ကျောင်း မီးလောင်တော့ ပေပင်ပေါ်ကြွသွားတဲ့ ရုပ်ပွားတော်

ကျောင်း မီးလောင်တော့ ပေပင်ပေါ်ကြွသွားတဲ့ ရုပ်ပွားတော်

စလင်းမြို့ လက်ပံပင်ကျောင်းတိုက်မှာကိန်းဝပ်စံပါယ်တော်မူတဲ့ရတနာမဉ္စူ ရုပ်ပွားတော်မြတ်ဟာအလောင်းစည်သူမင်းလက်ထက် ကတည်းကထုလုပ်ပူဇော် ထားခဲ့တယ်လို့

ဘုရားသမိုင်းမှာ ဖော်ပြထားပါတယ်။သရက္ခန်သားနဲ့ ထုလုပ်ပူဇော်ထားတဲ့ဘုရားငါးဆူ အနက်တစ်ဆူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အများသိကြတဲ့အညာသီဟတောဘုရားနဲ့ညီအစ်ကို ဆင်းတုတော်တွေပါ။တစ်ခါကရုပ်ပွားတော်မြတ်ကိန်းဝပ်စံပါယ်တော်မူရာ အဆောင်ကို(သူတို့ကတော့ စာတိုက်လို့ ခေါ်ပါတယ်)မီးလောင်သွားတော့ကျောင်းထိုင်ဆရာတော် အပါအဝင်တမြို့လုံး ယူကြုံးမရ ဖြစ်ကြရပါသတဲ့။

ဒါပေမယ့် မီးလောင်ပြီးနောက်ပိုင်း ရက်တွေမှာ’မာလာရှင်ကျော် ပေပင်ပေါ်မှအမြန်ချလော့’ ဆိုပြီးကျောင်းထိုင် ဆရာတော်ကိုအိပ်မက်ပေးပါ သတဲ့။ခဏ ခဏမက်ပါများလာတဲ့ အခါဆရာတော်လည်းကျောင်းသားတွေကိုပေပင်ပေါ် တက်ကြည့်ခိုင်းလိုက်တော့အားလုံးကမီးလောင်သွားပြီလို့

ထင်နေကြတဲ့ရတနာမဉ္စူ ရုပ်ပွားတော်မြတ်ကိုပေပင်ပေါ်မှာ စံပါယ်နေတာတအံ့တသြ တွေ့ကြရပါသတဲ့။

ဒီတော့မှကျောင်းဆောင်မီးလောင်တော့ပေပင်ပေါ် ကြွသွားတဲ့ ဘုရား ဆိုပြီးတန်ခိုးကြီးမှန်းသိကာ ကြည်ညို ပူဇော်သူပိုမိုများပြား လာခဲ့တယ်လို့ ဆိုပါတယ်။

ကောင်းကောင်းအနားယူပါတော့ ” ဆိုပြီး ရေးသားထားတာလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Credit-Yangchi