ICJ အမှု ရင်ဆိုင်ဖို့ ကော်မတီတရပ် စစ်ကောင်စီဖွဲ့စည်း

ICJ အမှု ရင်ဆိုင်ဖို့ ကော်မတီတရပ် စစ်ကောင်စီဖွဲ့စည်း

နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့အမှုကို ရင်ဆိုင်ဖို့အတွက် ဦးဆောင်ကော်မတီတရပ်ကို မြန်မာစစ်ကောင်စီက ဖွဲ့စည်းလိုက်ပါတယ်။

စစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး စစ်ကောင်စီလက်အောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီး ဦးကိုကိုလှိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ကို ဒုတိယဥက္ကဋ္ဌတွေအဖြစ် တာ၀န်ပေးထားပါတယ်။

အဖွဲ့၀င်တွေအဖြစ် အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ စီမံကိန်းနဲ့ဘဏ္ဍာရေး၀န်ကြီး ဦး၀င်းရှိန်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သ်ိန်း၊ နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးကျော်မျိုးထွဋ်နဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ အကြံပေးအဖွဲ့ အဖွဲ့၀င် ဒေါ်ခင်ဦးလှိုင်တို့့ပါဝင်ကြောင်း

ဒီလ ၁၈ ရက်နေ့ နေ့စွဲနဲ့ နိုင်ငံတော်ပြန်တမ်းမှာ ဖော်ပြထားတာပါ။

မြန်မာစစ်တပ်က ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ မွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာတွေ ရှိခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ICJ က ကြားနာစစ်ဆေးခဲ့ပြီး

အဲဒီအချိန်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကိုယ်စား သွားရောက်ချေပခဲ့ပါတယ်။ရိုဟင်ဂျာတွေကို နှိမ်နှင်းတဲ့နေရာမှာ မြန်မာစစ်တပ်အနေနဲ့ အင်အားအလွန်အကျွံ သုံးခဲ့တယ်ဆိုတာ ယတိပြတ် မပြောနိုင်ပေမယ့် လူမျိုးစုတခုလုံး ပျောက်ကွယ်သွားအောင်

လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထား မရှိဘူးလို့ နယ်သာလန်နိုင်ငံ၊ The Hague မြို့ ICJ တရားရုံးမှာလုပ်ခဲ့တဲ့ ကြားနာပွဲမှာ ခုခံကာကွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ခုခံကာကွယ်ပြီး ထွက်ဆိုခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှာတော့ မြန်မာနိုင်ငံကနေ ကြားဖြတ်လုပ်ဆောင်ရမယ့် အစီအစဉ်တွေကို ICJ က Provisional Measures ပြဋ္ဌာန်းပေးခဲ့ပြီး ၆ လတကြိမ် အစီရင်ခံစာ တင်သွင်းဖို့ အမိန့်ချမှတ်ခဲ့တာပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာဘက်က လက်မခံပေမဲ့ ICJ က

ချမှတ်တဲ့ ဆုံးဖြတ်ချက်ကိုတော့ လက်ခံထားပါတယ်။ICJ က ကြားဖြတ်အရေးပေါ် စီမံဆောင်ရွက်ဖို့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ အကဲဖြတ်စောင့်ကြည့်ဖို့ သီးခြား အထူးကော်မတီတရပ်ကို ထူထောင်ခွင့် ပေးလိုက်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ရက်စွဲနဲ့ ICJ

တရားရုံးက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

Crd-Original Post