ဒု-ကာချုပ် စိုးဝင်း ထိုင်ခုံ လု​တော့မည်​လော

ဒု-ကာချုပ် စိုးဝင်း ထိုင်ခုံ လု​တော့မည်​လော

၂၀၂၁ခုနှစ်၊ဇွန်လ၂၆ရက်။ရုရှား သို့ ​ရောက်ရှိ​နေ​သော အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်သည် ဇွန်လ (၂၅)ရက် ယမန်နေ့က ​လေယာဥ်ဖြင့် ပြန်လာခဲ့​ရမည် ဖြစ်​သော်လည်း လမ်းတွင် ပြန်လှည့် သွားခဲ့ရသည်ဟု သတင်းများ ထွက်​ပေါ်​နေ​သည်။

အစာအိမ်​ရောဂါ​ကြောင့်ဖြစ်သလို ရာသီဥတု​ကြောင့်ဟု ​ပြောဆိုမှုများရှိ​နေ​ပေမယ့် လှည့်ပြန်သွားရခြင်း အ​ကြောင်းစုံကို​တော့ မသိရှိရ​ပေ။ဒီ​နေ့မှာ ပြန်​ရောက်လာမယ်လို့လည်းသိရှိရပါတယ်။ထိုသို့ ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင် ရှိမ​နေချိန် ရန်ကုန်မြို့ အင်းလျားလမ်းရှိ မင်း​အောင်လှိုင်​ နေအိမ်နှင့် ဒုချုပ် စိုးဝင်းတို့အိမ်များရှိရာ

နေရာဝန်းကျင်တွင် ယမန်နေ့ညက လုံခြုံရေး စစ်ကားများ အများအပြား ရောက်ရှိနေခဲ့ကြသည်။အာဏာလု စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ယနေ့ နေ့လယ် ကမ္ဘာအေးဘုရားသို့ လာရောက်မည်ဟု လည်း သိရသည်။

ပြီးခဲ့သည့် နှစ်ရက်မှစတင်ကာကမ္ဘာအေး ဘုရားဝင်းအတွင်း လုံခြုံရေး တင်းကျပ်ထားခဲ့ပြီး မနေ့ကနှင့် ယနေ့ နံနက်ပိုင်းများတွင် လုံခြုံရေးယူရန် စစ်သားများ ရောက်ရှိနေခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ဆိုသည်။

ဒုကာချုပ် စိုးဝင်းသည် ယမန်နေ့ကလည်း ဦးဝိစာရလမ်း၊ ကန်တော်မင် (ဦးဥတ္တမ ပန်းခြံ) အနီးရှိ စစ်ဆေးရုံ (၂) သို့ လာရောက်ခဲ့သေးသည်။

အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်မရှိချိန် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှာ လုံ ခြုံ​ရေး အင်အား အပြည့် ဖြင့် ​ထိုသို့ ခြေရှုပ်​နေခြင်း ဖြစ်ပြီး ​ဝေဖန်သူတချို့က​တော့ တပ်တွင်း ပုန်ကန် အာဏာလုယူမှု ဖြစ်မည်ဟု ​ သုံးသပ်​နေကြခြင်းဖြစ်သည်။

Crd-Original Post