အင်းလေးကန်ကြီးအတွင်​းမှရွာတစ်​ရွာရှိ အလွန်အင်မတန်ကို​​​ထူးခြားလွန်း​လှတဲ့ ကြောင်ခုန်ကျောင်း

အင်းလေးကန်ထဲကရွာတစ်ရွာဖြစ်တဲ့ငါးဖယ်ချောင်းရွာက ငါးဖယ်ချောင်းဘုန်းကြီးကျောင်းပါ။အင်းလေးထဲမှာနှစ်ရှည်ကျောင်းလည်းဖြစ်ပါတယ်။မန္တလေးနန်းမြို့မဆောက်ခင်၃နှစ်စောပြီး

ဆောက်ခဲ့တယ်လို့သိရပါတယ်။

အရင်ကဘုန်းဘုန်းတွေ၊တရားကျင့်၊တရားထိုင်၊ လုပ်ပြီးအားလပ်ချိန်တွေမှာကျောင်းမှာရှိတဲ့ကြောင်လေးတွေကိုဝါးကွင်းလေးထဲဝင်အောင်ခုန်ကျင့်ပေးကြပါတယ်။

အဲဒီလိုနဲ့ Tourist တွေအတွက်ခရီးထွက်ရင် Information ပေးလေ့ရှိတဲ့နာမည်ကြီးခရီးသွားလမ်းညွှန်စာအုပ်ထုတ်နေတဲ့ထုတ်ဝေသူတွေရောက်လာပြီး

ငါးဖယ်ချော.င်းဘုန်းကြီးကျောင်းကိုJumping Cat Monastery ဆိုပြီးရေးခဲ့ကြပါတယ်။

နောက် ပိုင်း မူလအမည်ငါးဖယ်ချောင်းလို့မခေါ် တော့ပဲကြောင်ခုန်ကျောင်းဆိုပြီးခေါ်ကြပါတယ်။ နောက်ပိုင်းဘုန်းကြီးကျောင်းကကြောင်တွေကို

မခုန်ဖို့နိုင်ငံတကာတိရိစ.္ဆာန်ချစ်မြတ်နိုးသူများအသင်းကတောင်းဆိုခဲ့ တာနဲ့ယခုလက်ရှိကျောင်းထိုင်ဆရာတော်ရှေ့ကဆရာတော်ဟာကြောင်လေးတွေကိုဆက်မခု.န်ခိုင်းတော့ပဲအနားယူခို.င်းလိုက်တာယခုအချိန်အထိပါပဲ။

အခုတော့ Cat Retired Monastery ဆိုပြီးဒေသခံတစ်ချို့ကစနောက်ပြီးခေါ်နေကြပါပြီ ။တကယ်လည်းကြောင် လေး တွေ အား လုံးပင်စင်ယူသွားကြပါပြီလေ။

Crd-Original Post

(ZAWGYI)









Crd-Original Post