ကျောက်ကပ်ရောင်ခြင်းအတွက်ဆေးတစ်ခွက်

ကျောက်ကပ်ရောင်ခြင်းအတွက်ဆေးတစ်ခွက်

လယ်ကန်စွန်းရိုးနီ (၁၅) ကျပ်သား ထန်ဖိုဦးထန်းလျက်( ၁၀) ကျပ်သားကို ရေသန့် သုံးလီတာနဲ့ ရောကျိုပါ ကျိုတဲ့အခါ ပထမ ထန်းလျက်ခဲကို ရေတစ်လီတာနဲ့ ပျော်သွားအောင် ကျိုပါ ထန်းလျက်ခဲအရည် ပျော်သွားရင် အမှိုက် ဂဲ, သဲ တွေကို စစ်ထုတ်ပစ်လိုက်ပါ

ထို စစ်ထုတ်ပြီးသား ထန်းလျက်အရည်ကို ဒန်အိုးထဲပြန်ထည့်ပြီး ထန်းလျက်အရည် တက်လာတဲ့နေရာကို မှတ်သားထားပြီး ကန်စွန်းရွက်ရိုးနီကို ခွေထည့်ပါ ပြီးတော့ ရေနှစ်လီတာလောင်း ထည့်ပါ

ခရီးဆောင် တစ်ယောက်သုံး ရေသန့်ဘူးနဲ့ ခြင်ပြီထည့်ရင် ရပါတယ်

ရေထည့်ရင်ရေသန့်ဗူးမှရေကိုသာသုံးပါ

ပုံမှန်မီးတောက်နဲ့ ကျိုပါ။ သုံးမိနစ်ရှိရင်အဖုံးဖွင်ြ့ပီးကျိုပါ။ ပထမ စကျိုတုန်းက မှတ်ထားတဲ့နေရာ ရေကျန်ပြီဆိုရင် ခပ်ထည့်ပါ

အအေးခံပြီး ရေဆာတိုင်း သောက်ပေးပါ ဒီဆေးရည်မှအပအခြား ရေမသောက်ရပါ ထမင်းစားစဉ် ဟင်းရည်သောက်ပါက အာသာပြေရုံပဲ သောက်ပေးပါ

ကနစြှနြးရှကကြို လယထြဲမှ တူးတဲ့အခါအမှဈပါပါလာအောငြ သခွောတူးပါ ကနစြှနြးရှကြ ပဉျစငါးပါးဆိုပမယေ့ြ အမှဈပါရငြ ရပါတယြ။ ဆိုငကြရောငြးတဲ့ ကနစြှနြးရှကရြိုးနီက အမှဈမပါဘူးနောြ သတိထားပါ

ထန်းလျက်ထည့်တဲ့အခါ သောက်သုံးသူ အချို အလေး အပေါ့သောက်နိူင်ရုံ အတိုးအလျော့ လုပ်လို့ရပါတယ်

ရောဂါဖြစ်တဲ့သူက တစ်နေ့ကို ရေသန့်ဘူးနဲ့ နှစ်ဘူးသောက်လို့ကုန်ရင် ဆေးရည်အသားတင်နှစ်ဘူးရအောင် ကျိုပြီး သောက်ပေးပါ

ရောဂါရှင်ဟာ ဒီဆေးရည်ကို တစ်လတိတိ နေ့စဉ်မှန်မှန်သောက်ပေးသွားမယ်ဆိုရင် ကျောက်ကပ်ရောင် ကျောက်တည်တာ အမြစ်ပြတ်ပျောက်ကင်းပါတယ်ဗျာ

ကန်စွန်းရွက်ကို ခဏသိမ်းထားတဲ့အခါရေစိမ်ပြီး သိမ်းမထားရပါ။ သန်စင်အောင် ဆေးပြီးတာနဲ့ ရေစိုအဝတ်တစ်ခုခုထဲမှာ ထည့်ပြီး သိမ်းထားပါ

ကျိုပြီးသားဆေးရည် (၂၄)နာရီကျော်ရင် ချဉ်လာတတ်ပါတယ်။ အဲဒီဆေးရည်မျိုးကိုတော့ မသောက်နဲ့တော့

ယခုဒီဆေးရည် သောက်မယ့်သူမှာ ဆီးချို သွေးချိုရောဂါရှိရင် ထန်းလျက်ပါရုံလေး ထည့်ကျိုပြီး သောက်ပါ

မိုးရာသီမြာရတဲ့ လယ်ကန်စွန်းရွက်ကို ကျိုတဲ့အခါမှာ အရွက် နည်းနည်းရိသွားတာနဲ့ မီးဖိုပေါ်မှချ၊ အအေးခံပြီး သောက်နိူင်ပါတယ်

ဦးသိန်းနိူင် ဇမ္ဗူသီရိ နေပြည်တော်ထံက ရတဲ့ ဆေးနည်းဖြစ်ပါသည်

Crd-Original Post

(ZAWGYI)