အဆို​တော် “ရေမွန်” ကို လွမ်းဆွတ်သတိရခြင်းအထိန်းအမှတ် သစ်ပင်စိုက်ကမ်ပိန်းတခုကို လွတ်​​မြောက်နယ်​မြေတ​နေရာတွင်ပြုလုပ်ခဲ့တဲ့ နိုဗန်ထူး

အဆို​တော် “ရေမွန်” ကို လွမ်းဆွတ်သတိရခြင်းအထိန်းအမှတ် သစ်ပင်စိုက်ကမ်ပိန်းတခုကို လွတ်​​မြောက်နယ်​မြေတ​နေရာတွင်ပြုလုပ်ခဲ့တဲ့ နိုဗန်ထူး

အဆို​တော် “ရေမွန်” ကို လွမ်းဆွတ်သတိရ​နေခြင်းတွေအတွက် သစ်ပင်စိုက်ကမ်ပိန်းတခုကို လွတ်​​မြောက်နယ်​မြေတ​နေရာတွင် အဆို​တော် နိုဗန်ထူးမှ ဦး​ဆောင်ပြုလုပ်ခဲ့ပါသည်။

စစ်​ကောင်စီကို ဆန့်ကျင်ခဲ့သူ၊ Idiotsအဖွဲ့ဝင်အဆိုတော် ရေမွန်​ခေါ် တွတ်ပီ သည် ​နွေဦး​တော်လှန်​ရေး မပြီးဆုံးခင် လွတ်​မြောက်နယ်​မြေတ​နေရာမှာပဲ ကျန်းမာရေးအခြေအနေကြောင့် ဆုံးပါးသွားခဲ့ရခြင်းဖြစ်သည်။

ရေမွန်ကို သတိရခြင်းတွေရဲ့ အထိမ်းအမှတ်တွေနဲ့အတူ ကမ္ဘာမြေကို အကျိုးပြုစေတဲ့ သစ်ပင်တွေကို ကိုယ်စီစိုက်ပျိုးကြဖို့ ” Raymond Tree “ဆိုတဲ့ သစ်ပင်စိုက်ကမ်ပိန်းလေးကို ဒီကနေ့မှာပဲ စတင်ခဲ့ပါတယ်။

ရေမွန်နဲ့ ညီအစ်ကိုလို ခင်မင်ရင်းနှီးခဲ့သူ အဆိုတော် နိုဗန်ထူးက ဒီကမ်ပိန်းလေးရဲ့ စတင်မှုအဖြစ် လွတ်မြောက်နယ်မြေမှာ သစ်ပင်အချို့ကို စတင်စိုက်ပျိုးခဲ့ပါတယ်။

“ဒီသစ်ပင်လေးတွေမှာတော့ ရေမွန်ရဲ့ အရိုးပြာအချို့ကိုပါ ထည့်သွင်းစိုက်ပျိုးခဲ့ပါတယ်” ရေမွန်(ခ)တွတ်ပီကို လွမ်းဆွတ်သတိရကြတဲ့ မည်သူမဆို ဒီသစ်ပင်စိုက်ကမ်ပိန်းလေးမှာပါဝင်ရင်း

ကိုယ်တိုင်စိုက်တဲ့ သစ်ပင်လေးနဲ့ ဓာတ်ပုံရိုက်ပြီး ‘ Raymond Tree’ဆိုတဲ့ကမ်ပိန်း​လေးမှာ ပါဝင်ဆင်နွဲကြဖို့အ​ကြောင်း လည်း နိုဗန်ထူးမှ ဖိတ်​ခေါ်ခဲ့ပါ​သေးတယ်။

Crd-Original Post