ အထိ လက်နက်နိုင်ငံတော်ကြီး ဖြစ်ခဲ့ပါတယ်။ ယိုးဒယားနဲ့ ကုလားကိုပါ တိုက်ခိုက်ကာ အောင်ခဲ့တာ ဒို့ဗမာ ဆိုတဲ့အတိုင်း ယနေ့ ထိုင်း၊ လော၊ ယူနန်တောင်ပိုင်း၊ ဘင်္ဂလားဒေ့၊ အာသံ ၊ မဏိပူရအထိ တိုက်ခိုက်အောင်မြင်ခဲ့တာပါ။

ဦးသိန်းညွန့် သမိုင်းမကြေဘူး ထင်တယ်။ ဒီတော့ အင်္ဂလိပ်တွေကို ဘာကြောင့် ရှုံးသလဲ ?ပထမ၊ ဒုတိယ၊ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွေမှာ ဘာကြောင့် ရှုံးသလဲ အင်အားကြောင့် မဟုတ်ပါဘူး။

ဆရာကြီးဦးအောင်သင်းပြောတာမြန်မာတွေက ဒါးနဲ့ တက်ခုတ်နေတုံး ၊ ဟိုက ထုံးကနဲ ပစ်ချလိုက်တာ၊ ပညာကွ ၊ ပညာလိုတယ် ။ ဒီတော့ ခေတ်မှီပညာ လိုအပ်တာပါ။ အင်အားကြီးပြီး ပညာမရှိတော့ အင်္ဂလိပ်စစ်သင်္ဘောကို တက်စီးပြီး မမောင်းတတ်လို့ ဝမ်းဗိုက်ဖောက်ပြီး မြှုပ်ပစ်သတဲ့။ဒါကြောင့် ခေတ်မီပညာရဖို့ ကနောင်မင်းက

ပညာတော်သင်တွေ လွှတ်တယ်။ ခေတ်မှီပညာဆိုတာ စစ်ပညာမဟုတ်ဘူး။ မဲနယ်ဖော်နည်း၊ သံမဏိလုပ်နည်း၊ ဒင်္ဂါးသွန်းနည်း၊ ယမ်းဖော်နည်း စတဲ့ စက်မှု၊ ဓာတု သိပ္ပံပညာတွေကို သင်စေတာ။ ကနောင်မင်းက အင်္ဂလိပ်တွေ ရေကြောင်းက

ချီလာမယ်ဆိုတာ ကြိုတင်တွက်ဆမိတယ်။ဒါကြောင့် ရေမြှုပ်ဗုံးကို တီတွင်တယ်။ကနဦး စမ်းသပ်မှု အောင်မြင်တယ်။တိုက်ပွဲဝင် အဆင့်ရောက်ဖို့ မွမ်းမံရဦးမယ်။ ဘာသာရေးနဲ့ နိုင်ငံရေး စည်းမခြားပဲ လိုင်းပူးနေတဲ့ မင်းတုန်းမင်းက သာသနာပိုင်ဘုန်းကြီးတွေ စိတ်ညိုညင်လို့ ဆက်လက် upgrade လုပ်ဖို့ ပိတ်ပင်ခဲ့တယ်။ဒါကြောင့် အင်္ဂလိပ်တွေ မန္တလေးနန်းတော် သိမ်းတော့ တိုက်ပွဲမှာ သုံးမရတဲ့ ရေမြုပ်ဗုံးတွေ အများကြီးတွေ့တာပေါ့။ ကနောင်မင်းက မြစ်ကြောင်းတလျှောက်

ခံတပ်တွေကို တည်ဆောက်တယ်။အီတလီပညာရှင်တွေ ပါဝင်တယ်။မြစ်ကြောင်းထဲ ငုတ်ထောင်တယ် အထက်ဘက်က မိုးရွာလို့ ရေမျက်နှာပြင် မြင့်ပြီး အင်္ဂလိပ်သင်္ဘောတွေ ဝမ်းဗိုက်ကို မဖောက်နိုင်ကြဘူး။ဦးထွန်းလွင် ပြောဖူးတယ်။
သီပေါမင်းလက်ထက်မှာ စစ်ရှုံးတာ မဟုတ်ဘူး ၊စစ်ကို မတိုက်ဖြစ်တာ အညံ့ခံတာ။ခံတပ်တွေကို နေပြည်တော်က စာရောက်လာတယ်။မခုခံပဲ အင်္ဂလိပ်ကို နေပြည်တော်အထိ လွှတ်ပေးဖို့ပါ။ ငြိမ်းချမ်းရေးပေါ့၊ ရင်ကြားစေ့မယ်ပေါ့။အစေ့ကောင်းလို့ ပါတော်မူ သွားတာ။

ရှမ်းတပ်တွေ ဆင်းလာတယ်။ သီပေါမင်းကို ရွှေဘိုအထိ ထွက်ပါ၊ အလောင်းမင်းတရားအောင်မြေ နင်းပါတဲ့။ သူရဲဘောကြောင်တဲ့ မင်းညံ့မင်းဖျင်းက ဓားမထုတ်ပဲ ၊ အညံ့ခံတယ်။ မြန်မာပြည်ကို ကာကွယ်ဖို့ သစ္စာဆိုထားတဲ့

ဘုရင်ရော ဘုရင့်တပ်မတော်ပါ အညံ့ခံတယ်။ တကယ်တမ်းကျတော့ မြန်မာစစ်တပ်ဆိုတာ အင်အားကြီးရင်သာ နယ်ချဲ့တာ၊ သွေးတစက်ကျန်တဲ့ အထိ၊ တလက်မမှ အထိမခံ ဆိုတာ စားကောင်းသောက်ကောင်း ပြောတာ။

အရေးကြုံတော့ သီပေါမင်းလည်း အလကားပဲ၊ မြန်မာစစ်တပ်လဲ အလကားပဲ။စစ်မတိုက်ရဲတဲ့ ကင်းဝန်မင်းကြီးကို စုဖုရားလတ်က ကျောက်ပျဉ်ပေးသတဲ့။သက်ဦးဆံပိုင် စစ်ဘုရင်တွေသာဆိုတယ် ကြက်ကလေး ငှက်ကလေး ဖမ်းသလို အသာလေး အဖမ်းခံလိုက်တယ်။

အဲဒါ ကြပ်ပြေးနေပြည်တော်က အရုပ်ကြီး ၃ ရုပ်ရဲ့ စစ်ဘုရင်သွေးတဲ့ဗျာ။ပြည်သူတွေ တိုင်းရင်းသားတွေကသာ တော်လှန်ရတာ၊ ဝန်စာရေး ဗိုလ်ချို၊ မြို့သူကြီး ဗိုလ်မင်းရောင်၊ ဝန်းသိုစော်ဘွား ဦးအောင်မြတ် စသူတွေသာ တော်လှန်တာ။ မြန်မာတပ်မတော်မှာ အဆီယစ်ပြီး သောက်တလွဲ လုပ်နေတဲ့ စစ်သူကြီးတွေ၊

တိုင်းတားမင်းကြီးတို့၊ ကင်းဝန်မင်းကြီးတို့ ဘယ်နယ်ချဲ့တော်လှန်ရေး လုပ်လို့လဲ။ နောက်တခုက နိုင်ငံရေးပညာ၊ မြန်မာလောက် စစ်အင်အားမရှိတဲ့ ထိုင်းနိုင်ငံကို ကြည့်၊ မြန်မာတွေ ကျူးကျော်ပြီးနောက် ဘန်ကောက်ကို ပြောင်းသွားတယ်။ သားတော်တွေကို အင်္ဂလန်လွှတ် ပညာသင်ခိုင်းတယ်။ဗြိတိသျှပါလီမန်အထိ ပေါက်မြောက်တယ်။ ဗြိတိသျှ သတင်းစာတွေနဲ့ အဆက်အသွယ်ရှိလာတယ်။နိုင်ငံခြားဆက်ဆံရေး ပိုင်နိုင်တော့ ကျွန် မဖြစ်ခဲ့ဘူး။ထိုင်းဘုရင်ဆိုတာ အခု အထိ မြင်နေရတယ် မဟုတ်လား။ ၂၀၁၂ မတ်လမှာ ပင်လယ် ရေပိုင်နက်ဆိုင်ရာ

အပြည်ပြည်ဆိုင်ရာခုံရုံးက ရေပိုင်နက် အငြင်းပွားမှု ဘင်္ဂလားဒေ့ရှ်ကို အနိုင်ပေးလိုက်တာ ကြားဖူးမှာပေါ့။တပ်မတော်အင်အားက နိုင်ငံရေပိုင်နက်ကို ဘယ်မှာ ကာကွယ်နိုင်လို့လဲဘင်္ဂလားဒေ့ရှ်က ဥပဒေကြောင်းအရ ပညာနဲ့ ယူသွားတာ။

ဘင်္ဂလားဒေ့ရှ်က သေနတ်တချက် မဖောက်ပဲ ရှင်မဖြူ (စိန့်မာတင်)ကျွန်း အပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့ အများအပြားရှိတဲ့ ရေပိုင်နက်ကြီးကို ဖဲ့ ယူသွားပြီ။ ကောင်းပြီ၊ သန်းရွှေလက်ထက်ထဲက ပညာတော်သင်ကြတာ၊ ရုရှ၊ တရုတ်၊ မြောက်ကိုရီးယားကို ပညာသင်လွှတ်တယ်။ ဘာတွေ တိုးတက်လာသလဲ။အနှစ် ၃၀ ရှိပြီ။ သူတို့လိုပဲ အာဏာရှင် မြောက်ကိုရီးယား၊ သူ့တို့လိုပဲ ပိတ်ဆို့ခံရတဲ့ မြောက်ကိုရီးယား၊ သူတို့လောက်သယံဇာတ မရှိတဲ့ မြောက်ကိုရီးယား၊ သိပ္ပံပညာရပ်တွေ ဘယ်လိုထွန်းကားနေသလဲ၊ ကြည့်လိုက်။ ယှဉ်ကြည့်လိုက်။

ကိုယ်ပိုင် နည်းပညာ ကိုယ်ပိုင် သိပ္ပံပညာရပ်ဆိုတာ စစ်တပ်အောက်မှာ ကြွက်တွင်းထဲ အောင်းပြီး ရှာဖွေစမ်းသပ်လို့ မရဘူးဗျ။တကမ္ဘာလုံးအနှံ့က ပညာတွေကို ရှာဖွေဆည်းပူးပြီး တပြည်လုံးက ဉာဏ်စွမ်းနဲ့ ပညာရပ် အစိတ်အပိုင်း တစစီကို တယောက်ပုခုံးထက် တယောက်တက်ပြီး

အဆင့်ဆင့် တီထွင်ကြံဆရတာမျိုးဗျ။ တတိုင်းတပြည်လုံး ပညာရည်မမြှင့်ပဲ စစ်ဘက် လက်တဆုပ်စာလောက်နဲ့ အပြောကျယ်တဲ့ ပညာရပ်နယ်ပယ်မှာ တီထွင်ဖို့ အသာထားဦး၊အမှီလိုက်ဖို့တောင် မဖြစ်နိုင်ဘူး။

အဲဒါ လက်တွေ့အမြင်ပဲ မဟုတ်လား။ ပြားကိုးဆယ်ဖိုး အိတ်ထဲထည့်ပြီး တပြားဖိုး လုပ်ပြနေတာ ပြည်သူတွေ မသိတာ မဟုတ်ဘူး။ဗိုလ်ချုပ်တိုက်ဆောက်၊စစ်သားဗိုက်မှောက်နေရတာဘာလဲဟဲ့ မျိုးချစ်စိတ် ဒီနိုင်ငံ ဒီသယံဇာတနဲ့

စစ်တပ်ကို professional ကျကျဖြစ်အောင် ခေတ်မီပညာရပ်တွေကို နယ်ပယ်အသီးသီးမှာ တိုးတက်အောင် လုပ်လို့ ရပါတယ်။ နေဝင်း၊ သန်းရွှေတို့လို စစ်ခေါင်းဆောင်တွေသာ ဗိုလ်ချုပ်အောင်ဆန်းလို အဝတ်သုံးထည်နဲ့ ထမင်းကြမ်းစား စားပြီး မခိုးမဝှက်ပဲ လုပ်စမ်းပါ။၁၉၆၂က စလို့ အနှစ် ခြောက်ဆယ်ရှိပြီ ။ အခုလောက်ဆို ကိုယ်ပိုင် နည်းပညာနဲ့ အာကာသအထိ ဒုံးပျံလွှတ်နိုင်ပြီ၊ ရေငုပ်သင်္ဘော ကိုယ်တိုင်ဆောက်နိုင်ပြီ။အဟောင်းအမြင်းတွေကို လိုက်ဝယ်ပြီး ပြည်သူကို ဂျင်းထည့်စရာ မလိုတော့ဘူး။

သူများဆီက ဝယ်ထားတဲ့ လက်နက်ဆိုတာ ကိုယ်ပိုင်နည်းပညာ မရှိရင် စက်ရုံလိုက် ဝယ်ဦးတော့ အချိန်ကာလ တခုမှာ ခေတ်မမှီတော့ဘူး။ခေတ်မမှီတော့ အသစ် အသစ်တွေ ပေါ်လာတိုင်း ဝယ်ရရင် သူများကို လုပ်ကြွေးနေသလို ဖြစ်မှာပဲ။

ပြီးတော့ တဆင့်နိမ့် လက်နက်ပဲ ရလိမ့်မယ်။ ဥပမာ- တရုတ်က သူ့နောက်ဆုံးပေါ်လက်နက်ကို ထုတ်ရောင်းမှာ မဟုတ်ဘူး။ နောက်ဆုံးပေါ်လက်နက်မရှိပဲ တရုတ်ကို ဘယ်လိုယှဉ်နိုင်မလဲ။အမေရိကန်ကို ဘယ်လို ယှဉ်မလဲ။ ဘယ်နိုင်ငံမှ အဆင့်မြင့်လက်နက်ကို မရောင်းဘူး။ ကိုယ့်ဘာသာ တီထွင်ရတာချည်းပဲ။ကာလတခုအထိ လျှို့ဝှက်ထားတယ်၊ ရောင်းမစားဘူး။ သူများရောင်းတဲ့ စစ်လက်နက်တွေ လိုက်ဝယ်ပြီး စစ်အင်အားကြီး ထူထောင်မယ်ဆိုတာ သောက်ရူးအတွေးအခေါ်။ ပါကစ္စတန်ဆီက လက်နက်ဝယ်သူက ပါကစ္စတန်ကို ယှဉ်တုလို့ရမလား

တရုတ်ဆီက လက်နက်ဝယ်သူက တရုတ်ကို ယှဉ်တုလို့ရမလား အမေရိကန်ဆီက လက်နက်ဝယ်သူက အမေရိကန်ကို ယှဉ်တုလို့ရမလားဝယ်ရင်း ဝယ်ရင်း မွဲသာသွားမယ် ဘယ်တော့မှ ယှဉ်လို့ မရဘူး မှတ်။ သီပေါမင်းခေတ်မှာ ပြင်သစ်ဆီက ဝယ်တယ်။ အီတလီက ဝယ်တယ်၊ အင်္ဂလိပ်ဆီက ဝယ်တယ်။ရွှေဒင်္ဂါး သောင်းချီကုန်တဲ့ လက်နက်တွေဟာ ခေတ်မမှီဘူး။ ဂျင်းထည့်ခံရတာပဲ။ အခုခေတ်လည်း မြန်မာစစ်တပ် တရုတ်၊ ပါကစ္စတန်၊ ရုရှား၊ မြောက်ကိုရီးယားက ဝယ်တယ်။ တပ်မတော်နေ့ ဟန်ရေးပြပြီး ဘတ်ဂျတ်တောင်း ကောင်းရုံနဲ့

တိုင်းရင်းသားအချင်းချင်း သတ်တဲ့ ပြည်တွင်းစစ် သုံးရုံလောက်ပဲ။ တကယ်တမ်း တရုတ်နဲ့ စစ်ထိုးရင် အဆင့်နိမ့် လေကာတွေ၊ ဒုံးကျည်တွေက ယှဉ်လို့ ရမလားဖင်တောင် စုတ်သွားဦးမယ်။ကိုယ့်ဒုတ်နဲ့ ကိုယ့်ပြန်ရိုက်မှာကို ဘယ်သူက ရောင်းလိမ့်မတုံး။ သီပေါမင်းခေတ်နဲ့ ဒီဘက်ခေတ် ဘာမှ မထူးဘူး။ကော်မရှင် စားပြီး ဂျင်းထည့်ခံရင်း လက်သီးလက်မောင်း တန်းနေတာ။ပညာခေတ်ကြီး ရောက်နေပြီ။ဦးသိန်းညွန့်လို သောက်တလွဲအတွေးအခေါ်နဲ့ဆို ကျွန်ပြန် ဖြစ်မှာပဲ။ စစ်အင်အားနဲ့ နိုင်ငံသိမ်းတဲ့ ကိုလိုနီခေတ် မဟုတ်ဘူး။

စီးပွားရေးနည်းနဲ့ ဩဇာခံ ကျွန်အစိုးရ မွေးပြီး နိုင်ငံသိမ်းတဲ့ ခေတ်။တရုတ်မျိုလို့ လည်ပင်းအထိ ရောက်နေပြီ အခုအထိ စစ်ရူး ရူးလို့ ကောင်းတုံး။ ရာစုဝက်မက စစ်အင်အားကြီး ထူထောင်လိုက်တာ နိုင်ငံရဲ့ အတော်ဆုံးသော ဦးနှောက်တွေ စီးထွက်သွားတယ်။ လယ်သမား လုပ်သားအင်အားတွေ တိုင်းတပါးမှာ ကျွန်ခံနေရတယ်။အမျိုးကောင်းသမီးတွေ ရောင်းစားခံရတယ်။ဖာနိုင်ငံလို့ မပြောရုံတမယ်ပဲ ကျန်တော့တယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုသွားတာ အဲဒီလို စစ်ရူး ရူးလို့ပဲ။ စစ်အေးခေတ်မှာ တတိယကမ္ဘာစစ်တိုက်ရမယ် ထင်ပြီး စစ်အင်အားတွေ အဆမတန် တိုးချဲ့တော့ စီးပွားရေး ပြိုဆင်းပြီး

စနစ်ကြီး တခုလုံး ပျက်သွားတာ။ စစ်ရေးနည်းလမ်းဆိုတာ ဆယ်ရေး တရေး ကိုးရေး တရာမှ သုံးတာ။ လူထုက ပြန်လည်တော်လှန်လို့ နံမည်ပျက်ခံရမှာ ဘယ်အရူးမှ မလုပ်တော့ဘူး။ တခုတော့ရှိတာပေါ့ အကြမ်းဖက်သမားတွေ၊ အာဏာရှင်တွေ၊စစ်ရာဇဝတ်ကောင်တွေကို ဝင်ဖမ်း၊ ဖြုတ်ချပြီး ပြန်ထွက်သွားတာပဲ။ အဲဒီလိုမျိုးဆိုရင် ကျောချမ်းပြီး တပ်မတော်အင်အားရှိဖို့ အော် ပြည်သူ့စစ်မှုထမ်းခေါ်ပြီး အသေခံတိုက်ခိုင်းခိုးရာပါ ပစ္စည်းတွေကို တရုတ်ဘဏ်၊ ဒူဘိုင်းဘဏ်တွေကို ရွေ့ထားပြီး ပြေးတော်မူ မယ်ပေါ့

Crd-Original Post