အာဏာရှင်ဆန့်ကျင်သော ပြည်သူများဘက်မှပေးနိုင်သည့် ကိစ္စတစ်ချို့ သူ့ထံပို့ပေးရန် ဒေါက်တာဆာဆာမှ အကူအညီတောင်း
အာဏာရှင်ဆန့်ကျင်သော ပြည်သူများဘက်မှပေးနိုင်သည့် ကိစ္စတစ်ချို့ သူ့ထံပို့ပေးရန် ဒေါက်တာဆာဆာမှ အကူအညီတောင်း
၎င်းက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သည်။အကြမ်းဖက်စစ်ကောင်စီအနေနှင့် သတင်းအချက်အလက်မှားများ၊ ပုံဖျက်ထားသော အကြောင်း အရာများကို လူထုကြား ရည်ရွယ်ချက်ချက်ရှိရှိ ဖြန့်ဝေနေကြောင်းကိုလည်း ဒေါက်တာဆာဆာက…
အထောက်အထားများဖြင့် လူထုထံ ရှင်းလင်းပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်မှုများကို စိစစ်ဖော်ထုတ်နိုင်ရန် ကနေဒါနိုင်ငံအဖွဲ့အစည်းတစ်ခုနှင့် ချိတ်ဆက်ပြီး စိစစ်ကာ သက်သေအထောက်အထား…
များကို တိတိကျကျသိမ်းဆည်းထားကြောင်းကိုလည်း ဒေါက်တာဆာဆာက ထည့်သွင်းပြောကြားသည်။စစ်ကောင်စီ၏ ရာဇဝတ်မှုကျူးလွန်မှုများကို နေ့ရက်၊ နေရာဒေသ၊ ကျူးလွန်ရာတွင် အသုံးပြုသည့် လက် နက်အမျိုးအစား၊ ကျ ည်ဆန်အမျိုးအစား၊..
ရ က်စ က်စွာ သ တ်ဖြ တ်မှုပုံစံများကို စစ်ဆေးထားပြီး အမှုအခင်းပေါင်း တစ်သိန်းခွဲကျော်ကို စစ်ဆေးပြီးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ယင်းသို့ အထောက် အထားများဖြင့်အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်များနှင့် ကျူးလွန်သူ ၎င်းတို့တပ်ဖွဲ့ဝင်များကို…
နိုင်ငံတကာတရားရုံးသို့ ခေါ်ဆောင်သွားမည်ဖြစ် ကြောင်း၊ စစ်ကောင်စီ၏ ရာဇဝတ်မှုများကို ကမ္ဘာသို့ထုတ်ပြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။”
ဖြစ်ရပ်တစ်ခုခြင်းစီ မှတ်ပုံတင်ထား ဘာဖြစ်၊ ဘယ်နေရာ၊ ဘ ယ်သူပြောလို့သိလဲဆိုတာသေချာလုပ်ထားပါတယ်” ဟု..ဒေါက်တာ ဆာဆာက သတင်းစာရှင်းလင်း ပွဲ ၌ ပြော သည်။အဆိုပါ သက်သေများသည် နိုင်ငံတကာစစ်ခုံရုံးသို့ တင်ရန် သက်သေများဖြစ်သည့်အတွက်နိုင်ငံတကာ
ဥပဒေပညာရှင်များ ငှားရမ်းလုပ်ဆောင်နေကြောင်းကိုလည်း ဒေါက်တာဆာဆာက ပြောသည်။…“စစ်ကောင်စီကိုရော စကစအတွက် လက်နက်ကိုင်ပြီး ပြည်သူထုကို သ တ်နေတဲ့ လူသ တ် သမား‌တွေကို သ တိပေးချင်တယ်။ ခင်ဗျားတို့ကို နိုင်ငံတကာစစ်ခုံရုံးမှာခေါ်သွားပြီး ငြင်းမရအောင်
ဖော်ဆောင်နေတာဖြစ်တ ယ် လို့ သတိပေးလိုတယ်” ဟု ဒေါက်တာ ဆာဆာက ပြော သည်။
စုစည်းရရှိထားတဲ့ အချက်အလက်များတွင်ထဲမှာ စစ်ကောင်စီ၏ ရက်စက်မှုများ ကျူးလွန်ခြင်း အသေး စိတ်နှင််အပြစ်မဲ့ပြည်သူများအပေါ် မည်သို့အကြ မ်းဖ က်သ တ်ဖြ တ်ခဲ့သည်များကို အသေးစိတ် ဖော်ပြထားကြောင်း ၎င်းကဆိုသည်။“ပြစ်မှုကျူးလွန်သူကိုထိုက်တန်တဲ့ အပြစ်မပေးနိုင်ရင် တရားမျှတမှုဆိုတာ
မြန်မာနိုင်ငံမှာ ဘယ်တော့မှရှိလာတော့မှာ မဟုတ်ပါဘူး” ဟု ဒေါက်တာ ဆာဆာက ပြောသည် ။အဆိုပါ သတင်းစာ ရှင်းလင်းပွဲ၌ NUG ကရရှိထားသည့် စစ်ကောင်စီ ကျူးလွန်မှု သက်သေများကို ထုတ်ဖော်ပြသခဲ့သည်။.
Crd-Original Post
(ZAWGYI)
Crd-Original Post