ကချင်တပ်တော် ကေအိုင်အေ မှ မြို့တွင်းတိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်၍ နိုးနိုးကြားကြားရှိရန် သတိပေး

ကချင်တပ်တော် ကေအိုင်အေ မှ မြို့တွင်းတိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်၍ နိုးနိုးကြားကြားရှိရန် သတိပေး

ကချင် တိုင်းရင်းသား တပ်တော် ကေအိုင်အေမှ ပြန်ကြားရေး အရာရှိ ဗိုလ်မှူးကြီး နော်ဘူးမှ ယခုအခါ ပြည်သူ များက အာဏာသိမ်းတပ်များကို နေရာအနှံ့ လက်နက်စွဲကိုင် တော်လှန်ကြတော့မည် ဖြစ်၍ မြို့ပေါ်နေ ပြည်သူများ အနေဖြင့် အထူး သတိဝီရိယ ဖြင့် နေထိုင်ကြရန် သတိပေးလိုက်ပြီ ဖြစ်သည်။

လွတ်လပ်ရေး ရပြီး နောက် ပထမဆုံး အကြိမ် အဖြစ် ပြည်သူများကလည်း တိုင်းရင်းသား လက်နက်ကိုင်များကို တခဲနက် ထောက်ခံလာကြပြီ လည်း ဖြစ်သည်။

၎င်း အဆိုအရ အာရှ-ပစိဖိတ် ဒေသရှိ အင်အားအကြီးမားဆုံး စစ်တပ်ကြီး တခုအား တော်လှန် မောင်းထုတ်ရန် မြန်မာ လူငယ်လေးများက ပြင်ဆင်နေကြပြီ ဖြစ်သည်။ထို့အတွက် လုံခြုံရေးစည်း ပေါက်မသွားရန် တင်းကျပ်စွာ ထိန်းသိမ်းထားနိုင် ခြင်းသည်သာ တိုက်ပွဲ တဝက် အောင်မြင်ပြီး ဖြစ်သည်။

ရုရှားသည် ကွန်ပျူတာ စနစ် နှင့် ဆက်သွယ်ရေးပိုင်း တွင် အမေရိကန် တို့ လက်မှိုင်ချလောက်အောင် အစွမ်းပြ နိုင်ခဲ့ကြသူများ ဖြစ်ပြီး ထိုသို့သော Hackers များကို အဖွဲ့အစည်း တခု၏ အသွင်အဖြစ် မသိမသာ မွေးမြူ လေ့ကျင့် ထားပြီးလည်း ဖြစ်သည်။

ထိုသို့သော ရုရှား ပညာရှင်များက မိမိတို့၏ လုံခြုံရေး စည်းကို ကောင်းစွာ ထိုးဖေါက်နိုင်စွမ်း ရှိသူများ ဖြစ်သည်။ ယခင် နည်းပညာ ဟောင်းများနှင့် လိုင်းပေါ်တွင် သုံးမိနစ်ကျော်ကြာ စကားပြောမိလျှင်ပင် မိမိတို့ တည်ရှိရာ နေရာကို ခြေရာခံနိုင်စွမ်း ရှိနေပေသည်။

PDF လူငယ်များ အနေဖြင့် အသက်ကို ရင်း၍ တိုက်ပွဲဝင်နေကြရသဖြင့် လုံခြုံရေး သတိ ကြီးစွာ ထားရမည်ဖြစ် သည်။ အထူးသဖြင့် ဖုန်း အသုံးပြုခြင်းကို ရှောင်ရှားသင့်သည်။

သတင်းသမားများကတော့ ၎င်းတို့ အလုပ်ဖြစ် သည့် သတင်းရရှိရေး အတွက် လက်ကုန် နှိုက်ထုတ်ကြမည်သာ ဖြစ်ရာ ထိုသို့ သတင်းများ ထုတ်ပြန်ရေး အတွက် လွတ်မြောက်နယ်မြေများတွင် ရှိသူများကိုသာ တာဝန်ပေးသင့်သည်။ ကုန်ကုန်ပြောရလျင် စားဖို့ သောက်ဖို့ ဝယ်ခြမ်းရမည် ဆိုလျှင် တလုံးတခဲတည်း

မဝယ်မိစေရန် နှင့် နေရာပြောင်း၍ ဝယ်ရန်လည်း သတိထားရမည် ဖြစ်သည်။အာဏာသိမ်း အဖွဲ့သည် အာဏာသိမ်းပြီး လေးရက်အကြာကပင် ဩစတေးလျှ နိုင်ငံသား ဖြစ်သူ စီးပွားရေး ပါမောက္ခ ရှောင်တန်းနယ်လ်ကိုလည်း ရုံးတင် စစ်ဆေးခြင်း မရှိဘဲ ဖမ်းဆီးထားသည်မှာ ယခုအထိပင် ဖြစ်သည်။

နိုင်ငံတွင်း အခြေအနေများ ဆိုးဝါးသည်ထက် ဆိုးဝါးလာနေပါက ရုရှား နှင့် တရုတ်သည် မျက်နှာ ပြောင်တိုက်ကာ ဗီတို အာဏာ ဖြင့် ကာကွယ်ပေးနိုင်စွမ်း ရှိမည်မဟုတ်တော့ပေ။ ၎င်းတို့ အဖို့ကလည်း နိုင်ငံတကာ ဆက်ဆံရေးတွင် တာဝန်သိသော နိုင်ငံများ အဖြစ် ထင်မြင်လာစေရန် ကြိုးပမ်းနေကြရသူ များလည်း ဖြစ်သည်။

ဆီရီးယား ပြည်တွင်း စစ်တွင်ပင် ကုလ အဖွဲ့အစည်းများ၏ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ကို အာဆတ် အစိုးရမှ တဆင့် မဟုတ်ဘဲ ဝင်ရောက် ပေးကမ်းနိုင်ရန် လုံခြုံရေး ကောင်စီ ၏ ဆုံးဖြတ်ချက်ကို တရုတ် နှင့် ရုရှားက ဗီတိုမသုံးဘဲ ကြားနေမဲဖြင့် ခွင့်ပြုခဲ့ရပြီး ဖြစ်သည် ဆိုသော သာဓက များက

အထင်အရှား ပင်ဖြစ်သည်။

အာဏာသိမ်း အဖွဲ့သည် အိုင်စီဂျေတွင် တရားစွဲဆို ခံနေရမှုကို ဆက်လက် ရင်ဆိုင်နိုင်ရန် ဝဏ္ဏမောင်လွင် ဦးဆောင်သည့် ရှစ်ဦးပါ အဖွဲ့ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ ဒုဥက္ကဌ အဖြစ် ကိုကိုလှိုင်ကို ရွေးချယ်ခဲ့သည်။ ကျန် အဖွဲ့ဝင်များ အဖြစ် ဝင်းရှိန်၊ သီတာဦး၊ ကျော်မျိုးထွဋ်၊ ခင်ဦးလှိုင် နှင့် စစ်တပ်ဖက်မှ ရာပြည့်၊

မျိုးဇော်သိန်းတို့ ပါဝင်ကြောင်း ဧရာဝတီ သတင်း တွင် ဖေါ်ပြထားသည်။အမျိုးသား ညီညွတ်ရေး အစိုးရကမူ အိုင်စီဂျေတွင် မြန်မာ အရေးကို ဆက်လက် ခုခံ ချေပသွားတော့မည် မဟုတ်၊ အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောဆိုလာခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံသည် စစ်တပ်ကို ရင်ကြားစေ့နိုင်ရန် ကြိုးပမ်းသည့် အနေဖြင့် ဟိတ်ဂ်သို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက်ပြီး ခုခံ ချေပပေးခဲ့သော်လည်း နောက်ပိုင်းတွင် ကျေးဇူးကန်းသည့် အပြောအဆိုများ ကြောင့် စစ်တပ်ကို စိတ်ကုန်လာစေခဲ့သည့် အရင်းခံ အကြောင်းရင်းတခု ဖြစ်သွားခဲ့ရသည်။

Crd-Original Post