D Day မှာ အပီကျွေးနိုင်ဖို့ အားနည်းချက်ကို ရှာတိုက်မယ်

D Day မှာ အပီကျွေးနိုင်ဖို့ အားနည်းချက်ကို ရှာတိုက်မယ်

D Day မှာ အပီကျွေးနိုင်ဖို့ အားနည်းချက်ကို ရှာတိုက်မယ်ရန်သူကို အထင်မသေးဖို့အတွက်ကတောမှူးကြီး၊မှူးငယ်အားလုံးက မှာကြားပြီးသားမို့ဘယ် ရဲဘော်ကမှ လျှော့မတွက်ထားကြပါဘူး။

ထို့အတူ ပါပဲရန်သူကို အထင်ကြီးလွန်နေပြီးမလုပ်ရဲမကိုင်ရဲ့ မတက်ရဲမတိုက်ရဲ တဲ့အထိတွဝေမနေဖို့ကိုလည်း မှာထားပြီးဖြစ်တယ်။အမြင်နဲ့ကြည့်ပြီးပြောရရင်တော့မအလရဲ့တပ်ဟာ လက်နက်ပြည့်စုံသလိုလက်ရှိ နိုင်ငံပိုင်တပ်ဖြစ်ခဲ့တဲ့အတွက် အဆောက်အဦးကအစ အမာခံတွေရှိတယ်။

သို့သော်PDF နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် ဒီတိုက်ပွဲဟွပည်သူအတွက်တိုက်တဲ့ တိုက်ပွဲဖြစ်သလို။တရားသောစစ်ပွဲမို့ ဘုရားကအစဓမ္မဘက်တော်သားတွေဘက်မှာ အမြဲရှိနေတယ်။စိတ်ဓာတ်နဲ့ခံယူချက်အပိုင်းကို ယှဉ်မလား။

ဖြတ်ထိုးညဏ်နဲ့ အတွေးအခေါ်ကို ယှဉ်မလားတက်ကြွမှုနဲ့ အပေးယူမျှတမှုကို ယှဉ်မလားအသိပညာနဲ့ လေ့လာလိုက်စားမှုကို ယှဉ်မလာရဲရင့်မှုနဲ့ သတ္တိ ကို ယှဉ်မလားPDF နဲ့Gzတို့ဘက်က အသင့်ပါ။ရုပ်ဝတ္ထုပိုင်းအမြင်မှာပိုင်ဆိုင်ထားတဲ့လက်နက်ပိုင်းအရအင်အားနည်းရင်နည်းမယ်။

သို့သော် လူထုရဲ့ စည်းလုံးညီညွတ်မှုနဲ့စိတ်ဓာတ် ပေါင်းပြီးတိုက်မဲ့ တိုက်ပွဲမို့ မနိုင်စရာအကြောင်းမရှိ။ဒီနေရာမှာ သတိထားရမဲ့ အကြောင်းတွေရှိတယ်။အိမ်မြှောင်တွေ အတောင်ပံမပါဘူး ဒါပေမဲ့ အတောင်ပံပါတဲ့ အကောင်တွေကို ဖမ်းစားနိုင်တယ်ဘာလို့လဲဆိုတော့အတောင်ပံပါတဲ့

အကောင်တွေကအတောင်ပံညောင်းရင် ခဏရပ်နားမယ်ဆိုတာ သိလို့။အိမ်မြှောင်တွေက အဒီအချိန်ကိုစောင့်ပြီး ဖမ်းတာ။နောက်တချက်။တချို့အကောင်တွေက အိမ်မြှောင်တွေ သူတို့အနားကပ်လာရင် ပြေးတယ်။တချို့ အတောင်ပံမခတ်နိုင်တော့တဲ့အကောင်တွေကတော့ သူတို့ ဝါးမျိုတာခံရတယ်။

လူထုတော်လှန်ရေးတိုက်ပွဲကို အိမ်မြှောင်တွေချောင်းနေတယ်။ကျုပ်တို့ မပျံနိုင်တော့တဲ့အခါ ဆွဲစားဖို့အသင့်စောင့်နေတယ် ။ဒါကြောင့်ဒီကာလအတွက်ပျံလည်းပျံသန်းကြပါလွတ်အောင် ရုန်းဖို့လည်း အားမွေးထားပါ ။

အတောင်ပံပါတဲ့ အကောင်တွေသာစည်းလုံးညီညွတ်မှု နဲ့ပြန်ပြီး ဝိုင်းလိုက်တဲ့အခါအိမ်မြှောင်တွေ ကြောက်ပီး ထွက်ပြေးသွားတာမြင်ခဲ့ဖူးကြမှာပါ။အဓိက,က ကျုပ်တို့ရဲ့စည်းလုံးညီညွတ်မှုကကျုပ်တို့လိုချင်တဲ့အောင်ပွဲပဲ။

ဒီတော့ D,Day ဆိုတာနဲ့ လူထုတိုက်ပွဲတွေဒေသစုံမှာ စလာကြမယ်။ဒီတိုက္ပြဲဟာ လက်နက်ကိုင်တော်လှန်ရေးဖြစ်တဲ့အတွက်…အနိုင်ရဖို့လိုသလို အသက်ရှင်ဖို့လည်း လိုတယ်။ဒီအတွက်….ကျုပ်တို့ပြည်သူတွေဟာ…နိုင်မဲ့အကွက်နဲ့ အနိုင်ရဖို့သေခြာတဲ့

နေရာတွေကိုစနစ်တကျနဲ့စီစဉ်ပြီး တိုက်ရမယ်။ဂဏန်းကို ခြင်ကိုက်ရင် ဂဏန်းသေတယ်ဆိုတာသင္သိပါသလား …?အမှတ်တမဲ့မို့ အထက်ပါမေးခွန်းဟာ…အူကြောင် ကြောင်ဖြစ်သွားနိုင်ပါတယ်။ဒီလောက် အခွံမာတွေရှိတဲ့ ဂဏန်းကိုခြင်က ဘယ်လိုကိုက်မှာလဲလို့ တွေးကောင်းတွေးနိုင်တယ် ..

သို့သော် ဂဏန်းတွေရဲ့ မျက်စိကိုခြင်ကိုက်တဲ့အခါဂဏာန်းတွေ တကယ် သေပါတယ် ..အပေါ်ပြူးထွက်နေတဲ့မျက်စိဟာသူတို့ရဲ့ ဟာကွက်ဖြစ်နေလို့ပါ။ဒါကြောင့်….

ရန်သူကိုခြေမှုန်းနိုင်ဖို့နဲ့အနိုင်ယူဖို့အတွက်ဆိုရင်…ရန်သူရဲ့အားသာချက်ကို လေ့လာနိုင်ရမယ်။ရန်သူရဲ့(ဟာကွက်)အားနည်းချက်ကိုရှာဖွေနိုင်ရပါမယ်။

ကမ္ဘာ့စစ်ပွဲသမိုင်းထဲကဂရိသူရဲကောင်းအာခိလိဟာ ကာယသိဒ္ဓိပြီးတယ်လို့နာမည်ကြီးပြီး…ဓားလှံလှေးမျှားမတိုးပါဘူးတဲ့။ဒါပေမဲ့ အာခီးလိရဲ့ ခြေဖဝါးကတော့သူ့တကိုယ်လုံးရဲ့အားနည်းချက်ဆိုတာကိုတဖက်ရန်သူကသိသွားတဲ့အခါ…အာခီးလိကျဆုံးသွားရတယ်။

ဒါကြောင့်….D,Dayကိုမျှော်နေတဲ့ ပြည်သူအားလုံးကိုအသိပေးချင်တာက…မကြာမှီမှာ စစ်ပွဲစလာ တော့မယ်။မိမိတို့ရဲ့ရန်သူ မအလနဲ့စခတွေရဲ့ သတင်းတွေကို…
အတတ်နိုင်ဆုံးစုဆောင်းကြပါ။

တော်လှန်ရေးစလို့ စစ်ပွဲဖြစ်တာနဲ့..ဂဏန်းရဲ့မျက်စိ ၊ အာခီးလိရဲ့ ခြေဖဝါးလို…နေရာတွေကိုရှာပြီး တိုက်ကြပါလို့ တိုက်တွန်းရင်း…မအလနဲ့စစ်အုပ်စု ကျဆုံးရမဲ့အချိန်ရောက်ပြီ။

Crd-Original Post

(ZAWGYI)