မန္တလေးတွင် လက်ဖက်ရည်ဆိုင်၌ PDF များ ဖမ်းဆီးနေပုံ ဇာတ်လမ်းဆင်ရိုက်
မန္တလေးတွင် လက်ဖက်ရည်ဆိုင်၌ PDF များ ဖမ်းဆီးနေပုံ ဇာတ်လမ်းဆင်ရိုက်
မန္တလေးမြို့ရှိ လက်ဖက်ရည်တစ်ခု၌ PDF အဖွဲ့များကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇာတ် လမ်းဆင် ရိုက်ကူးခဲ့ဟု ဒေသခံများ ထံမှ သိရ သည်။ယနေ့ ဇွန်လ ၂၆ရက် နေ့လည်ပိုင်းတွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မြဝတီမင်းကြီးလမ်း ၊…
သံလမ်းဘေးရှိ အာကာမင်း လက်ဖက်ရည်ဆိုင်အတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင်များက PDF များကို လက်ကိုင် ဗုံ း များနှင့်အတူ ဖမ်းဆီးရမိကြောင်း ရိုက်ကူးထားခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။” ဖမ်းတာက တကယ်မဟုတ်ဘူး။ သူတို့လူတွေချည်းပါပဲ ။
ဇာတ်လမ်းရိုက်တာလား။
ည၈ နာရီသတင်းမှာ ကြေ ညာဖို့ အတွက်လားတော့ မသိရဘူး “ဟု ၎င်းကပြော သည်။ မန္တလေးမြို့ အာကာမင်းလဖေ့ရည်ဆိုင်မှာ စစ်ကောင်စီတပ်သားတွေက PDF အဖွဲ့ဝင်တွေကို လ က် ပ စ် ဗုံ း တွေနဲ့လက်ပူးလက်ကြပ်မိတဲ့ပုံစံပေါ်နေတဲ့…
ဓါတ်ပုံတစ်ချို့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။
တချို့စာမျက်နှာမှာ Video မှတ်တမ်းတောင်ထွက်ပေါ်နေပါပြီ။အဲ့သည်ဓါတ်ပုံတွေမှာ အမျိုး သမီးစစ်သည်တွေပါ ပါဝင်နေပြီး လူထုကိုစစ်ကောင်စီဘက်က အရာအားလုံးအဆင်သင့်ဖြစ်နေပြီဆိုတဲ့..
ပုံစံမျိုး လုပ်ကြံဖန်တီးရိုက်ကူး ထားတာဖြစ်တယ်ဆိုတာ သေချာကြောင်း အမည်မဖော်လိုတဲ့ဇာတ် ညွှန်းရေးဆရာတစ်ယောက်ကပြောပါတယ်။
”ပုံတွေကြည့်ရင်သိသာပါတယ်ဗျာ ဒါဇာတ်ညွှန်းဇာတ်လမ်းဆင်လုပ်ထားတဲ့လုပ်ဇာတ်” လို့သူကပြောပါတယ်။..
ဓါတ်ပုံတွေဟာ တမင်လုပ်ကြံဖန်တီးပြီးရိုက်ကူးထားတာဖြစ်ပြီး ည၈:၀၀သတင်းအတွက်လုပ်ဆောင်နေတာဖြစ်နိုင်ကြောင်းလည်း ထင်ကြေးပေးသုံးသပ်နေကြပါတယ်။..
Crd-Original Post
(ZAWGYI)
ဇာတ်လမ်းရိုက်တာလား။
Crd-Original Post