သတင်းရင်းမြစ်တွေအရ တပ်တွင်းမှာ အောက်ခြေ ပိုင်းဟာ တော်တော်လေး စိတ်ဓာတ်ကျဆင်းနေ

သတင်းရင်းမြစ်တွေအရ တပ်တွင်းမှာ အောက်ခြေ ပိုင်းဟာ တော်တော်လေး စိတ်ဓာတ်ကျဆင်းနေ

ကိုယ့်လူကို ကိုယ်ပြန်လိမ်နေရတဲ့ မအလရဲ.ဘဝသုံးခုထက်ပိုတဲ့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေအရတပ်တွင်းမှာ အောက်ခြေ ပိုင်းဟာ တော်တော်လေး စိတ်ဓာတ်ကျဆင်းနေတာ အမှန်တရားပါ။

( တပ်ထဲမှာ D day ကို တိတ်တိတ်လေး မျှော်နေကြတဲ့ အဖွဲ.တွေကလည်း သူ. အစု နဲ. သူ ခပ်လျှိုလျှိုနဲ. ရှိနေကြပါတယ်။ NUG အနေနဲဒီဟာကို

တပ်က CDM လုပ်လာတဲ့ ဗိုလ်ကြီး ညီသုတတို.လို ပြည်သူ. တပ်မတော်သားများနဲ. ဆွေးနွေးတိုင်ပင်ပြီး သေချာ ပြင်ဆင် လုပ်ဆောင်ဖို. လိုနေတာ အမှန်ပါ။)

မအလတို.အနေနဲ. အထက်ကပြောတဲ့ တပ်တွင်း စိတ်ဓာတ်ပျက်နေတာကို သိလို. သတင်းတွေထဲကနေ တပ်ထဲက မျက်စိပိတ် နားပိတ်

တစ်စု ( တပ်ထဲက လူတိုင်း အဲ့လို မဟုတ်ပါ ) လိမ်ဖို. အစွမ်းကုန် ကြိုးစားနေတာကို ဒီရက်ပိုင်းမှာ MRTV နဲ. MWDတို.မှာ အထင်အရှား မြင်ခဲ့ရပါပြီ။

ကုလမဲခွဲပွဲမှာ အကြီးအကျယ် အရှက်ကွဲခဲ့ရတာနဲ.ပဲ ရုရှားက ကာကွယ်ရေးဝန်ကြီးလောက် တက်ရတဲ့ အစည်းအဝေးကို တက်ပြီး ပူတင်ကြီးက

လက်ခံမလားဆိုတာကို ကြိုးစားပါသော်လည်း ဟိုက စာထုတ်ပြီး ငြင်းတာ ခံခဲ့ရတဲ့ အပြင် ပူတင် အနံ.ရှုဖို.တောင် အခွင့်မရပဲ ဗွီဒီယိုကနေပြီ ပူတင်စကားပြောတာကို ဖူးမျှော်ခွင့်ပဲရခဲ့တာပါ။သူ.ကို သနားပြီး ရုရှားက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ.ပေးတာကိုလည်း သတင်းမှာ ပြတာကတော့ အတော်ကို ရယ်စရာ ကောင်းတဲ့ အဆင့် ရောက်သွားခဲ့တာပါ။

မအလ ခင်ဗျာမှာလည်း စစ်သား တစ်ယောက် ဖြစ်ပြီး သူရသတ္တိနဲ. ဆိုင်တဲ့ ဘွဲ. ကလွဲလို. ကျန်တဲ့ ဘွဲ.တွေ အတော်ရတာတော့ တော်တော် ရယ်စရာကောင်းတဲ့ အဖြစ်ပါ။

ထိုက်တန်တယ်ဆိုတာထက် သနားလို. အပေးခံရတဲ့ ဘွဲ.တွေဟာ တကယ်တော့ ရှက်စရာဘွဲ.တွေ ဖြစ်တယ်ဆိုတာ သူတကယ် မသိတာလား။

သူ.ကို ပူတင်က လက်မခံပဲ ကာကွယ်ရေး ဝန်ကြီး နဲ. အတူ ဂုဏ်ပြုတပ် စစ်ခဲ့ရတဲ့ အဖြစ်ကို အခဲမကျေတော့ ရုရှားလက်အောက်ခံ Tartarstanတာတာစတန် နိုင်ငံကို သွားပြီး အဲ့က အမည်ခံ သမ္မတနဲ. တွေ.ပြီး ဓာတ်ပုံရိုက်ပြီး သတင်း ဖန်တီးပါတယ်။

အဲ့ နိုင်ငံက ကုလ မှာ မဲခွဲတုန်းက ဘယ်များရောက်နေလဲ မေးရင် ဖြေရခက်မှာ မအလ မသိလေရော့သလား။ အခုဆိုလည်း တပ်ထဲက လူတွေ သိသင့်သလောက် သိကုန်ကြပါပြီ။

တပ်ပြင်ကို ကြည့်မယ်ဆိုလည်း တပ်မတော်ထောက်ခံသူများ ဆိုတဲ့ သူတွေဟာ စိတ်ဓာတ်ကျပြီး လိုင်းပေါ်အော်တယ်ဆိုတာကတော့ မထူးဆန်းပါ။ အင်အားကြီးသူပြေးကပ်မယ်ဆိုတဲ့ သူများအားကိုးတတ်တဲ့သူတွေအနေနဲ.အခု အချိန်မှာ ကိုယ်ခြေပေါ်ကိုယ်ရပ်ပြီး ဒလံတွေကို သမနေတဲ့ ပြည်သူ. တပ်မတော် PDF တွေကို

ကြောက်တာက သဘဝကျပါတယ်။

သတ္တိမရှိလို. ကပ်ဖားလုပ်ကြတဲ့သူတွေလေ။ အခုတော့ သူတို. သိပြီလေ သူတို. အထင်ကြီးတဲ့ မအလက သူတို.ကို အချိန်ပြည့် မကာကွယ်နိုင်တော့ဘူးဆိုတာလေ။

PDF တွေကလည်း နိုင်ငံအနှံ. တစ်ဖွဲ.နဲ. တစ်ဖွဲ. ချိတ်ဆက်ပြီး ဒလံရှင်းလင်းရေး ကို တိုးမြှင့်လုပ်နေတဲ့ပုံကို ပိုတွေ.လာရတယ်။

နယ်စည်းမခြားဆိုတဲ့ ဒလံရှင်းလင်းရေး အဖွဲ.ကလည်း ပိုထိရောက်လာတာ အထင်သားတွေ.နေရတယ်။တကယ်တော့ ဒလံ ရှင်းလင်းရေးဟာ နံပါတ် ၁ အရေးကြီးဆုံးပဲ။

ကျနော် လူသတ်တာ အားမပေးပါဘူး။ ဒါပေမယ့် လူကောင်းတွေ နဲ. အပြစ်မရှိတဲ့သူတွေရဲ. ဘဝတွေ မလုံခြုံ ပဲ အသက်တွေဆုံးရှုံး ရမယ့် အဖြစ်ကနေ ကယ်တင်ဖို.ကတော့ ဒလံကို မဖြစ်မနေ ရှင်းရမှာ အမှန်ပါ။

တပ်ထဲက ပြည်သူ.စစ်သားတွေကိုယ်တိုင် ဒလံ ရှင်းလင်းရေးကို ပေါ်တင်အားပေးတဲ့ အထိ ဖြစ်လာနေတာ သိတဲ့သူတွေလည်း သိနေကြပါပြီ။

အဲ့တော့ ဒလံလုပ်နေသူများကို ပြောချင်တာ မကောင်းတဲ့ အလုပ်တွေကို ရပ်တန်းက ရပ်ပါ။ မဟုတ်ရင် ကိုယ်တိုင် မသန်မစွမ်းဖြစ်ရင် ဖြစ် မဟုတ်ရင် ငရဲကျရုံတင်မကဘူး လူ.လောကမှာ ကျန်ခဲ့မယ့် မိသားစုဝင်တွေဟာလည်း သားစဉ်မြေးဆက် ခေါင်းမဖော်ရဲတဲ့ ဘဝ ရောက်သွားမှာပါ။

စကားမစပ် ဟိုနေ.က မန်းတိုက်ပွဲမှာ အဆောက်အဦးမှာ ကျည်ရာတောင် မရှိဘူး ဆိုပြီး သုံးသပ်နေကြတဲ့သူတွေဟာ အဲ့နေရာတောင် သွားမကြည့်ပဲ ပြောနေတာ ထင်ရှားနေပါတယ်။

အဲ့ကျည်ရာတွေကို တွေ.တဲ့သူတွေခမျာလည်း အထပ်ထပ်ရှင်းပြနေရတာ တော်တော်လေးတောင် မောနေပါပြီတဲ့ခင်ဗျာ။ သေချာ သိမှ သုံးသပ်ပြောကြတာ ကောင်းမယ်ထင်ပါတယ်။

မူးယစ်နဲ. မအလ နဲ. ဆက်နွယ်မှုတွေကြောင့် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ပြောနေကြတာနဲ. ပတ်သက်ပြီးတော့ လောလောဆယ်မှ ဘာမှ သုံးသပ်ပြီး မပြောချင်သေးပါ။

နိုင်ငံတကာ သတင်းတွေမှာ မအလကို မူးယစ်ခေါင်းဆောင်ဆိုပြီး အမေရိကန် ကြေငြာတယ်ဆိုတာတော့ အခု ပို.စ်ရေးချိန်အထိ မတွေ.သေးပါ။ ဒီပြဿနာ မဖြစ်နိုင်ဘူးလို. ငြင်းနေတာ မဟုတ်ပါဘူး။

အရမ်းကို ရှုပ်ထွေးပြီး နက်နဲတဲ့ အမှုဆိုတာကတော့ သိသာလွန်းလို. လောလောဆယ်တော့ စောင့်ကြည့်ကြပါလို.ပဲ ပြောချင်ပါသေးတယ်။

Crd-Original Post