နင့်ဆီကဝယ်ထားတဲ့ သီချင်း နှစ်ပုဒ်ကိုတောင် ငါမဆိုရသေးဘူး ခုချိန်ထိမယုံနိုင်သေးဘူး သူငယ်ချင်းရယ်လို့ ဆိုတဲ့ သင်ဇာဝင့်ကျော်

နင့်ဆီကဝယ်ထားတဲ့ သီချင်း နှစ်ပုဒ်ကိုတောင် ငါမဆိုရသေးဘူး ခုချိန်ထိမယုံနိုင်သေးဘူး သူငယ်ချင်းရယ်လို့ ဆိုတဲ့ သင်ဇာဝင့်ကျော်

ပရိတ်ကြီးရေ မင်းသမီးလေး သင်ဇာဝင့်ကျော်ကတော့ မကြာခနဆိုသလို ပုံလေးတွေတင်တတ်သလို သူမရဲ့ အလှကြောင့်လဲ မြင်ရသူ စိတ်ချမ်းမြေ့ရပါတယ်နော်။

ဒါပေမယ့် ဒီနေ့မှာတော့ သူမရဲ့ သူငယ်ချင်း အဆိုတော် ရေမွန် မထင်မှတ်ပဲ သေဆုံးခဲ့ရတဲ့အတွက် စိတ်မကောင်း ဖြစ်နေရတဲ့အကြောင်းနဲ့

ခုချိန်ထိ သူထွက်သွားတာ မယုံနိုင်ဘူး သူငယ်ချင်းရယ်ဆိုပြီး အစချီလို့ သူမရင်ထဲမှာ ခံစားနေရတာကို ချရေးလာပါတယ်။

မနေ့ကလည်း သူမရဲ့ ဖေ့ဘွတ် Profile ကို အနက်ရောင်ပြောင်းပြီး စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြခဲ့သလို ဒီနေ့မှာလည်း ကွယ်လွန်သွားတဲ့ သူငယ်ချင်းဖြစ်သူ

ရေမွန်ဆီက သူဝယ်ထားတဲ့ သီချင်း ၂ ပုဒ်တောင် မဆိုရသေးတဲ့ အကြောင်း photo လေးတွေ ပြန်ရှာပြီး အတိတ်ကအချိန်လေးတွေဆီ ပြန်သွားချင်မိကြောင်း ဆိုပြီး ရေးသားလာတာလေးကို ပရိတ်သတ်ကြီးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ခုချိန်ထိမယုံနိုင်သေးဘူး သူငယ်ချင်းရယ် နင့်ဆီကဝယ်ထားတဲ့သီချင်း နှစ်ပုဒ်ကိုတောင်ငါမဆိုရသေးဘူးလေphoto လေးတွေပြန်ရှာရင်းငါတို့သောင်းကျန်းခဲ့ကြတဲ့ အချိန်လေးတွေကိုတောင်ပြန်သွားချင်မိပါတယ်။နင်နဲ့ပတ်သက်ခဲ့တဲ့အမှတ်တရလေးတွေကို ဒီ မှာလာသိမ်းရင်း

ငါ့ရဲ့စိတ်ထားအရမ်းကောင်းပြီးအရည်အချင်းရှိတဲ့သူငယ်ချင်းလေးရောက်လေရာဘဝတိုင်းမှာ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ပြီး နင့်ရဲ့ အနုပညာအရည်အသွေးတွေကို အပြည့်အဝ ချပြနိုင်တဲ့ သူဖြစ်ပါစေလို့ ငါဆုတောင်းပေးပါတယ်။

နောက်ဘဝဆိုတာရှိခဲ့ရင်လဲ ခုလိုနင့်ရဲ့သူငယ်ချင်းဖြစ်ချင်ပါတယ်နင်မရှိတော့ပေမဲ့လဲ နင့်နာမည်နဲ့နင့်သီချင်းတွေကိုငါအမြဲတမ်းအမှတ်ရနေမှာပါ။ငါ့သူငယ်ချင်းလေးကစိတ်ထားကောင်းလို့ ကောင်းရာမွန်ရာရောက်မယ်ဆိုတာ ငါယုံတယ်။

ကောင်းကောင်းအနားယူပါတော့ ” ဆိုပြီး ရေးသားထားတာလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Credit-Yangchi

(ZAWGYI)











Credit-Yangchi