ဖခင်ဖြစ်သူက စစ်တပ်ထောက်ခံသူ ဖြစ်နေလို့ မိဘအဖြစ်မှ စွန့်လွှတ်လိုက်ကြောင်းကြေငြာလိုက်တဲ့ သားဖြစ်သူ ဆရာ၀န်လေးဆရာဝန်လေး

ဖခင်ဖြစ်သူက စစ်တပ်ထောက်ခံသူ ဖြစ်နေလို့ မိဘအဖြစ်မှ စွန့်လွှတ်လိုက်ကြောင်းကြေငြာလိုက်တဲ့ သားဖြစ်သူ ဆရာ၀န်လေးဆရာဝန်လေး

ရေးထားတာကတော့ လားရှိုးမြို့နေ ပြည်သူများ ကျွန်တော်၏ အပေါင်းအသင်းများနှင့် ဦးဇော်ဝမ်းအဖေဖြစ်ခဲ့ဖူးသူကျွန်တော် ဒေါက်တာ စိုင်းကောင်းထက်ဇော် ၏ ဖခင်အရင်းဖြစ်သူ

တကက ဇော်ဝမ်း ထောက်လှမ်းရေး ၉(ငြိမ်း)သည်ယ ခု အချိန်ကာလတွင် စစ်တပ်ထောက်ခံသူ ဖြစ်သည့်အပြင် မင်းအောင်လှိုင်၏ လုပ်ရပ်အား မှန်ကန် သည်ဟု ထောက်ခံ နေပါ သည်။

နိုင်ငံတော် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် အား ပုတ် ခတ်စွပ်စွဲ ပြောဆိုသည့် ပိုစ့်များအားလည်း အဆက်မပြတ်တင်လျက် ရှိပါသည်။ထို့အပြင် ကျွန်တော့ မိခင်၏ ယခုလက်ရှိစစ်အာဏာရှင်များအားမထောက်ခံကြောင်းဆန္ဒပြမှုများအပေါ်ခြိမ်း ခြောက် ဆဲဆိုသည်ကိုလည်း သိရပါသည်။ယခု အချိန်တွင် ဦးဇော်ဝမ်းသည်

အာဏာမရှိ လက်နက်မရှိ စစ်တပ်မြဝတီဘဏ်အစောင့် လုပ်နေသော်ညား ယခင် ထောက်လှမ်းရေးတပ်၉ စစ်မှု ထမ်းဟောင်း များနှင့် ဖွဲ့ စည်းကာ လားရှိုးမြို့ CDM လုပ်နေသူ များCDMဦးဆောင်နေသူများကို ဖြိုခွင်းမည်ဟုသွေးထိုးစစ်တပ်လော်ဘီ ပို့စ်များအား တွေ့မြင် ရပါသည်။

စစ်အာဏာရှင်ကို ဆန့်ကျင် နေသည့် ကျွန်တော့ အတွက် ဖခင် ၏ လုပ်ရပ်များသည် လွန်စွာ အကျည်းတန် ရှက်စရာ ကောင်းပါသည်။

သို့ဖြစ်ပါ၍ ဖခင်ဖြစ်သူ ဦးဇော်ဝမ်း တကက ဇော်ဝမ်း (ငြိမ်း) အား ယနေ့မှစ ကျွန်တော်၏အဖေအဖြစ် မသတ် မှတ်နိုင်ကြောင်း ၄င်းပြုပြုသမျှကိစ္စအရပ်ရပ်သည် ကျွန်တော် စိုင်းကောင်းထက်ဇော် နှင့် လုံးဝလုံးဝ မသက်ဆိုင် ပါကြောင်း ၄ပြုပြုသမျှကိစ္စအဝဝအားတာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း

ကြေညာ အပ်ပါသည်။ဆရာဝန် ဖြစ်အောင် ပြုစုပျိုးထောင် ပေးခဲ့ သော်လည်း ၄ ၏ လုပ်ရပ် များအား အကြိမ်ကြိမ် ဖြောင့်ဖြ သော်လည်း အဆင်မပြေသည့် အတွက် ခြေစုံကန် သည် ဟုလည်း သတ် မှတ်လိုကသတ်မှတ်နိုင်ပါသည်။

မိသားစု တစ်စုတစ်စည်းထဲပြန်ဖြစ်အောင် ကျွန်တော်အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်းမင်းအောင်လှိုင်၏ အာဏာသိမ်းမှုလုပ်ရပ်သည် ကျွန်တော်တို့ မိသားစုအား တစ်ပြိုတစ်ကွဲ ဖြစ်စေ ခဲ့ပါသည်။

အကြိမ် ကြိမ် စဉ်းစားကာ ဆုံးဖြတ် ချက် ပြတ်ပြတ် သားသား လုပ် ဆောင်ခြင်း ဖြစ်သောကြောင့် နှစ်သိမ့် အားပေးခြင်း ဆွေး နွေးဖြောင့်ဖျခြင်း သည်းခံပါ။

Crd-Original Post