ဆီးရောဂါနှင့် အသားအရေအတွက် သခွါးသီးရည်အစွမ်း

ဆီးရောဂါနှင့် အသားအရေအတွက် သခွါးသီးရည်အစွမ်း

သခွားသီးအရည် သံပရာရည် တစ်ဇွန်းနှင့် ရေအေးရောစပ်ကာ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့ လိမ်းပေးပါက ဆီးနှင့် အသားပူခြင်း ရောဂါများ ပျောက်ကင်းနိုင်အသားအရေပူ သူများ ဆီးရော ဂါနှင့် အမျိုးသမီးများ ဓမ္မတာ သွေးပုပ်ကျန်သည့် အမျိုးသမီး ရောဂါများကို ခံစားနေရပါက မိမိ အိမ်တွင်း၌ပင် ကုသပျောက်

ကင်းစေနိုင်သည့် သဘာဝ သစ်သီးများနှင့် ဆေးကုသနည်း တစ် ရပ်ကို ရေးသား ဖော်ပြလိုက်ရပါသည်သခွားသီးတစ်လုံးကို အစေ့ထုတ်၍ အရည်ရသလောက် ညှစ်ယူထားပြီး သံပရာရည် တစ်ဇွန်းနှင့် ရေအေးအေးတွင် ရောစပ်ကာ သမအောင်မွှေပြီးလျှင် မျက်နှာနှင့်ခြေ၊ လကခန္ဓာကိုယ်မကျန် လိမ်းကျံပေးခြင်းအားဖြင့်

အသားအရေ ချောမွတ်စိုပြည် လာပြီး ပူနေသည့်အသားကို အေးမြလာစေမည် ဖြစ်သည်နေ့စဉ်ညအိမ်ရာဝင်တိုင်း အမြဲပြု လုပ် ပေးပါက မျက်စိကြည်လင်ခြင်းအပြင် ဆီးရောဂါနှင့် ဓမ္မတာ သွေးပုပ်ကျန် အမျိုးသမီးများ အတွက် ရောဂါများကို ပျောက်ကင်းစေနိုင်သည်ဟု ဆေးသုတေသန မှတ်တမ်းများအရ သိရ သည်

အခုနောက်ပိုင်း ရောဂါတစ်ခုခုဖြစ်ရင်ပဲ ဖြစ်ဖြစ် ဝေဒနာတစ်ခုခုဖြစ်ရင်ပဲ ဖြစ်ဖြစ် ဆေး ခန်း ကိုသွားပြီး မပြချင်ကြဘူး အိမ်ထဲမှာပဲ ဆေးမြီးတိုတွေနဲ့ ကျိတ်ကုကြတယ်ဒါကကောင်း တော့ မကောင်းဘူး အနာနဲ့ဆေးမတည့်ရင် ရောဂါတွေ ပိုဆိုးလာမယ်

ဒါပေမဲ့ သဘာဝသစ်သီးတွေနဲ့ ကုသရင်တော့ ဘေးထွက်ဆိုးကျိုး မရှိနိုင်ပါဘူးဟု တိုင်းရင်း ဆေးသမားတော်ကြီး ဒေါ်သီသီထွန်းက ပြောသည်အရေပြားဆိုင်ရာ ချောမွတ်လာစေရန်နှင့် ဝင်းဝါသော အသားအရောင် အေးမြသော ကိုယ်ရေ ကိုယ်သားတို့ကို ရရှိစေရန်အတွက် မက် မွန်သီးတစ်လုံး နှစ်လုံးကို ရေနွေးဖြောပြီး

အစေ့ထုတ်ကြိတ်၍ အရည်ညှစ်ယူထားကာ သံပရာ ရည် ခရမ်းချဉ်သီးရည်နှင့် လက်ဖက်စိုရည် တစ်ဇွန်းစီ ရောမွှေရမည်ဖြစ်သည ယင်းနောက် မိမိခန္ဓာကိုယ်ကို သုတ်လိမ်းပေးမည် ဆိုပါက အဆီပြန်ခြင်း ကင်းဝေးသွားပြီး အေးမြသည့် အသားအရေကို ပိုင်ဆိုင်ရရှိလာမည် ဖြစ်သည်

ထို့အပြင် ပါးရေ တွန့်ခြင်းနှင့် အရေပြားဆိုင်ရာ ပြယုဂ်တစ်ခု ဖြစ်သော နဖူးရေ တွန့်ခြင်းတို့မှာလည်း လိမ်ညာ၍မရသည့် အရေပြားလျော့ရဲသည့် လက္ခာဏာ တစ်ရပ်ဖြစ်ပြီး ထိုအရေးအကြောင်းများနှင့် အသားရေ တွန့်ခြင်းတို့ကို ပြေပျောက်စေ မည့် နည်းလမ်းမှာ ဂေါ်ဖီထုပ် အလယ်ရွက်ဖြစ်သော အရည်ရွှမ်းမည့်

အရွက်သုံးရွက်ခန့်ကို သန့် စင်အောင် ဆေးကြော၍ ပျားရည်လက်ဖက်ရည် တစ်ဇွန်းနှင့် ရေထည့်ကာ သမအောင်မွှေ၍ အရည်ရအောင် ညှစ်ယူလိုက်ပြီး ရရှိသောအရည်ကို မျက်နှ လက်မောင်း လည်ပင်းနှင့် ခြေ လက်တို့ကို လိမ်းကျံပေးခြင်းဖြင့် အရေပြားတွန့်ခြင်းကို သက်သာစေနိုင်မည် ဖြစ်သည်

Crd-Original Post