မြန်မာစစ်ကောင်စီကို အရေးယူဖို့ နောက်နှေးနေတဲ့ ဩစတြေးလျအစိုးရကို ပါလီမန် ဖိအားပေး

မြန်မာစစ်ကောင်စီကို အရေးယူဖို့ နောက်နှေးနေတဲ့ ဩစတြေးလျအစိုးရကို ပါလီမန် ဖိအားပေး

မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ၊ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေ အပေါ် ပိတ်ပင် ကန့်သတ်တာတွေချမှတ်ဖို့ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင် ဦးဆောင်တဲ့ အစိုးရကို ဩစတြေးလျ နိုင်ငံရေးပါတီ အသီးသီးက ပါလီမန် အမတ်တွေ ဖိအားပေး နေပါတယ်။

လက်ရှိမှာတော့ ဩစတြေးလျ အနေနဲ့ မြန်မာစစ်တပ် အရာရှိ ၅ ယောက်အပေါ် ၂၀၁၈ ကတည်းက ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေပဲ ရှိနေပါတယ်။

အဲဒီအထဲ အာဏာသိမ်း စစ်ခေါင်းဆောင် ထိပ်ဆုံး နှစ်ယောက်စလုံး မပါဝင်ဘူး ဆိုပြီး ထောက်ပြကြပါတယ်။

ဩစတြေးလျ အစိုးရ အပေါ် ဖိအားပေးသူတွေထဲ ဝန်ကြီးချုပ်မော်ရစ်ဆင်ရဲ့ လစ်ဘရယ်ပါတီဝင် အမတ်တွေလည်း ပါဝင်နေပြီး၊ ကျန်တဲ့ နေရှင်နယ်၊ လေဘာ၊ ဂရင်း စသဖြင့် ပါတီပေါင်းစုံက တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဒါ့အပြင်၊ ဩစတြေးလျ ထဲ ဆက်ပြီး နေလိုတဲ့ မြန်မာနိုင်ငံသားတွေကို အမြဲတမ်း နေထိုင်ခွင့် ကမ်းလှမ်းဖို့လည်းအစိုးရအပေါ် ပါလီမန်အမတ်တွေ တိုက်တွန်း နေပါတယ်။

Crd-Original Post