သဘောတူညီချက် အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို အမေရိကန် တိုက်တွန်း

သဘောတူညီချက် အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို အမေရိကန် တိုက်တွန်း

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ရဲ့ ဘုံသဘောတူညီချက်တွေကို မြန်မာစစ်အာဏာပိုင်တွေ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။

အရှေ့အာရှထိပ်သီး အစည်းအဝေးက အကြီးတန်းအရာရှိတွေနဲ့ အာဆီယံအသင်းရဲ့ ဒုတိယ အတွင်းရေးမှူးချုပ် Michael Tene တို့နဲ့ ကြာသပတေးနေ့က တွေ့ဆုံအပြီး ထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အကြီးတန်းအရာရှိ Kin Moy ရဲ့ကြေညာချက်မှာ တိုက်တွန်းလိုက်တာပါ။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ဖို့ မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့နဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ပြန်လည်ဦးတည်စေဖို့ ပူးပေါင်း ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ဧပြီလ (၂၂)ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့တဲ့ အာဆီယံအသင်းကြီးရဲ့ ထိပ်သီးဆွေးနွေးပွဲကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက် ၅ ချက်ချမှတ်ပေးခဲ့ပါတယ်။

မြန်မာ့အရေး အာဆီယံအသင်းရဲ့ ဘုံသဘောတူညီချက် ငါးချက်ကတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ မြန်မာ ပြည်သူတွေရဲ့ အကျိုးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာရေးအတွက်

အသင်းရဲ့ အထူးသံတမန်နဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာပြီး မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ သက်ဆိုင်တဲ့ အင်အားစု အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဖို့ ဆိုတာတွေ ပါဝင်တယ်လို့ အာဆီယံအသင်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်
Crd-Original Post