ရခိုင်တွင် ပိန္နဲသီးအထဲမှ ငှက်ပျောသီးများ ထူးဆန်းစွာထွက်ပေါ် ဝင်သာဖတ်ကြည့်တော့

ရခိုင်တွင် ပိန္နဲသီးအထဲမှ ငှက်ပျောသီးများ ထူးဆန်းစွာထွက်ပေါ် ဝင်သာဖတ်ကြည့်တော့

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျောက်တန်းကျေး ရွာအတွင်း ပိန္နဲပင်ရှိပိန္နဲသီးတစ်လုံးအထဲမှ ငှက်ပျော သီးများထူးဆန်းစွာ ထွက်ပေါ် လာသည်ဟုဆိုကာ လူများသွားရောက်ကြည့်ရှုနေကြသည်ဟု သတင်းရရှိသည်။

ကျောက်တန်းကျေးရွာရှိ ဒိုင်းနက်ရွာချေမှ ဦးထွန်းဝေ၏ အိမ်ခြံဝင်းမှ ပိန္နဲပင်ရှိ ပိန္နဲသီးတွင် ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့သြင်္ကန်ကာလအတွင်းက ငှက်ပျောသီး ၁၃ သုံးလုံးပါ ငှက်ပျောသီးတစ်ဖီးမှာ ထူးဆန်းစွာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ယင်းနေရာသို့ ရခိုင်ပြည်နယ်ရှိကျောက်တော်မြို့နယ်ပုဏ္ဏားကျွန်းမြို့နယ်နှင့်

မြောက်ဦးမြို့နယ်အပါအဝင် တခြားမြို့ နယ်အချို့တို့မှဆိုင်ကယ် ကားများဖြင့် တစ်နေ့ တစ်နေ့ လာရောက် ကြည့်ရှုကြသူများပြားနေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ လူမှုကွန်ရက်စာမျက်နှာတွင်လည်း ပျံ့နှံ့လျှက်ရှိသည်။လက်ရှိတွင်ယင်းကျေးရွာသားများကအဆို ပါ ပိန္နဲပင်အောက်၌ တရားပွဲဖြင့်အမွှေးနံ့သာများထွန်းကာ ပူဇော်ထားရှိကြောင်းလည်း သိရသည်။

Crd-Original Post